top of page

John Varvatos Artisan EDT Perfume for Men 125ml - K 249,000 (In stock)

နေပူထဲမှာသွားစရာရှိလို့ဖြစ်ဖြစ်၊ Gym မှာအားကစား လုပ်ဖို့ပဲဖြစ်ဖြစ် အနံ့ပြင်းမှာကိုလုံးဝပူစရာမလိုပဲ စိတ်တိုင်းကျ ဆွတ်နိုင်တဲ့ လန်းဆန်းတဲ့ aromatic citrus ရနံ့အမျိုးသားရေမွှေးဖြစ်ပါတယ်။

🌀 အဓိကပါဝင်တဲ့ရနံ့တွေကတော့ refreshing ဖြစ်တဲ့ လိမ္မော်သီးရနံ့တွေ လိမ္မော်ပွင့်ရနံ့တွေ နဲ့ ဂျင်ဂျာရနံ့ တွေဖြစ်ပြီး စိမ်းလန်းတဲ့ herbal scent တွေဖြစ်တဲ့ Marjoram နဲ့ Thyme ရနံ့ / ရေမွှေးကိုအနံ့သင်းသွားအောင်ပြန်ထိန်းပေးတဲ့ လာဗန်ဒါ နဲ့ စံပယ်ရနံ့ တွေအပြင် base အနေ့နဲ့ Musk ရနံ့ Woodsy Notes နဲ့ Amber ရနံ့ပေါ့ပေါ့လေးတွေပါပါတယ်။

🌀 ရေမွှေးပုလင်းပုံစံကလည်း တခြားရေမွှေးတွေနဲ့လုံးဝမတူဘဲထူးခြားနေပါတယ်။ အထဲကဖန်ပုလင်းကိုအပြင်က ကြိမ်နှင့်ကွပ်ပြီးအုပ်ထားတဲ့အတွက် လုံးဝကိုဆန်းပြားတဲ့ဒီဇိုင်းဖြစ်ပါတယ်။

🌀 ဒီရေမွှေးရနံ့ကလဲ သုံးဖူးသမျှတခြားရေမွှေးတွေနဲ့လုံးဝမတူဘဲ ရေမွှေးဆွတ်ရမှာ သိပ်မကြိုက်တဲ့သူတွေ၊ ရေမွှေးအနံ့ပြင်းပြင်းမကြိုက်တဲ့သူတွေ၊ fresh ဖြစ်တဲ့ရေမွှေးကြိုက်ပေမယ့်အချဉ်ရနံ့ အရမ်းကဲတာကိုမကြိုက်တဲ့သူတွေအတွက် အဆင်ပြေဆုံးဖြစ်မယ့် soft citrus note တွေကို opening မှာတင် herbal note တွေနဲ့ ဖြေထားပေးတဲ့ well-balanced citrus scent ဖြစ်ပါတယ်။

Top notes - Clementine Orange, Tangerine Orange, Marjoram and Thyme

Middle notes - Orange Blossom, Ginger, Lavender and Jasmine

Base notes - Musk, Woodsy Notes and Amber

Made in USA

Sealed original retail packaging (125ml)

Official website -

https://www.yangonbrandedperfume.com/product-page/john-varvatos-artisan

John Varvatos Artisan EDT Perfume for Men 125ml / 10ml

K249,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page