top of page

La Rive Cute Eau de Parfum for Women (In stock / Tester Packaging / No box)

# 100ml - K 79,000

# 10ml decant (glass sprayer) - K 16,000

# 30ml decant (glass sprayer) - K 39,000

La Rive Cute ဆိုတာနူးညံ့ပြီး မိန်းမဆန်တဲ့ရနံ့ Chloé Eau de Parfum ရေမွှေးလိုမျိုး ခပ်ဆင်ဆင်တူတဲ့ နူးညံ့တဲ့ ပန်းရနံ့ ဖြစ်ပါတယ်။ Cuté က ရနံ့လေးက တော်တော်မွှေးပြီး ဈေးနှုန်းကလည်း သင့်တော့ လူတွေတော်တော်များများ သဘောကျကြပါတယ်။

*Scent Profile*

Top - Peony, ဖရီးရှား, လိုင်ချီးသီး

Mid - မဂ္ဂနိုလီယာ, နှင်းပန်း

Base - Cedarwood, စန္ဒကူး, ပယင်း

ဒီရေမွှေးက Peony, ဖရီးရှားနဲ့ လိုင်ချီးသီးရနံ့တွေနဲ့ စပြီး လန်းဆန်းပြီး နည်းနည်းချိုတဲ့အနံ့မျိုးရပါတယ်။ နောက်ပိုင်းမှာ မဂ္ဂနိုလီယာနဲ့ နှင်းပန်းရနံ့တွေက ပိုပေါ်လာပြီး နက်ရှိုင်းပြီး မိန်းမဆန်တဲ့အထိအတွေ့ကို ပေးတယ်။ နောက်ဆုံးမှာတော့ cedarwood, စန္ဒကူးနဲ့ ပယင်းရနံ့တွေက နွေးထွေးပြီး သိမ်မွေ့တဲ့ သစ်သားအနံ့လေးနဲ့ အဆုံးသတ်ပေးတယ်။

Chloe EDP ထက်ဈေး ၆ဆလောက် သက်သာတဲ့ budget perfume ဖြစ်တဲ့အတွက် Chloe လောက်တော့ အကြာကြီးမခံနိုင်ပေမဲ့ နေ့တိုင်းသုံးဖို့အတွက် သင့်တော်တဲ့ ပန်းရနံ့ သင်းသင်းလေးဖြစ်ပါတယ်။

*သုံးသင့်တဲ့အချိန်*

// ပေါ့ပေါ့ပါးပါး အပြင်သွားတဲ့အခါ - ဈေးဝယ်တာတို့, ကော်ဖီဆိုင်သွားတာတို့လို နေ့စဉ်လုပ်ငန်းဆောင်တာတွေအတွက် အကောင်းဆုံးပဲ။

// ရုံး/အလုပ် - ရနံ့က သိမ်မွေ့ပြီး ဘယ်သူ့ကိုမှ အနှောက်အယှက်မဖြစ်စေတဲ့အတွက် အလုပ်ခွင်အတွက်လဲ သင့်တော်တယ်။

// နွေဦးနဲ့ နွေရာသီ - လန်းဆန်းတဲ့ ပန်းရနံ့တွေက ရာသီဥတုပူတဲ့အချိန်မှာ ပိုပြီးပေါ်လွင်တယ်။

*ဘယ်သူတွေနဲ့ သင့်တော်လဲ*

ဒီရေမွှေးက နူးညံ့တဲ့ ပန်းရနံ့ကို ကြိုက်ပြီး Chloé EDP ရေမွှေးလိုမျိုး ဈေးကြီးတဲ့ ရေမွှေးတွေအစား ဈေးသင့်တာကို ရှာနေတဲ့သူတွေအတွက် အကောင်းဆုံးပဲ။ ရေမွှေးအသစ် စသုံးတဲ့သူတွေ ဒါမှမဟုတ် ရေမွှေးစုဆောင်းတဲ့ထဲမှာ ဈေးသက်သာတာလေးတစ်ခု ထပ်ထည့်ချင်တဲ့သူတွေနဲ့လည်း သင့်တော်ပါတယ်။ ရေမွှေးပြင်းပြင်း စူးစူးကြိုက်ရင်တော့ မဝယ်သင့်ပါဘူး။

La Rive Cuté ရဲ့ အဓိကထူးခြားချက်တစ်ခုက ဈေးသက်သာပေမယ့် classy and elegant ဖြစ်တဲ့ ရနံ့ဖြစ်တာပါပဲ။

Official website -

https://www.yangonbrandedperfume.com/product-page/la-rive-cute-edp-perfume-for-women-100ml

La Rive ရေမွှေးများကို European Union အတွင်းမှာရှိတဲ့ Poland နိုင်ငံမှာ ပြုလုပ်တာဖြစ်တဲ့အတွက် International Fragrance Association (IFRA) ရဲ့ စံချိန်စံညွှန်းများအတိုင်း စံနစ်တကျဖန်တီးထားတာဖြစ်ပါတယ်။ ဒါကြောင့်အရည်အသွေးကို စိတ်ချစွာသုံးစွဲနိုင်ပါတယ်။

 

Country of origin - Poland/European Union

Imported from USA

Tester packaging ( No Box )

 

In stock ရှိတဲ့ La Rive perfume အမျိုး ၃၀ ရဲ့ အနံ့နဲ့ ဈေးကို https://www.yangonbrandedperfume.com/larivepoland မှာကြည့်နိုင်ပါတယ် -

La Rive Cute EDP Perfume for Women 100ml Tester Packaging

K79,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page