top of page

Al Wataniah Kayaan Classic Eau de Parfum

100ml - K 215,000 (In stock)

​သူ့ရဲ့ အဓိကရနံ့ကတော့ Iris ပါပဲ။ အဖွင့်မှာ လိမ္မော်သီးနဲ့ Bergamot ကြောင့် လန်းဆန်းမှုအနည်းငယ် ပေးပေမဲ့ ခဏလေးအတွင်းမှာပဲ အလွန်နူးညံ့တဲ့ lipstick-like Iris note ဆီကို ကူးပြောင်းသွားပါတယ်။ Base မှာတော့ Vanilla နဲ့ သစ်သားရနံ့ (Sandalwood) တို့က ခရင်မ်လို ပျော့ပျောင်းတဲ့ ရနံ့ကို ပေးပါတယ်။

✅ Dior Homme Intense နဲ့တူတယ်လို့ပြောကြပြီး အရမ်းမြင့်တဲ့ Fragrantica rating 4.6 out of 5 ရထားပါတယ်။ DHI ကိုသုံးဖူးတဲ့သူတွေကတော့ ဒါမျိုးအနံ့ကိုသိပြီးသားမို့ စဉ်းစားစရာမလိုဘဲဝယ်နိုင်တဲ့ powdery ဖြစ်တဲ့ iris ရနံ့မျိုးဖြစ်ပါတယ်။

ဒါကြောင့် တန်ဖိုးသင့်တင့်ပြီး အရည်အသွေးမြင့်တဲ့ ရေမွှေးရှာနေတဲ့သူတွေအတွက်တော့ အလွန်သင့်တော်ပါတယ်။

✅ Soft & intimate ဖြစ်တဲ့ အမျိုးအစားဖြစ်လို့ Performance မတရားပြင်းပြင်း ကြိုက်သူတွေအတွက် အဆင်မပြေပါဘူး။ Macerate နှစ်လလောက်လုပ်ထားလိုက်ရင် နည်းနည်း performance ပိုကောင်းလာပေမယ့် beast mode ရေမွှေးတော့မဟုတ်ပါဘူး။

✅ အနီးဆုံးဥပမာပြောရရင် D&G The One EDP လိုပဲ intimate encounter တွေအတွက်ပိုပြီးသင့်တဲ့ရေမွှေးဖြစ်ပါတယ်။ ရုံးမှာမို့ ရနံ့ပြင်းပြင်းမသုံးချင်တဲ့သူတွေ airline cabin crew/ dental surgeon/ therapist/ gym instructor တွေလိုလူတွေနဲ့အရမ်းနီးနီးကပ်ကပ် အလုပ်လုပ်တဲ့သူတွေဆိုရင်လည်း အဆင်ပြေပါတယ်။

✅ သူက Sophisticated ဖြစ်ပြီး အထူးသဖြင့် ညနေခင်း အချိန်အခါသမယတွေ (Date night) အတွက်လဲ အရမ်းကောင်းပါတယ်။ အနံ့က DHI လိုပဲ fragrance newbie တွေအတွက် feminine နည်းနည်းဆန်တယ်လို့ ခံစားရနိုင်ပေမဲ့ manly style ရှိတဲ့ယောကျာ်းလေးတွေ သုံးရင်တော့ ပိုပြီး Gentleman ဆန်တဲ့ ပုံစံကို ပေးပါတယ်။

✅ ​ရန်ကုန်ရဲ့ ရာသီဥတုအတွက်တော့ အဲကွန်းခန်းထဲမှာပဲ သုံးဖို့ အကြံပြုလိုပါတယ်။ စျေးနှုန်းနဲ့ အရည်အသွေးကို ချိန်ထိုးရင်တော့ ပေးရတဲ့စျေးထက် ပိုတန်တဲ့ ရေမွှေးတစ်ခုပဲ ဖြစ်ပါတယ်။

Official website -

https://www.yangonbrandedperfume.com/product-page/kayaan-classic

Video review -

https://youtu.be/eBbc9jJo1wA

Made in UAE / Sealed original retail packaging

Al Wataniah Kayaan Classic Eau de Parfum for Men 100ml

MMK 215,000Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page