top of page

ဒီရက်ပိုင်းမှာမစမ်းဖြစ်တာကြာပြီဖြစ်တဲ့ budget friendly ရေမွှေးပုလင်းတွေကို ပြန်စမ်းကြည့်ရင်းနဲ့ ပိုလန်နိုင်ငံမှာလုပ်တဲ့ La Rive Cash ပုလင်းလေးကိုပြန်စမ်းကြည့်မိပါတယ်။

La Rive Cash for Men ရဲ့ရနံ့ (scent profile) က Paco Rabanne 1 Million နဲ့ ဆင်တူပြီး ရေမွှေး နှစ်မျိုးလုံးမှာ သစ်ကြံပိုးခေါက်၊ nutmeg ၊ ပယင်း နဲ့ base note မှာ vanilla ရဲ့ချိုမြိန်ပြီး နွေးထွေးတဲ့ရနံ့တွေပါတာတူပါတယ်။

ဆွတ်လိုက်တာနဲ့ citrusy bergamot နှင့် ဂရိတ်ဖရုသီးများရဲ့ မွှေးရနံ့တွေနဲ့ စဖွင့်လာပြီး ငရုတ်ကောင်းနှင့် nutmeg တွေကို စပ်ထားတဲ့ heart note တွေ နွေးထွေးပြီး ဆွဲဆောင်မှုရှိသော geranium၊ သစ်ကြံပိုးခေါက်နှင့် လာဗင်ဒါတို့ ပေါင်းထားတဲ့ base note တွေကို vanilla၊ ပယင်းနှင့် woody ရနံ့တွေပေါင်းစပ်ထားတာမို့ ချောမွတ်ပြေပြစ်တဲ့ ရေမွှေးတစ်ခုပါ။

ဘယ်လောက်ကြာကြာခံလဲဆိုရင် ကျနော့်ရဲ့ လီနင်အင်္ကျီပေါ်မှာ တစ်နေရာထဲကို ၆ ချက်လောက်ဖြန်းထားတာ ၇ နာရီလောက်ကောင်းကောင်းခံပါတယ်။ ကျနော်က aircon အခန်းထဲမှာပဲအမြဲနေပြီး တစ်ယောက်နဲ့တစ်ယောက် အနံ့ရနိုင်တဲ့စွမ်းအား မတူကြတာကိုတော့သတိပြုမိဖို့လိုပါတယ်။

*La Rive Cash EDT Perfume for Men (Decant In stock)

@ 10ml decant (clear glass sprayer) - K 17,900

@ 10ml decant (aluminium sprayer) - K 19,900

(ဈေးအပြောင်းအလဲနေတိုင်းရှိနိုင်ပါတယ်)*

Country of origin - Poland/European Union

https://www.yangonbrandedperfume.com/product-page/la-rive-cash-for-men-decant

Paco Rabanne 1 Million ကိုမှလိုချင်တယ်ဆိုရင်လည်းကျွန်တော်တို့ဆီမှာ ready in stock ရှိပါတယ်။ ပိုက်ဆံပိုပြီးသုံးနိုင်ရင်တော့ 1 Million ပိုကောင်းတာတော့ သေချာတာပေါ့ခင်ဗျာ - ဒါပေမယ့် 1 Million က ဈေးတွေအများကြီးတက်နေချိန်မှာ အပြင်းပြေသုံးဖို့ နေ့တိုင်းသုံးဖို့ဆိုရင် ဒီ La Rive ရေမွှေးလေးကို decant ခွဲရောင်းတာမို့ ဈေးသက်သက်သာသာနဲ့ဝယ်သုံးနိုင်ပါတယ်။

*ဘယ်လိုရေမွှေးသုံးရမယ်ကို မသေချာဘူးဆိုရင် ကိုယ်လိုချင်တဲ့အနံ့ နဲ့ ခန့်မှန်းစျေးနှုန်းတွေကိုပြောပြီး Yangon Branded Customer Service Viber 0943065356 ကို message ပို့ပြီး မေးလို့ရပါတယ်။ ဒီ Viber channel ထဲမှာအရင်ကတင်ထားတဲ့ ရေမွှေး review တွေအများကြီးလဲ ရာနဲ့ချီရှိပါတယ်။ အဲဒါလေးတွေလည်း လိုက်ဖတ်ကြည့်ပြီး update price ကိုပြန်မေးလို့ရပါသေးတယ်။*

La Rive Cash for Men Decant

K17,900.00Price
    bottom of page