# By Kilian ရဲ့ Vodka on the Rocks ကို ၃ ရက် စမ်းပြီးနောက် ကျွန်တော့်ရဲ့ Personal Review
ဒီရက်ပိုင်း ရန်ကုန်ရဲ့ မိုးအုံ့လိုက် ပူအိုက်စပ်သွားလိုက်နဲ့ လူကို ပင်ပန်းစေတဲ့ ရာသီဥတုထဲမှာ By Kilian ရဲ့ နာမည်ကြီး Vodka on the Rocks ကို ကျွန်တော်ကိုယ်တိုင် ၃ ရက်တိတိ စမ်းသုံးကြည့်ဖြစ်ပါတယ်။
နာမည်ကိုက Vodka on the Rocks ဆိုတော့ ရေခဲတုံးတွေ တဒေါင်ဒေါင်မြည်နေတဲ့ ဗော့ဒ်ကာဖန်ခွက်တစ်ခွက်လို တကယ်ကို အေးစိမ့်လတ်ဆတ်တဲ့ ခံစားမှုကို ပေးပါတယ်။
ဒီကောင်က Retail ပုလင်းကို မှာသာဝယ်ရင် 50ml ကို US$ 200 ဆိုတော့ အခုလို ကုန်ဈေးနှုန်းတွေ တက်ပြီး ဘတ်ဂျက်ကျပ်နေရတဲ့ စီးပွားရေးအခြေအနေမှာ တော်တော်လေး ခေါင်းကိုက်ချင်စရာ ဈေးမျိုးဗျ။ ဒါကြောင့်ပဲ ကျွန်တော်ကတော့ Retail အသစ်စက်စက်ထက် ဈေးအများကြီး ပိုသက်သာတဲ့ Refill ပုလင်းကိုပဲ ရွေးဝယ်ထားတာ ဖြစ်ပါတယ်။ ဒီလိုကာလမှာ ဒါက အများကြီး ပိုတွက်ခြေကိုက်သွားတာပေါ့။
// Top Notes - ပထမဆုံး စဖြန်းလိုက်တဲ့ စက္ကန့်ပိုင်းမှာတင် Aldehydes ကြောင့် နှာခေါင်းထဲ ဝုန်းကနဲ အေးခနဲ ဖြစ်သွားပါတယ်။ ရေမွှေးလောကထဲ အခုမှ ရောက်ဖူးတဲ့သူတွေအတွက် ရှင်းပြရရင် Aldehydes ဆိုတာ ဓာတ်ခွဲခန်းမှာ ဖန်တီးထားတဲ့ ဒြပ်ပေါင်း aroma molecule တစ်ခုပါ။ သူ့ရဲ့ ပင်ကိုယ်ရနံ့က လတ်ဆတ်ပြီး အေးမြတဲ့ ဆပ်ပြာနံ့၊ ရေခဲနံ့မျိုး ထွက်ပါတယ်။
သူ့ကို သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး သုံးပြသွားတာကတော့ လူတိုင်းကြားဖူးတဲ့ Chanel No. 5 ရေမွှေးပဲ ဖြစ်တယ်။ ရေမွှေးထဲမှာ သူ့ကို ထည့်လိုက်တဲ့အခါ တခြားရနံ့တွေကို ပိုပြီး လင်းသွားစေပြီး နှာခေါင်းထဲမှာ ရှင်းခနဲ အေးခနဲ ဖြစ်သွားအောင် ပံ့ပိုးပေးတဲ့ နေရာကနေ ပါပါတယ်။
ဒါကြောင့်မို့လို့ ဒီကောင်က ရေခဲတုံးတွေ အပြည့်ထည့်ထားတဲ့ ဗော့ဒ်ကာတစ်ခွက်ကို ခပ်ပြင်းပြင်း ရှူလိုက်ရသလို ခံစားရတာပါ။ တွဲပါတဲ့ နံနံစေ့နဲ့ ဖာလာစေ့တို့လို spice note တွေကလည်း ပြင်းရှရှဖြစ်မနေဘဲ တော်တော်လေးအေးတဲ့ ခံစားချက်ကိုပဲ ပေးပါတယ်။
// Heart Notes - ဖြန်းပြီး မိနစ် ၂၀ လောက်ကြာလို့ Dry Down ဖြစ်လာတဲ့အခါ အေးစိမ့်စိမ့်ရနံ့ထဲကို ဘာပန်းမှန်းသေချာမသိတဲ့ ပန်းနံ့သင်းသင်းလေးတွေ ပေါင်းစပ်လာပါတယ်။
// Base Notes - နောက်ဆုံး ကျန်ခဲ့တဲ့ ရနံ့ကတော့ Ambroxan ရဲ့ သစ်သားနံ့သင်းသင်းနဲ့ ခပ်မိုက်မိုက် luxury shower gel နဲ့ ရေချိုးပြီးခါစလို သန့်ရှင်းပြီး ပရော်ဖက်ရှင်နယ်ဆန်တဲ့ ရနံ့မျိုး ဖြစ်သွားပါတယ်။
