top of page

La Rive Cute Eau de Parfum for Women

100ml Discount Item / No Box - K 90,000

La Rive Cute ဆိုတာနူးညံ့ပြီး မိန်းမဆန်တဲ့ရနံ့ Chloé Eau de Parfum ရေမွှေးလိုမျိုး ခပ်ဆင်ဆင်တူတဲ့ နူးညံ့တဲ့ ပန်းရနံ့ ဖြစ်ပါတယ်။ Cuté က ရနံ့လေးက တော်တော်မွှေးပြီး ဈေးနှုန်းကလည်း သင့်တော့ လူတွေတော်တော်များများ သဘောကျကြပါတယ်။

🌿 Scent Profile

ဒီရေမွှေးက Peony, ဖရီးရှားနဲ့ လိုင်ချီးသီးရနံ့တွေနဲ့ စပြီး လန်းဆန်းပြီး နည်းနည်းချိုတဲ့အနံ့မျိုးရပါတယ်။ နောက်ပိုင်းမှာ မဂ္ဂနိုလီယာနဲ့ နှင်းပန်းရနံ့တွေက ပိုပေါ်လာပြီး နက်ရှိုင်းပြီး မိန်းမဆန်တဲ့အထိအတွေ့ကို ပေးတယ်။ နောက်ဆုံးမှာတော့ cedarwood, စန္ဒကူးနဲ့ ပယင်းရနံ့တွေက နွေးထွေးပြီး သိမ်မွေ့တဲ့ သစ်သားအနံ့လေးနဲ့ အဆုံးသတ်ပေးတယ်။

✅ Chloe EDP ထက်ဈေး ၆ဆလောက် သက်သာတဲ့ budget perfume ဖြစ်တဲ့အတွက် Chloe လောက်တော့ အကြာကြီးမခံနိုင်ပေမဲ့ နေ့တိုင်းသုံးဖို့အတွက် သင့်တော်တဲ့ ပန်းရနံ့ သင်းသင်းလေးဖြစ်ပါတယ်။

// ပေါ့ပေါ့ပါးပါး အပြင်သွားတဲ့အခါ - ဈေးဝယ်တာတို့, ကော်ဖီဆိုင်သွားတာတို့လို နေ့စဉ်လုပ်ငန်းဆောင်တာတွေအတွက် အကောင်းဆုံးပဲ။

// ရုံး/အလုပ် - ရနံ့က သိမ်မွေ့ပြီး ဘယ်သူ့ကိုမှ အနှောက်အယှက်မဖြစ်စေတဲ့အတွက် အလုပ်ခွင်အတွက်လဲ သင့်တော်တယ်။

// ပူတဲ့အချိန်/နေရာ - လန်းဆန်းတဲ့ ပန်းရနံ့တွေက ရာသီဥတုပူတဲ့အချိန်မှာ ပိုပြီးပေါ်လွင်တယ်။

✅ နူးညံ့တဲ့ ပန်းရနံ့ကို ကြိုက်ပြီး Chloé EDP ရေမွှေးလိုမျိုး ဈေးကြီးတဲ့ ရေမွှေးတွေအစား ဈေးသင့်တာကို ရှာနေတဲ့သူတွေအတွက် အကောင်းဆုံးပဲ။

✅ ရေမွှေးအသစ် စသုံးတဲ့သူတွေ ဒါမှမဟုတ် ရေမွှေးစုဆောင်းတဲ့ထဲမှာ ဈေးသက်သာတာလေးတစ်ခု ထပ်ထည့်ချင်တဲ့သူတွေနဲ့လည်း သင့်တော်ပါတယ်။ ရေမွှေးပြင်းပြင်း စူးစူးတွေကိုပဲ ကြိုက်ရင်တော့ မဝယ်သင့်ပါဘူး။

✅ La Rive Cuté ရဲ့ အဓိကထူးခြားချက်တစ်ခုက ဈေးသက်သာပေမယ့် classy and elegant ဖြစ်တဲ့ ရနံ့ဖြစ်တာပါပဲ။

Official website -

https://www.yangonbrandedperfume.com/product-page/la-rive-cute

La Rive ရေမွှေးများကို European Union အတွင်းမှာရှိတဲ့ Poland နိုင်ငံမှာ ပြုလုပ်တာဖြစ်တဲ့အတွက် International Fragrance Association (IFRA) ရဲ့ စံချိန်စံညွှန်းများအတိုင်း စံနစ်တကျဖန်တီးထားတာဖြစ်ပါတယ်။ ဒါကြောင့်အရည်အသွေးကို စိတ်ချစွာသုံးစွဲနိုင်ပါတယ်။

 

Country of origin - Poland/European Union

Discount Item / No Box

ဒီရေမွှေး 100ml Full Size ကို ကိုယ်တိုင်လာ အနံ့စမ်းပြီး ဝယ်ချင်တယ်ဆိုရင် Customer Service Viber နံပါတ် 0943065356 မှာ ဆက်လက်မေးမြန်းနိုင်ပါတယ်။

📶 Customer Service Viber @ 0943065356

📶 One Click Contact @ viber://chat?number=95943065356

စက္ကူဗူးခွံမပါတဲ့ discount item ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်တိုင်သုံးမယ့်သူတွေအတွက်သာ အဆင်ပြေမယ့် စျေးနှုန်းချိုသာတဲ့ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ လက်ဆောင်ပေးဖို့ဆိုရင်တော့ ဗူးခွံမပါတဲ့အတွက် လှမှာမဟုတ်ပါဘူး။

 

In stock ရှိတဲ့ La Rive perfume အမျိုး ၃၀ ရဲ့ အနံ့နဲ့ ဈေးကို https://www.yangonbrandedperfume.com/larivepoland မှာကြည့်နိုင်ပါတယ် -

La Rive Cute Eau de Parfum for Women 100ml

MMK 90,000Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page