La Rive Hunting EDT Perfume Men 75ml - K 89,000 (In stock / Discount item / No box)
Hunting က နေ့တိုင်းသုံးဖို့ အဆင်ပြေတဲ့တက်တက်ကြွကြွရနံ့ဖြစ်ပြီး Azzaro Wanted နဲ့ရနံ့ဆင်တူတဲ့ အမျိုးသားသုံးရေမွှေးဖြစ်ပါတယ်။
La Rive Hunting ကို စစချင်း ရှူလိုက်ရင် ငရုတ်ကောင်းနက်နဲ့ လိမ္မော်ရနံ့တို့ ပေါင်းစပ်ထားတဲ့အတွက် ပြင်းရှရှနဲ့ တက်ကြွတဲ့ ခံစားချက်ကို ပေးပါတယ်။ ငရုတ်ကောင်းက ရေမွှေးကို spicy ဖြစ်တဲ့ အထိအတွေ့ပေးပြီး လိမ္မော်ကတော့ ချိုမြပြီး ရှတတ နဲနဲ ချိုချိုချဉ်ချဉ် အနံ့လိုမျိုးကို ပေးပါတယ်။
ခဏအကြာမှာ လန်းဆန်းပြီး citrus နံ့သင်းတဲ့ mid note ရနံ့ဆီကို ပြောင်းသွားပါတယ်။ သံပရာ၊ ကက်ဆစ် (စပျစ်နက်) နဲ့ ရှောက်ချိုတို့က အရည်ရွှမ်းပြီး ချဉ်မြတဲ့ အနံ့ကို ပေးတာကြောင့် ရေမွှေးက ဆက်ပြီးတက်ကြွနေပါတယ်။ စပျစ်နက်က နည်းနည်းလေး စိမ်းသက်သက်နဲ့ သစ်သီးဆန်တဲ့ ချဉ်တဲ့အနံ့ကို ပေးပြီး သံပရာရဲ့ ပြင်းရှတဲ့ အနံ့ကို ထိန်းညှိပေးပါတယ်။
Drydown ရောက်သွားတဲ့အခါ Patchouli ၊ oakmoss နဲ့ sandalwood (စန္ဒကူး) တို့က နူးညံ့ပေမယ့် ယောက်ျားပီသတဲ့ base အနံ့ကို ဖန်တီးပေးပါတယ်။ Patchouli က နည်းနည်းလေး နက်မှောင်တဲ့ အထိအတွေ့ပေးပြီး oakmoss က ဂန္တဝင်ဆန်တဲ့ စိမ်းစိုတဲ့ မြေကြီးအနံ့ကို ပေးပါတယ်။ sandalwood ကတော့ နူးညံ့ပြီး နွေးထွေးတဲ့ အဆုံးသတ်ကို ပေးပါတယ်။
ဈေးအရမ်းတန်လို့ ရေမွှေးကို အားပါးတရ စသုံးချင်တဲ့သူတွေနဲ့ နေ့ခင်းဘက် ပေါ့ပေါ့ပါးပါး သုံးဖို့ budget friendly ရေမွှေးလိုနေသူတွေအတွက် အကောင်းဆုံး ရွေးချယ်မှုတစ်ခုပါ။
တစ်နေကုန်တော့ မခံနိုင်ပေမယ့် ပေါ့ပေါ့ပါးပါး အပြင်သွားတာ၊ အလုပ်သွားတာ ဒါမှမဟုတ် နေ့လည်ခင်း ချိန်းတွေ့တာတွေအတွက် အဆင်ပြေပါတယ်။ ပိုကြာကြာခံချင်ရင် နာရီအနည်းငယ်ကြာတိုင်း ပြန်ဖြန်းပေးတာက ကောင်းပါတယ်။
ဘယ်အချိန်၊ ဘယ်နေရာမှာ သုံးသင့်လဲ
✔ မိုးတွင်းနေ့လည်ပိုင်း နဲ့ ပူတဲ့ နွေဦး၊ နွေရာသီ
✔ နေ့စဉ်သုံး၊ ပေါ့ပေါ့ပါးပါး အပြင်သွား၊ gym သွား၊ အလုပ်သွား၊ ကိစ္စတစ်ခုခုနဲ့ သွားလာတာ ဒါမှမဟုတ် အေးအေးဆေးဆေး ချိန်းတွေ့တာမျိုးတွေမှာ သုံးလို့ရတယ်
✔ လန်းဆန်းပြီး spicy ဖြစ်တဲ့အနံ့နဲ့ သစ်သားအနံ့ကို ကြိုက်တဲ့ ယောက်ျားတွေအတွက်
ထူးခြားဆန်းပြားတဲ့ ရေမွှေးတော့ မဟုတ်ပေမယ့် ဒီဈေးနဲ့ဆိုရင် ကိုယ်တိုင်သုံးဖို့ဆိုရင် တော်တော်တန်ပါတယ်။ နေ့တိုင်းသုံးဖို့ လန်းဆန်းပြီး ဘက်စုံသုံးလို့ရတဲ့ ယောက်ျားပီသတဲ့ ရေမွှေးကို ရှာနေတယ်ဆိုရင် La Rive Hunting ကို စမ်းကြည့်သင့်ပါတယ်။
La Rive ရေမွှေးများကို European Union အတွင်းမှာရှိတဲ့ Poland နိုင်ငံမှာ ပြုလုပ်တာဖြစ်တဲ့အတွက် International Fragrance Association (IFRA) ရဲ့ စံချိန်စံညွှန်းများအတိုင်း စံနစ်တကျဖန်တီးထားတာဖြစ်ပါတယ်။ ဒါကြောင့်အရည်အသွေးကို စိတ်ချစွာသုံးစွဲနိုင်ပါတယ်။
စက္ကူဗူးခွံမပါတဲ့ unboxed item မို့ဈေးအလွန်ချိုပြီး သုံးပျော်တဲ့ budget friendly item မို့ စက္ကူဗူးခွံမပါတာ အရေးမကြီးတဲ့ ကိုယ်တိုင်သုံးမည့် သူများဝယ်သင့်ပါတယ်။
Official website -
https://www.yangonbrandedperfume.com/product-page/la-rive-hunting
In stock ရှိတဲ့ La Rive ရေမွှေးအားလုံးကို https://www.yangonbrandedperfume.com/larivepoland မှာကြည့်နိုင်ပါတယ် -
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
MMK 89,000Price
bottom of page
