top of page

Kenzo Homme Intense (In stock)

# 110ml - K 339,000

# 10ml decant (glass sprayer) - K 44,000

# 10ml decant (aluminium sprayer) - K 47,000

# 37ml decant (glass sprayer) - K 139,000

Kenzo Homme Intense ကတော့ မြန်မာရာသီဥတုအတွက် သုံးလို့အဆင်ပြေမယ့် နောက်ထပ်ရေမွှေးတစ်မျိုးပါပဲ။ သံပရာတို့ လိမ္မော်တို့လို citrus အနံ့တွေမပါဘဲ လန်းဆန်းတဲ့ sea note ပင်လယ်ရေအနံ့ နဲ့ sandalwood နံ့သာရနံ့ကို အသားပေးထားတဲ့ ပြင်သစ်ရေမွှေးဖြစ်ပါတယ်။

🌿 ရိုးရိုး sea note based ပင်လယ်ရနံ့ရေမွှေးနဲ့ သိပ်မတူဘဲ spice တွေ၊ နွေးထွေးတဲ့ သစ်သားအနံ့တွေ၊ ပြီးတော့ မသိမသာ ချိုမြမြ subtle sweetness လေးလည်း နည်းနည်းပါသေးတယ်။ ခေတ်ဆန်တဲ့ အပူပိုင်းသုံးရေမွှေးတစ်ခုမှာ ပါရမည့် ရနံ့ component တွေနဲ့လုပ်ထားတာမို့ သုံးရတာလည်း လွယ်ပါတယ်။

🌿 ရိုးရိုး citrus note နဲ့ရေမွှေးတွေကိုမကြိုက်တာပဲဖြစ်ဖြစ် ကိုယ့်မှာ citrus ရနံ့ ရေမွှေးတွေ အများကြီးရှိပြီးသားမို့ ပိုပြီးဆန်းတဲ့ ရာသီမရွေးသုံးလို့အဆင်ပြေမယ့် ရနံ့တစ်မျိုးကို ရှာနေရင်ပဲဖြစ်ဖြစ် လန်းဆန်းပြီး ထူးခြားတဲ့အနံ့ဖြစ်တဲ့ Kenzo Homme Intense ကို စမ်းကြည့်သင့်တယ်။

🌿 စဖြန်းလိုက်ရင် လန်းဆန်းပြီး ပေါ့ပါးတဲ့ ပင်လယ်ရေအနံ့က စစချင်းမှာတင် ပင်လယ်ကမ်းခြေကို ရောက်သွားသလို ခံစားရတယ်။ Pink pepper ကလည်း စွမ်းအင်ပြည့်ဝတဲ့ အနံ့လေးကို ပေးပြီး ပိုပြီးနက်ရှိုင်းတဲ့ ခံစားချက်ကိုပါ ပေးတယ်။

🌿 သုံးလိုက်ပြီး ခဏအကြာမှာ အနံ့က တဖြည်းဖြည်း ပြောင်းလာပြီး creamy coconut နဲ့ fig အနံ့တွေထွက်လာတယ်။ အရမ်းကြီးချိုမသွားဘဲ နည်းနည်းလေး အပူပိုင်းဒေသအငွေ့အသက်လေးကို ပေးတယ်။ နေရောင်ထိထားသလို နူးညံ့တဲ့ အနံ့လေးက လန်းဆန်းတဲ့ ပင်လယ်ရေအနံ့ကို အရမ်းကြီးမွှန်မနေစေပဲ ပိုပြီး အနုပညာဆန်ဆန်နဲ့ သုံးရတာ လွယ်စေတယ်။

✅ Kenzo Homme Intense ရဲ့ အဓိကကောင်းတဲ့နေရာကတော့ နောက်ဆုံးကျန်ခဲ့တဲ့ base အနံ့ပဲ။ မြန်မာအများစုကြိုက်ကြတဲ့ sandalwood ရနံ့၊ မီးခိုးရောင် vetiver၊ မြေကြီးအနံ့ patchouli၊ ပြီးတော့ luxury ဆန်တဲ့ musky-woody အနံ့ Ambroxan က ကြာရှည်ခံပြီး stylish ဖြစ်တဲ့ ရနံ့ကို ပေးတယ်။ ပင်လယ် ရနံ့နဲ့ spice ရနံ့တွေ၊ သစ်သားအနံ့တွေ၊ ပြီးတော့ ချိုမြမြလေးကို အချိုးကျကျ ရောထားတာကြောင့် ခေတ်ပေါ်ဆန်ပြီး သန့်ရှင်းတဲ့ ခံစားချက်ကို ပေးတယ်။

✅ တစ်ခုပြောချင်တာက တချို့လူတွေက ဒီအနံ့ကို ကြာလာရင် မရတော့ဘူးလို့ ထင်ကြတယ်။ ဒါပေမဲ့ စိတ်ချပါ၊ နာရီပေါင်းများစွာ အကြာကြီးခံတယ်။ ကျနော် ၃ ရက်လောက်စမ်းသုံးတဲ့အခါ အသားပေါ်မှာဆိုရင် ၆ နာရီလောက်ခံပြီး၊ cotton t-shirt ပေါ်မှာဆိုရင် ၁၂ နာရီထက်ပိုပြီးတောင်ခံတယ်။ လန်းဆန်းပြီး ကြာရှည်ခံလို့ တစ်နေကုန်သုံးဖို့ အဆင်ပြေတယ်။

