top of page

Kenzo Homme Intense EDT Perfume for Men (In stock)

# 100ml - K 259,000

# 10ml decant (glass sprayer) - K 32,000

# 10ml decant (aluminium sprayer) - K 34,000

# 10ml decant (aluminium twist sprayer) - K 36,000

# 30ml decant (glass sprayer) - K 87,000

Kenzo Homme Intense ကတော့ မြန်မာရာသီဥတုအတွက် သုံးလို့အဆင်ပြေမယ့် နောက်ထပ်ရေမွှေးတစ်မျိုးပါပဲ။ သံပရာတို့ လိမ္မော်တို့လို citrus အနံ့တွေမပါဘဲ လန်းဆန်းတဲ့ sea note ပင်လယ်ရေအနံ့ နဲ့ sandalwood ရနံ့ကို အသားပေးထားတဲ့ အမျိုးသားသုံး ပြင်သစ်ရေမွှေးဖြစ်ပါတယ်။

ရိုးရိုး sea note based ပင်လယ်ရနံ့ရေမွှေးနဲ့ သိပ်မတူဘဲ spice တွေ၊ နွေးထွေးတဲ့ သစ်သားအနံ့တွေ၊ ပြီးတော့ မသိမသာ ချိုမြမြ subtle sweetness လေးလည်း နည်းနည်းပါသေးတယ်။ ခေတ်ဆန်တဲ့ နွေရာသီသုံးရေမွှေးတစ်ခုမှာ ပါရမည့် ရနံ့ component တွေနဲ့လုပ်ထားတာမို့ သုံးရတာလည်း လွယ်ပါတယ်။

ရိုးရိုး citrus note နဲ့ရေမွှေးတွေကိုမကြိုက်တာပဲဖြစ်ဖြစ် ကိုယ့်မှာ citrus ရနံ့ ရေမွှေးတွေ အများကြီးရှိပြီးသားမို့ ပိုပြီးဆန်းတဲ့ ရာသီမရွေးသုံးလို့အဆင်ပြေမယ့် ရနံ့တစ်မျိုးကို ရှာနေရင်ပဲဖြစ်ဖြစ် လန်းဆန်းပြီး ထူးခြားတဲ့အနံ့ဖြစ်တဲ့ Kenzo Homme Intense ကို စမ်းကြည့်သင့်တယ်။

စဖြန်းလိုက်ရင် လန်းဆန်းပြီး ပေါ့ပါးတဲ့ ပင်လယ်ရေအနံ့က စစချင်းမှာတင် ပင်လယ်ကမ်းခြေကို ရောက်သွားသလို ခံစားရတယ်။ Pink pepper ကလည်း စွမ်းအင်ပြည့်ဝတဲ့ အနံ့လေးကို ပေးပြီး ပိုပြီးနက်ရှိုင်းတဲ့ ခံစားချက်ကိုပါ ပေးတယ်။

သုံးလိုက်ပြီး ခဏအကြာမှာ အနံ့က တဖြည်းဖြည်း ပြောင်းလာပြီး creamy coconut နဲ့ fig အနံ့တွေထွက်လာတယ်။ အရမ်းကြီးချိုမသွားဘဲ နည်းနည်းလေး အပူပိုင်းဒေသအငွေ့အသက်လေးကို ပေးတယ်။ နေရောင်ထိထားသလို နူးညံ့တဲ့ အနံ့လေးက လန်းဆန်းတဲ့ ပင်လယ်ရေအနံ့ကို အရမ်းကြီးမွှန်မနေစေပဲ ပိုပြီး အနုပညာဆန်ဆန်နဲ့ သုံးရတာ လွယ်စေတယ်။

Kenzo Homme Intense ရဲ့ အဓိကကောင်းတဲ့နေရာကတော့ နောက်ဆုံးကျန်ခဲ့တဲ့ base အနံ့ပဲ။ မြန်မာအများစုကြိုက်ကြတဲ့ sandalwood ရနံ့၊ မီးခိုးရောင် vetiver၊ မြေကြီးအနံ့ patchouli၊ ပြီးတော့ ယောကျာ်းဆန်တဲ့ musky-woody အနံ့ Ambroxan က ကြာရှည်ခံပြီး stylish ဖြစ်တဲ့ ရနံ့ကို ပေးတယ်။ ပင်လယ် ရနံ့နဲ့ spice ရနံ့တွေ၊ သစ်သားအနံ့တွေ၊ ပြီးတော့ ချိုမြမြလေးကို အချိုးကျကျ ရောထားတာကြောင့် ခေတ်ပေါ်ဆန်ပြီး သန့်ရှင်းတဲ့ ခံစားချက်ကို ပေးတယ်။

တစ်ခုပြောချင်တာက တချို့လူတွေက ဒီအနံ့ကို ကြာလာရင် မရတော့ဘူးလို့ ထင်ကြတယ်။ ဒါပေမဲ့ စိတ်ချပါ၊ နာရီပေါင်းများစွာ အကြာကြီးခံတယ်။ ကျနော် ၃ ရက်လောက်စမ်းသုံးတဲ့အခါ အသားပေါ်မှာဆိုရင် ၆ နာရီလောက်ခံပြီး၊ cotton t-shirt ပေါ်မှာဆိုရင် ၁၂ နာရီထက်ပိုပြီးတောင်ခံတယ်။ လန်းဆန်းပြီး ကြာရှည်ခံလို့ တစ်နေကုန်သုံးဖို့ အဆင်ပြေတယ်။

