La Rive Extreme Story EDT Perfume for Men
# 75ml - K 79,000 (Tester Packaging / No box)
# 10ml decant (glass sprayer) - K 15,000
# 10ml decant (aluminium sprayer) - K 17,000
# 30ml decant (glass sprayer) - K 39,000
La Rive Extreme Story က Di@r Sauvage ကိုကြိုက်တဲ့သူတွေနဲ့ အဆင်ပြေမယ့်လမ်းဆန်းတဲ့ သံပရာနံ့၊ နွေးထွေးတဲ့ spice ရနံ့၊ wood နဲ့ leather ရနံ့တွေ ရောထားလို့ ယောက်ျားလေးတွေအတွက် သုံးလို့ကောင်းတဲ့ ရေမွှေးတစ်မျိုးပါ။
Extreme Story ကို စဖျန်းလိုက်ရင် လန်းဆန်းတဲ့ citrus ရနံ့တွေဖြစ်တဲ့ သံပယိုနဲ့ လိမ္မော်နံ့တွေ ရပါတယ်။ ဒီအနံ့တွေက တော်တော်လန်းဆန်းပြီး သန့်ရှင်းတယ်။ Elemi resin ဆိုတာလေးပါတော့ နည်းနည်းလေး စပ်သလိုလည်း ခံစားရတယ်။ Elemi က ပူရှိန်းရှိန်း ငရုတ်ကောင်းနံ့လိုမျိုးလေး ပေးတော့ သာမန် citrus နံ့တွေထက် အနံ့က ပိုပြီးလေးနက်ပါတယ်။
နောက်ပိုင်းမှာတော့ ရေမွှေးရဲ့ mid note အနံ့တွေ ထွက်လာပြီး နွေးထွေးတဲ့ စမုန်စပါးနဲ့ ဂျာရီနီယမ်ရွက်နံ့တွေ ရောထားတာကို ခံစားရမယ်။ စမုန်စပါးက ဆွဲဆောင်မှုရှိတဲ့ spicy scent ကို ပေးပြီး ဂျာရီနီယမ်ရွက်ကတော့ နည်းနည်းလေး green aromatic floral အနံ့လေး ပေးတော့ ရေမွှေးကို ပိုပြီး သိမ်မွေ့စေတယ်။ ဒီအဆင့်မှာ Extreme Story က သူ့ရဲ့ ပိုပြီး ခေတ်မီတဲ့ပုံစံကို ပြလာပြီး ပေါ့ပေါ့ပါးပါးဖြစ်ဖြစ် formal occasion တွေအတွက်ဖြစ်ဖြစ် သုံးလို့ရတဲ့ ရွေးချယ်စရာတစ်ခု ဖြစ်လာတယ်။
Vetiver (ဗီတီဗာ)၊ ပယင်း၊ leather နဲ့ Patchouli တို့ပါတဲ့ Base အနံ့ကတော့ တကယ်ကို အားရစရာ အားကောင်းပြီး ယောက်ျားပီသတဲ့ အနံ့မျိုး ပေးပါတယ်။ Vetiver က ကြည်လင်တဲ့ သစ်သားနံ့ကို ပေးပြီး ပယင်းက နွေးထွေးမှုကို ပေးတယ်။ Leather ရနံ့ကတော့ ယောက်ျားဆန်တဲ့ ဆွဲဆောင်မှုကို ပိုတိုးစေပြီး Patchouli ကတော့ အားလုံးကို နည်းနည်းလေး ချိုသလိုလို၊ မြေကြီးနံ့လိုလိုနဲ့ ပေါင်းစပ်ပေးထားတယ်။
ဒီရေမွှေးက ရုံးသွားတဲ့အခါ၊ daily casual use / gym သွား ဒါမှမဟုတ် ရာသီဥတု သင့်တင့်တဲ့နေရာ ဒါမှမဟုတ် အရမ်းကြီးမပူတဲ့နေရာတွေမှာ နေ့တိုင်းသုံးဖို့အတွက် အဆင်ပြေတဲ့ အနံ့ဖြစ်ပါတယ်။ Extreme Story ရဲ့ အနံ့ပါဝင်မှုတွေက မျှတတာကြောင့် ဘယ်လိုအချိန်မျိုးနဲ့မဆို သုံးလို့အဆင်ပြေတယ်။
ကောင်းတဲ့အချက်တွေ
✔ ဈေးသက်သာတယ်
✔ Citrus ၊ spice နဲ့ leather ရနံ့ကို မျှတအောင် ပေါင်းစပ်ထားတယ်
✔ ဘယ်လိုအချိန်မျိုးနဲ့မဆို သုံးလို့ရတယ်
✔ အရမ်းအနံ့ ပြင်းပြင်း စူးစူးကြီးမဟုတ်ဘူး
မကောင်းတဲ့အချက်တွေ
✖ Budget friendly perfume ဖြစ်တဲ့အတွက် နည်းနည်းလေး synthetic ဖြစ်ပါတယ်
✖ ဈေးကြီးတဲ့ Sauvage လောက်တော့ longevity မကောင်းပါဘူး
La Rive Extreme Story EDT က လန်းဆန်းမှု၊ စပ်တဲ့အနံ့နဲ့ နက်ရှိုင်းတဲ့ သစ်သားသားရေအနံ့တွေကို ဈေးသက်သာတဲ့ နှုန်းနဲ့ ပေါင်းစပ်ထားတဲ့ အလုံးစုံကောင်းမွန်တဲ့ ယောက်ျားဆန်တဲ့ ရေမွှေးတစ်မျိုးပဲ။ Sauvage ဈေးနဲ့ယှဉ်ရင် ၈ ဆလောက်သက်သာတဲ့အတွက် Dior တွေနဲ့ ဒဲ့မယှဉ်နိုင်ပေမယ့် အနံ့အရည်အသွေးနဲ့ ဘယ်လိုအချိန်မျိုးနဲ့မဆို သုံးလို့ရနိုင်တဲ့ အချက်တွေမှာတော့ သူ့နေရာနဲ့သူ ကောင်းမွန်ပါတယ်။
La Rive ရေမွှေးများကို European Union အတွင်းမှာရှိတဲ့ Poland နိုင်ငံမှာ ပြုလုပ်တာဖြစ်တဲ့အတွက် International Fragrance Association (IFRA) ရဲ့ စံချိန်စံညွှန်းများအတိုင်း စံနစ်တကျဖန်တီးထားတာဖြစ်ပါတယ်။ ဒါကြောင့်အရည်အသွေးကို စိတ်ချစွာသုံးစွဲနိုင်ပါတယ်။
Official website -
https://www.yangonbrandedperfume.com/product-page/la-rive-extreme-story
Country of origin - Poland/European Union
Imported from USA
In stock ရှိတဲ့ La Rive perfume အားလုံးကို ဒီမှာကြည့်နိုင်ပါတယ် - https://www.yangonbrandedperfume.com/larivepoland
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K79,000.00Price
bottom of page
