top of page

John Varvatos Artisan Pure EDT Perfume for Men (In stock / Made in USA)

# 125ml Retail Packaging - K 259,000

# 125ml Tester Packaging - K 239,000

 

အရမ်းပူတဲ့အချိန်တွေမှာတောင် သုံးလို့ကောင်းတဲ့ citrus aromatic ရနံ့အမျိုးအစားဖြစ်ပြီး ပျားလိမ္မော်၊ ပန်းလိမ္မော်၊ လီမွန်၊ တောရှောက်၊ စမုန်ဖြူရွက်၊ Marjoram၊ လိမ္မော်ရွက်စိမ်း၊ ဂျင်ဂျာ ရနံ့တွေ အဓိကပါဝင်ပြီး Woody Notes၊ Musk နဲ့ Orris Root ရနံ့တွေလဲ ပါပါတယ်။

🌿 ဒီရေမွှေးရဲ့ main character ဖြစ်တဲ့ light citrus note တွေကြောင့် အပူချိန်ပြင်းလေ ပိုကောင်းလေဖြစ်ပါတယ်။ ရာသီပူတဲ့အချိန် ချွေးထွက်များတဲ့အချိန် တွေမှာပဲသုံးသင့်ပြီး ဒီလိုအချိန်တွေမှာသုံးမှသာ citrus aromatic notes တွေက ရုပ်လုံးကြွမှာဖြစ်ပါတယ်။ အေးတဲ့အချိန်တွေမှာသုံးရင် နဲနဲ flat ဖြစ်တယ်လို့ခံစားရပါမယ်။

✅ Fresh and light ဖြစ်တဲ့ရေမွှေးမို့ ရေမွှေးတစ်ပုလင်းထဲသာရှိပြီး အဲဒီတစ်ပုလင်းကိုပဲကို နေ့ညရာသီမရွေးသုံးမယ်ဆိုရင်တော့ ဒီရေမွှေးကိုမရွေးသင့်ပါဘူး။ ပူတဲ့အချိန်သုံးဖို့ သီးသန့်လုပ်ထားတာမို့ heavy woody note တွေ incense note တွေမပါတဲ့အတွက် ရေမွှေး ၂ချက် ၃ချက်ဆွတ်ပြီး မနက်က ညထိ ခံစေချင်တဲ့ သူမျိုးတွေအတွက်လဲ မဟုတ်ပါဘူး။

✅ ရနံ့ကောင်းတဲ့ better scent quality ကိုပိုပြီး ဦးစားပေးသူတွေ (Hermes Jardin series ကိုသုံးသူမျိုးတွေ၊ Acqua Di Parma Blu Mediterraneo series သုံးသူမျိုးတွေ) ၊ ကိုယ်ဖြတ်သွားတဲ့နေရာတိုင်းမှာ refreshing scent trail လေးကျန်ခဲ့စေဖို့ သုံးနာရီတစ်ခါလောက် respray လုပ်နိုင်သူတွေ၊ overspray လုပ်ဖို့ဝန်မလေးသူတွေဆိုရင် ဒီရေမွှေးကအရမ်းအဆင်ပြေပါတယ်။

✅ သူ့မှာပါတဲ့ fresh ဖြစ်စေတဲ့ရနံ့တွေက performance ကောင်းအောင်သက်သက် aroma chemical တွေကိုမတရားများအောင်လည်း ထည့်ထားတာမဟုတ်လို့ တချို့ fresh type ရေမွှေးတွေလို သံပရာနံ့စူးစူးကြီးထိုးထွက်နေတာမဟုတ်ပဲ ဖြစ်တဲ့ elegant ဖြစ်တဲ့ classy ရနံ့သင်းသင်းမို့ ရေမွှေးသိပ်မသုံးတဲ့သူမျိုးကို လက်ဆောင်ပေးမယ်ဆိုရင်တောင် အဆင်ပြေပါတယ်။

Size ကလဲ 125ml ဆိုဒ်ကြီးမို့ သုံးပျော်တဲ့ဈေးပါ။

Official website -

https://www.yangonbrandedperfume.com/product-page/john-varvatos-artisan-pure

John Varvatos Artisan Pure EDT Perfume for Men 125ml

MMK 259,000Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page