ဒီရေမွှေးက ကျား/မ ခွဲခြားရခက်လောက်အောင် totally unisex သုံးဖို့ safe ဖြစ်တဲ့ အမျိုးအစားပါဗျာ။ အလယ်ပိုင်းမှာ ပန်းနံ့လေးတွေ ပါပေမယ့် မိန်းမဆန်ဆန် ပန်းခြံထဲရောက်သွားသလိုမျိုး ချိုအီအီကြီး မဟုတ်ဘဲ အေးတဲ့ သစ်သားနံ့ ambroxan နံ့တွေနဲ့ ထိန်းပေးထားပါတယ်။ ဒါကြောင့် ယောကျာ်းလေးတွေ ဖြန်းရင် သန့်ရှင်းသပ်ရပ်တဲ့ ယောကျာ်းတစ်ယောက်လို စမတ်ကျစေသလို မိန်းကလေးတွေ ဖြန်းရင်လည်း လန်းဆန်းပြီး ယုံကြည်မှုအပြည့်ရှိတဲ့ ပုံမျိုး ပေါက်စေပါတယ်။ ဘယ်သူဖြန်းဖြန်း လုံးဝအဆင်ပြေတဲ့ ရနံ့လိုင်းပါပဲ။
ကျွန်တော်ကတော့ ရေမွှေးဆို အမြဲတမ်း အကျီပေါ်ပဲ စမ်းဖြန်းလေ့ရှိတာပါ။ ကျွန်တော့် ၃ ရက်သုံးပြီး အတွေ့အကြုံအရ ဒီကောင်က အသားပေါ်ထက် အကျီပေါ်မှာဆိုရင် performance ပိုထွက်ပြီး ရနံ့က ပိုခံမယ်လို့ ယူဆပါတယ်။
အခုလို မိုးစရွာနေပေမယ့် နေပူလာရင် တအားပူပြင်းအိုက်စပ်တဲ့ ရာသီမျိုးမှာတော့ ဒီရေမွှေးက တကယ်ကို အမောပြေစေပြီး လန်းဆန်းမှုကို ပေးပါတယ်။
ချွေးထွက်များတဲ့ နေ့တွေမှာတောင် ကိုယ့်ကိုကိုယ် သန့်ရှင်းလတ်ဆတ်နေတယ်လို့ ခံစားရစေမှာပါ။
By Kilian ရဲ့ boutique ဈေးနှုန်းက 50ml ကို USD 200 လောက်ဆိုတော့ တော်တော်လေးကို အမြင့်လိုင်းထဲမှာ ရှိနေပါတယ်။ Discount နဲ့ရရင်တောင် လက်ရှိ ငွေလဲနှုန်းတွေနဲ့ဆို ဈေးက တော်တော်လေး များနေဦးမှာဖြစ်တဲ့အပြင် သူ့ရဲ့ creative ဖြစ်တဲ့ scent profile က လူ ၁၀၀ မှာ ၆၀/၇၀ လောက်ပဲကြိုက်မယ့် ပုံစံဖြစ်လို့ retail ပုလင်းကြီးနဲ့ ဝယ်မယ်ဆိုရင်တော့ သေချာလေး စဉ်းစားပြီးမှ ဝယ်ဖို့ အကြံပြုချင်ပါတယ်။
ဒါပေမယ့် ကျွန်တော့်လိုမျိုး retail ပုလင်းထက် ဈေးအပြတ်အသတ် သက်သာတဲ့ refill ပုလင်း ဒါမှမဟုတ် decant ကို ရှာဝယ်နိုင်ပြီး စမ်းသုံးမယ်ဆိုရင်တော့ လက်ရှိ မိုးတွင်းအိုက်စပ်စပ် ရာသီဥတုမှာ တကယ်ကို ဆောင်ထားသင့်တဲ့ ရနံ့ဆန်းဆန်းလေးတစ်ခု ဖြစ်ပါတယ်ဗျာ။
By Kilian Vodka on the Rocks Eau de Parfum Unisex
# 10ml Decant (Premier Glass Sprayer) - K 59,000
# 10ml Decant (Aluminium Sprayer) - K 59,000
# 37ml Decant (Glass Sprayer) - K 185,000
# 100ml Refill Bottle - K 449,000
Official website -
https://www.yangonbrandedperfume.com/product-page/kilian-vodka-on-the-rocks
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
MMK 59,000Price
bottom of page
