top of page

Kenzo Flower Eau de Parfum for Women 100ml - K 319,000 (In stock)

ပန်းရနံ့လေးတွေကို ကြိုက်ပေမယ့် သာမန်ပန်းနံ့လို မဖြစ်ဘဲ နူးညံ့သိမ်မွေ့ပြီး ကိုယ်ပိုင်အလှတရားရှိတဲ့ ရနံ့မျိုးကို ရှာနေတယ်ဆိုရင် Flower by Kenzo EDP လေးကို စမ်းကြည့်သင့်ပါတယ်။

ဒီရေမွှေးက ပန်းရနံ့ကို အဓိကထားပေမယ့် ပေါင်ဒါဆန်ဆန် နူးညံ့တဲ့ခံစားချက်နဲ့ Vanilla ရဲ့ ချိုမြိန်မှုလေးပါ ပေါင်းစပ်ထားတာပါ။ မိန်းကလေးဆန်ဆန်၊ သန့်သန့်ရှင်းရှင်းနဲ့ တည်ငြိမ်တဲ့ Elegance မျိုးကို ပေးနိုင်ပါတယ်။

🌸 စစဖျန်းလိုက်တာနဲ့ Pink Pepper ရဲ့ စပ်စပ်လေးနဲ့ အသက်ဝင်တဲ့အနံ့က ပန်းရနံ့လေးကို ပိုပြီးစိတ်ဝင်စားစရာကောင်းစေတယ်။

🌹 အလယ်ပိုင်းမှာတော့ Damascena Rose ရဲ့ နူးညံ့ပြီး အာရုံခံစားမှုကို ဆွဲဆောင်နိုင်တဲ့ နှင်းဆီရနံ့လေးက အဓိကနေရာယူထားပါတယ်။

🍦 နောက်ခံမှာ Vanilla ရဲ့ ချိုမြိန်နွေးထွေးမှုနဲ့ White Musk ရဲ့ သန့်ရှင်းပေါ့ပါးတဲ့အနံ့လေးတို့ ပေါင်းပြီး Powdery Floral ရနံ့လေး ဖြစ်လာစေတယ်။

👗 ရုံးသွားတာ၊ နေ့စဉ်အပြင်ထွက်တာ၊ Date လုပ်တာနဲ့ မင်္ဂလာပွဲလို အခမ်းအနားတွေမှာပါ လိုက်ဖက်တယ်။ အထူးသဖြင့် သပ်သပ်ရပ်ရပ်နဲ့ မိန်းကလေးဆန်တဲ့ ဝတ်စားဆင်ယင်မှုတွေနဲ့ အရမ်းလိုက်ဖက်ပါတယ်။

💗 ပန်းရနံ့ကြိုက်သူတွေ၊ Powdery scent ကြိုက်သူတွေနဲ့ ချိုမြိန်မှုကို အလွန်အကျွံမဖြစ်စေဘဲ နူးညံ့သိမ်မွေ့တဲ့ ရနံ့မျိုးကို နှစ်သက်သူတွေအတွက် ရွေးချယ်သင့်တဲ့ ရေမွှေးလေးပါ။

✅ ဒီရေမွှေးရဲ့နောက်ထပ်အားသာချက်တစ်ခုက သူ့ရဲ့ပုလင်းက refillable ဖြစ်တဲ့အတွက် ရေမွှေးကုန်သွားတဲ့အခါ ကိုယ့်မှာရှိတဲ့တခြား refill/ recharge ပုလင်းထဲက ရေမွှေးတစ်ခုခုကို ပြန်ထည့်သုံးလို့ရပါတယ်။

ပန်းတစ်ပွင့်လို လှပဖို့ အမြဲတမ်း အရောင်တောက်ပနေဖို့ မလိုပါဘူး။ တစ်ခါတလေ နူးညံ့သိမ်မွေ့တဲ့ ရနံ့လေးတစ်ခုကလည်း ကိုယ့်ရဲ့အလှတရားကို တိတ်တဆိတ် ပိုပြီးပေါ်လွင်စေနိုင်ပါတယ်။ 🌺

Made in France

Sealed original retail packaging

Official website -

https://www.yangonbrandedperfume.com/product-page/kenzo-flower

Kenzo Flower Eau de Parfum for Women 100ml

MMK 319,000Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page