top of page

La Rive Lady Diamond Eau de Parfum for Women 75ml - K 87,900 (In stock)

Paco Rabanne Lady Million ကို ကြိုက်ပေမဲ့ နေ့တိုင်းဆွတ်ဖို့ ဈေးနှုန်းကြောင့် လက်တွန့်နေရင် La Rive Lady Diamond က အတော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့ choice ပါ။

ပုလင်းဖွင့်ပြီး ဖြန်းလိုက်တာနဲ့ citrus note ဘက်သွားတဲ့ သံပုယိုနဲ့ လိမ္မော်နံ့ ခပ်လန်းလန်းလေးကို အရင်ခံစားရမှာပါ။ ဒါပေမဲ့ ခဏနေတာနဲ့ Peach (မက်မွန်သီး) ရဲ့ အချိုနံ့သင်းသင်းလေးက တိုးထွက်လာပါတယ်။ Lady Million နဲ့ ဆင်တူတာက ဒီနေရာမှာတင် စသိသာနေပြီ။

ခဏကြာလို့ အနံ့ထိုင်သွားပြီဆိုရင် white floral (ပန်းဖြူနံ့) လေးတွေက နေရာယူလာပါတယ်။ မိန်းကလေးဆန်ပေမဲ့ နုရွရွပန်းနံ့မျိုး မဟုတ်ဘဲ နည်းနည်း confidence ရှိတဲ့ လူကြားထဲမှာ ပေါ်လွင်ချင်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ပုံစံမျိုးပါ။

အကြာဆုံး ကျန်ခဲ့မှာကတော့ Patchouli နဲ့ Musk (ကတိုး) ပါ။ ဒီအနံ့နှစ်ခုက ရေမွှေးကို ပိုပြီး ဆွဲဆောင်မှု ဖြစ်စေသလို၊ ရနံ့ကို တည်ငြိမ်ပြီး အဆင့်အတန်းရှိတဲ့ ခံစားချက်မျိုး ပေးပါတယ်။ အနံ့က အရမ်းကြီး စူးမနေဘဲ ကိုယ့်အနားကပ်လာတဲ့သူကို ဖမ်းစားနိုင်တဲ့ ဆွဲဆောင်မှုမျိုး ရှိပါတယ်။

✅ ဒီရေမွှေးက ဘယ်သူတွေနဲ့ ကိုက်မလဲ?

// Lady Million Fan တွေအတွက် အနံ့က တော်တော် ဆင်တူတာမို့ အစားထိုးသုံးလို့ အဆင်ပြေဆုံးပါ။

// Office သွားမယ့်သူတွေအတွက် အနံ့က အရမ်းပြင်းမနေဘဲ Elegance ဖြစ်လို့ ရုံးသွားရင်း ဆွတ်ဖို့ ကောင်းပါတယ်။

// ညဘက် အပြင်သွားရင်လည်း ဆွဲဆောင်မှုရှိစေမယ့် ရနံ့မျိုးပါ။

🌀​ Value for Money

​Lady Million လို designer brand တစ်ပုလင်းရဲ့ ဈေးနှုန်းက အခုခေတ်မှာ တော်တော်လေး မြင့်သွားပါပြီ။ La Rive Lady Diamond ကတော့ designer ရေမွှေးရဲ့ ၅ ပုံ ၁ ပုံလောက်ပဲ ရှိတာမို့ ပိုက်ဆံအများကြီး အကုန်မခံချင်တဲ့ ကျောင်းသူ/ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေအတွက် အရမ်းတန်ပါတယ်။ ဈေးသက်သာပေမဲ့ အနံ့က "cheap" ဖြစ်မနေဘဲ ဈေးကြီးတဲ့ ရနံ့မျိုး ရနေတာက သူ့ရဲ့ အားသာချက်ပါ။

🛡️​ Blind Buy Safe

​ရေမွှေးဆိုတာ မနမ်းကြည့်ဘဲ ဝယ်ရင် (Blind Buy) ကိုယ့်အကြိုက်နဲ့ မတူမှာကို ကြောက်ရပါတယ်။ ဒါပေမဲ့ Lady Diamond ရဲ့ ရနံ့က လူကြိုက်များပြီးသား Popular ဖြစ်တဲ့ Floral-Fruity အမျိုးအစား ဖြစ်တာရယ်၊ ဈေးနှုန်းကလည်း ဝယ်စမ်းကြည့်ဖို့ သင့်တော်တဲ့ ပမာဏဖြစ်တာရယ်ကြောင့် ဝယ်လိုက်လို့ နောင်တရဖို့ ရာခိုင်နှုန်း တော်တော်နည်းပါတယ်။ ကိုယ်တိုင်သုံးဖို့တင် မဟုတ်ဘဲ သူငယ်ချင်းတွေကို လက်ဆောင်ပေးမယ်ဆိုရင်တောင် လက်ဆောင်ရတဲ့သူက "wow" ဖြစ်သွားမယ့် quality မျိုး ရှိပါတယ်။

La Rive ရေမွှေးများကို European Union အတွင်းမှာရှိတဲ့ Poland နိုင်ငံမှာ ပြုလုပ်တာဖြစ်တဲ့အတွက် International Fragrance Association (IFRA) ရဲ့ စံချိန်စံညွှန်းများအတိုင်း စံနစ်တကျဖန်တီးထားတာဖြစ်ပါတယ်။ ဒါကြောင့်အရည်အသွေးကို စိတ်ချစွာသုံးစွဲနိုင်ပါတယ်။

 

Official website -

https://www.yangonbrandedperfume.com/product-page/la-rive-lady-diamond

Country of origin - Poland/European Union

Imported from USA

Sealed original retail packaging

 

In stock ရှိတဲ့ La Rive ရေမွှေးတွေရဲ့ အသေးစိတ်အချက်အလက်တွေကို https://www.yangonbrandedperfume.com/larivepoland မှာကြည့်နိုင်ပါတယ်

La Rive Lady Diamond Eau de Parfum for Women 75ml

K87,900.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page