✅ သူ့နောက်မှာထွက်တဲ့ Kenzo Homme Eau de Parfum ကလည်း ဘက်စုံသုံးလို့ရတဲ့ ရေမွှေးတစ်မျိုးဖြစ်ပေမဲ့၊ ဒီ Intense က ပိုပြီးပေါ့ပါးပြီး နေရာမရွေး အချိန်တိုင်းသုံးလို့ရအောင် လုပ်ထားတဲ့ ဖြစ်တဲ့အတွက် ပူတဲ့အချိန်မှာသာ ကောင်းတာမဟုတ်ဘဲလန်းဆန်းမှုနဲ့ နက်ရှိုင်းမှုကို မျှအောင် ရောထားတာကြောင့် တစ်နှစ်ပတ်လုံးသုံးလို့ရတယ်။ Aircon ရှိတဲ့အခန်းထဲမှာသုံးရင်လည်း တချို့ summer perfume တွေလို အေးတဲ့အခါ flat ဖြစ်မသွားဘဲ Performance က EDP နဲ့တန်းတူကိုရပါတယ်။

✅ ထူးခြားတဲ့ fresh scent ရေမွှေးတစ်မျိုးဆိုတဲ့ဖီလင်ကို တစ်ရက်လောက် စမ်းသုံးကြည့်လိုက်တာနဲ့ သိသိသာသာပေးတယ်။ လန်းဆန်းပြီး ခေတ်ဆန်တယ်၊ ပေါ့ပေါ့ပါးပါးနဲ့ သုံးရတာလွယ်ပါတယ်။ နောက်ထပ်သူ့ရဲ့အားသာချက်တစ်ခုက 110ml ဆိုဒ်ပုလင်းနဲ့လာတာမို့ ပုံမှန် 100ml ပုလင်းတွေထက် 10% ပိုများပါတယ်။

✅ ဒီရေမွှေးကို ရုံးရဲ့နံရံတွေကြား ကွန်ကရစ်တောအုပ်ကြီးထဲမှာတောင် ပင်လယ်ရဲ့ လေနုအေးကို ခံစားချင်တဲ့ business executive တွေ / ရိုးရိုးရှင်းရှင်းနဲ့ စတိုင်လ်ကျတဲ့၊ ဘယ်သူနဲ့မှ မတူတဲ့ ကိုယ်ပိုင်စတိုင်လ်ကို ဖန်တီးချင်သူတွေ / သူများတွေသုံးတဲ့ ရေမွှေးနံ့တွေနဲ့မတူဘဲ ကွဲနေတဲ့ ကိုယ်ပိုင် signature ရနံ့ကိုသုံးချင်တဲ့သူတွေကို recommend လုပ်ပါတယ်။

✅ ဒီရေမွှေးရဲ့ နောက်ထပ်ထူးခြားချက်တစ်ခုကအမျိုးသားသုံးဖြစ်ပေမယ့် သူ့ရဲ့ note composition က unisex ဖက်ကိုပိုပြီးသွားတာမို့ sandalwood ရနံ့ကို သဘောကျတဲ့ အမျိုးသမီးတွေပါ လွယ်လွယ်ကူကူသုံးလို့ရပါတယ်။

✅ Kenzo Homme Intense က ပူပြင်းတဲ့နေ့တွေကို ကျော်ဖြတ်ဖို့ လက်နက်ကောင်းတစ်ခုဆိုတာ ပြောရဲပါတယ်။ ပင်လယ်လေနုအေးနဲ့ နွေးထွေးတဲ့ သစ်သားရနံ့တွေက မြို့ပြရဲ့ အငွေ့အသက်တွေကို ခဏ မေ့သွားစေပြီး ငြိမ်းချမ်းတဲ့ ကမ်းခြေလေးဆီ ခေါ်ဆောင်သွားနိုင်စွမ်းရှိတယ်။ ရိုးရိုးရှင်းရှင်းနဲ့ စတိုင်လ်ကျတဲ့ ရနံ့ကို ရှာနေသူတွေအတွက် ဒါဟာ အကောင်းဆုံးရွေးချယ်မှုတစ်ခုပဲ။ တစ်နှစ်ပတ်လုံး သုံးလို့ရသလို ကြာရှည်လဲခံတဲ့ ဒီရေမွှေးက သုံးတဲ့သူတွေကို အမြဲတမ်း ယုံကြည်မှုအပြည့်ရှိနေစေမှာပါ။

✅ ဒီရေမွှေးရဲ့ master perfumer ဖြစ်တဲ့ Quentin Bisch က JPG Le Male Elixir အပါအဝင် Le Male series / La Belle series/ Marc-Antoine Barrois Ganymede/ Ganymede Extrait / Gucci Guilty Elixir/ Ex Nihilo ရေမွှေး တော်တော်များများ / Etat Libre d'Orange ရေမွှေး တော်တော်များများ / Chloe Nomade / Carolina Herrera Bad Boy series/ Good Girl series အပါအဝင် လူသိများပြီး ထူးခြားတဲ့ ရေမွှေးကောင်းတွေ အများကြီးဖန်တီးခဲ့သူ ဖြစ်ပါတယ်။

Made in France

Sealed original retail packaging (for 110ml)

Official website -

https://www.yangonbrandedperfume.com/product-page/kenzo-homme-intense

Kenzo Homme Intense EDT Perfume for Men 110ml

MMK 339,000Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page