သူ့နောက်မှာထွက်တဲ့ Kenzo Homme Eau de Parfum ကလည်း ဘက်စုံသုံးလို့ရတဲ့ ရေမွှေးတစ်မျိုးဖြစ်ပေမဲ့၊ ဒီ Intense က ပိုပြီးပေါ့ပါးပြီး နေရာမရွေး အချိန်တိုင်းသုံးလို့ရအောင် လုပ်ထားတဲ့ ဖြစ်တဲ့အတွက် အရမ်းပူတော့မယ့်အခုလာမယ့်နွေရာသီမှာသာ ကောင်းတာမဟုတ်ဘဲလန်းဆန်းမှုနဲ့ နက်ရှိုင်းမှုကို မျှအောင် ရောထားတာကြောင့် တစ်နှစ်ပတ်လုံးသုံးလို့ရတယ်။ Aircon ရှိတဲ့အခန်းထဲမှာသုံးရင်လည်း တချို့ summer perfume တွေလို အေးတဲ့အခါ flat ဖြစ်မသွားဘဲ Performance က EDP နဲ့တန်းတူကိုရပါတယ်။

ထူးခြားတဲ့ နွေရာသီရေမွှေးတစ်မျိုးဆိုတဲ့ဖီလင်ကို တစ်ရက်လောက် စမ်းသုံးကြည့်လိုက်တာနဲ့ သိသိသာသာပေးတယ်။ လန်းဆန်းပြီး ခေတ်ဆန်တယ်၊ ပေါ့ပေါ့ပါးပါးနဲ့ သုံးရတာလွယ်ပါတယ်။ နောက်ထပ်သူ့ရဲ့အားသာချက်တစ်ခုက 110ml ဆိုဒ်ပုလင်းနဲ့လာတာမို့ ပုံမှန် 100ml ပုလင်းတွေထက် 10% ပိုများပါတယ်။

ဒီရေမွှေးကို ရုံးရဲ့နံရံတွေကြား ကွန်ကရစ်တောအုပ်ကြီးထဲမှာတောင် ပင်လယ်ရဲ့ လေနုအေးကို ခံစားချင်တဲ့ business executive တွေ / ရိုးရိုးရှင်းရှင်းနဲ့ စတိုင်လ်ကျတဲ့၊ ဘယ်သူနဲ့မှ မတူတဲ့ ကိုယ်ပိုင်စတိုင်လ်ကို ဖန်တီးချင်သူတွေ / သူများတွေသုံးတဲ့ ရေမွှေးနံ့တွေနဲ့မတူဘဲ ကွဲနေတဲ့ ကိုယ်ပိုင် signature ရနံ့ကိုသုံးချင်တဲ့သူတွေကို recommend လုပ်ပါတယ်။

*ဒီရေမွှေးရဲ့ နောက်ထပ်ထူးခြားချက်တစ်ခုကအမျိုးသားသုံးဖြစ်ပေမယ့် သူ့ရဲ့ note composition က unisex ဖက်ကိုပိုပြီးသွားတာမို့ sandalwood ရနံ့ကို သဘောကျတဲ့ အမျိုးသမီးတွေပါ လွယ်လွယ်ကူကူသုံးလို့ရပါတယ်။*

Kenzo Homme Intense က ပူပြင်းတဲ့နေ့တွေကို ကျော်ဖြတ်ဖို့ လက်နက်ကောင်းတစ်ခုဆိုတာ ပြောရဲပါတယ်။ ပင်လယ်လေနုအေးနဲ့ နွေးထွေးတဲ့ သစ်သားရနံ့တွေက မြို့ပြရဲ့ အငွေ့အသက်တွေကို ခဏ မေ့သွားစေပြီး ငြိမ်းချမ်းတဲ့ ကမ်းခြေလေးဆီ ခေါ်ဆောင်သွားနိုင်စွမ်းရှိတယ်။ ရိုးရိုးရှင်းရှင်းနဲ့ စတိုင်လ်ကျတဲ့ ရနံ့ကို ရှာနေသူတွေအတွက် ဒါဟာ အကောင်းဆုံးရွေးချယ်မှုတစ်ခုပဲ။ တစ်နှစ်ပတ်လုံး သုံးလို့ရသလို ကြာရှည်လဲခံတဲ့ ဒီရေမွှေးက သုံးတဲ့သူတွေကို အမြဲတမ်း ယုံကြည်မှုအပြည့်ရှိနေစေမှာပါ။

ဒီရေမွှေးရဲ့ master perfumer ဖြစ်တဲ့ Quentin Bisch က JPG Le Male Elixir အပါအဝင် Le Male series / La Belle series/ Marc-Antoine Barrois Ganymede/ Ganymede Extrait / Gucci Guilty Elixir/ Ex Nihilo ရေမွှေး တော်တော်များများ / Etat Libre d'Orange ရေမွှေး တော်တော်များများ / Chloe Nomade / Carolina Herrera Bad Boy series/ Good Girl series အပါအဝင် လူသိများပြီး ထူးခြားတဲ့ ရေမွှေးကောင်းတွေ အများကြီးဖန်တီးခဲ့သူ ဖြစ်ပါတယ်။

Made in France

Sealed original retail packaging (for 110ml)

Official website -

https://www.yangonbrandedperfume.com/product-page/kenzo-homme-intense

Kenzo Homme Intense EDT Perfume for Men 110ml

K259,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page