top of page

Jimmy Choo EDT Perfume for Women

# 10ml decant (glass sprayer) - K 30,000

# 10ml decant (aluminium sprayer) - K 33,000

# 37ml decant (glass sprayer) - K 99,000

ဒီရေမွှေးကတော့ modern floral-fruity ရနံ့မျိုးပါ။ စစဆွတ်လိုက်ရင် သစ်တော်သီး၊ ချင်း (ginger) နဲ့ green notes တွေရဲ့ လန်းဆန်းတဲ့အနံ့ကိုရတယ်။

ခဏနေရင် Taif နှင်းဆီ နဲ့ သစ်ခွပန်းနံ့ သင်းသင်းလေးကထွက်လာပြီး မိန်းကလေးဆန်တဲ့ ခံစားမှုကိုပေးတယ်။ နောက်ဆုံးမှာတော့ သစ်သားနံ့လေးနဲ့ Virginia Cedar နံ့လေးက အဝတ်မှာစွဲကျန်ခဲ့ပြီး classy ဖြစ်တဲ့ ခံစားမှုမျိုးပေးပါတယ်။

🌿 ဘယ်သူတွေနဲ့လိုက်ဖက်လဲ?

Style ရှိပြီး ခေတ်ဆန်တဲ့၊ ပျော်ပျော်နေတတ်တဲ့ မိန်းကလေးတွေနဲ့ အရမ်းလိုက်ဖက်ပါတယ်။ strong ဖြစ်သလို playful ဖြစ်တဲ့ character မျိုးရှိတဲ့သူတွေ သုံးဖို့ကောင်းတယ်။

🌿 ဘယ်အချိန်တွေဆွတ်ဖို့ကောင်းလဲ?

သူက light ဖြစ်တာကြောင့် အနံ့ကအရမ်းမပြင်းဘူး။ နေ့ဘက်တွေမှာ နေ့စဉ်သုံးဖို့ (everyday use) အရမ်းအဆင်ပြေတယ်။ ရုံးသွားတာ၊ သူငယ်ချင်းတွေနဲ့ date တာ၊ shopping ထွက်တာမျိုးတွေနဲ့ဆို လုံးဝကွက်တိပဲ။ အနံ့က လန်းဆန်းတဲ့ဘက်ကိုသွားတာမို့ ပူတဲ့နေရာ ရာသီဥတုနဲ့ဆို ပိုပြီးလိုက်ဖက်ပါတယ်။

// 10ml & 37ml decant တွေပဲ ရပါတယ်။

@ Official website -

https://www.yangonbrandedperfume.com/product-page/jimmy-choo-women

// Decant ဆိုတာက ကျွန်တော်တို့ဆီမှာရောင်းတဲ့ 100ml, 200ml စတဲ့ ပုလင်းအကြီး (Full-size Original Bottle) တွေထဲကနေ ပမာဏနည်းနည်းကို ပုလင်းအသေးလေးတွေ (ဥပမာ 10ml, 37ml) ထဲ ပြန်ခွဲထည့်ထားတာကို ခေါ်တာပါ။

💡 Decant တွေကို ဘာလို့သုံးသင့်လဲ?

✔️ ပုလင်းအကြီး မဝယ်ခင် အနံ့ကိုအရင် စမ်းသုံးကြည့်လို့ရတယ်။

✔️ အိတ်ထဲ၊ အိတ်ကပ်ထဲထည့်ပြီး သယ်သွားရတာ ပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေတယ်။

✔️ ဈေးကြီးတဲ့ရေမွှေးတွေကို ဈေးသက်သက်သာသာနဲ့ စမ်းသုံးခွင့်ရတယ်။

❗သိထားသင့်တဲ့ အချက်လေးတွေ

👉 Original ဘူးခွံ၊ ပုလင်းလှလှလေးတွေ မပါတဲ့အတွက် လက်ဆောင်ပေးဖို့တော့ အဆင်မပြေပါဘူး။

👉 ကိုယ်တိုင်စမ်းသုံးဖို့ (testing) ဒါမှမဟုတ် အလွယ်တကူ ပေါ့ပေါ့ပါးပါးသုံးဖို့အတွက်ပဲ ရည်ရွယ်ပါတယ်။

Jimmy Choo EDT Perfume for Women 10ml / 37ml Decant

MMK 99,000Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page