La Rive Red Line EDT Perfume for Men 90ml - K 85,000 (In stock / Discount Item / No Box)
Budget friendly အရမ်းဖြစ်တဲ့ Red Line ကို စိတ်ကိုကြည်လင်စေမယ့် Apple ရနံ့ချိုအေးအေးလေးနဲ့ စတင်ထားပါတယ်။
နာမည်ကြီး Lacoste Style In Play နဲ့ ရနံ့ဆင်တူတယ်လို့ လူကြိုက်များတဲ့ Floral Fruity အမျိုးအစားဖြစ်ပြီး ပန်းသီးရနံ့လတ်လတ်ဆတ်ဆတ်ကိုမှ Jasmine ရဲ့ ခပ်အေးအေးရနံ့ကလဲ ဝန်းရံပေးထားပါတယ်။
နောက်ဆုံး base note မှာပါတဲ့ Musk နဲ့ Cedar သစ်သားနံ့လေးတွေကြောင့် ရနံ့က အရမ်းကြီး ပေါ့မသွားဘဲ ယောင်္ကျားပီသတဲ့ Fresh ဖြစ်မှုကို အားဖြည့်ပေးပါတယ်။
မြန်မာပြည်ရဲ့ ပူအိုက်တဲ့ ရာသီဥတုမှာ ချွေးထွက်များရင်တောင် လူကို စိတ်အနှောင့်အယှက် မဖြစ်စေဘဲ Light and Fresh ဖြစ်နေစေမယ့် ရနံ့မျိုးပါ။
ခပ်ပြင်းပြင်းရနံ့တွေထက် ခေါင်းကြည်စေမယ့် အနံ့အေးအေးလေးတွေကို ကြိုက်တတ်သူတွေအတွက် အကုန်အကျသက်သာတဲ့ အမျိုးသားသုံး ရေမွှေးတခုဖြစ်ပါတယ်။
La Rive ရေမွှေးများကို European Union အတွင်းမှာရှိတဲ့ Poland နိုင်ငံမှာ ပြုလုပ်တာဖြစ်တဲ့အတွက် International Fragrance Association (IFRA) ရဲ့ စံချိန်စံညွှန်းများအတိုင်း စံနစ်တကျဖန်တီးထားတာဖြစ်ပါတယ်။ ဒါကြောင့်အရည်အသွေးကို စိတ်ချစွာသုံးစွဲနိုင်ပါတယ်။
Country of origin - Poland/European Union
Imported from USA (FragranceX New York)
👉 စက္ကူဗူးခွံမပါတဲ့ unboxed item မို့ဈေးအလွန်ချိုပြီး သုံးပျော်တဲ့ budget friendly item မို့ စက္ကူဗူးခွံမပါတာ အရေးမကြီးတဲ့ ကိုယ်တိုင်သုံးမည့် သူများဝယ်သင့်ပါတယ်။ လက်ဆောင်ပေးဖို့ဝယ်တာဆိုရင်တော့ ဗူးခွံမပါတဲ့အတွက်မဝယ်သင့်ပါဘူး။
Official website -
https://www.yangonbrandedperfume.com/product-page/la-rive-red-line
In stock ရှိတဲ့ La Rive perfume အားလုံးကို Yangon Branded official website မှာကြည့်နိုင်ပါတယ် - https://www.yangonbrandedperfume.com/larivepoland
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
MMK 85,000Price
bottom of page
