La Rive River of Love Eau de Parfum (In stock)
# 10ml decant (glass sprayer) - K 19,000
# 10ml decant (aluminium sprayer) - K 21,000
# 37ml decant (glass sprayer) - K 50,000
Mugler Angel ရဲ့ ထူးခြားပြီး attractive ဖြစ်တဲ့ ရနံ့ကို ကြိုက်ပေမယ့် ဈေးများတာကြောင့် မသုံးဖြစ်ဘူးလား။ Soft, sexy and budget friendly ဖြစ်တဲ့ La Rive ရဲ့ River of Love က အဲ့ဒီလို ချိုဆိမ့်မွှေးတဲ့ ရနံ့မျိုးကို ဈေးသက်သက်သာသာနဲ့ ပေးနိုင်ပါတယ်။ ဈေးက Angel ရဲ့ ခုနှစ်ဆလောက်သက်သာပြီး ရနံ့တော်တော်ဆင်တာမို့ value for money ဖြစ်ပါတယ်။
🍍 Opening Notes
ဘလက်ခ်ကာရန့်အရွက်၊ သကြားလုံး၊ အုန်းသီး၊ နာနတ်သီး၊ ဖရဲသီး၊ လိမ္မော်သီးနဲ့ စံပယ်ပန်းတို့ရဲ့ ရနံ့တွေနဲ့ ပေါင်းစပ်ထားတာကြောင့် ချိုမြိန်ပြီး လန်းဆန်းတက်ကြွတဲ့ ရနံ့ကို ပေးပါလိမ့်မယ်။
💐 Middle Notes
ပျားရည်၊ ဇီးသီး၊ ဘလက်ခ်ဘယ်ရီသီး၊ အနီရောင်အသီးအနှံတွေ၊ သစ်ခွ၊ နှင်းဆီပန်းနဲ့ နာနတ်ဂျုံ၊ ကာရဝေးစေ့လိုမျိုး မွှေးကြိုင်တဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ ပေါင်းစပ်ထားတဲ့ နက်ရှိုင်းပြီး ရိုမန့်တစ်ဆန်တဲ့ ရနံ့ကို ခံစားရပါလိမ့်မယ်။
🍫 Base Notes
Dark Chocolate၊ ဗနီလာ၊ ကာရမေလ်၊ Patchouli၊ Amber၊ Sandalwood နဲ့ Tonka Bean တို့ရဲ့ ရနံ့တွေ ပေါင်းစပ်ထားတာကြောင့် နူးညံ့ပြီး နှစ်လိုဖွယ်ကောင်းတဲ့ ရနံ့ကို ကြာရှည်စွာ ခံစားရပါလိမ့်မယ်။
💝 ဘာလို့ ဝယ်သင့်လဲဆိုရင်-
✔️ Mugler Angel နဲ့ ဆင်တူတယ် - ဈေးကြီးပေးစရာ မလိုဘူး
✔️ ရနံ့ကြာရှည်ခံပြီး ထူးခြားတယ် - လူတွေက ဘာရေမွှေးလဲဆိုပြီး မေးကြလိမ့်မယ်
✔️ ဈေးနှုန်းသင့်တယ် - ပိုက်ဆံကုန် အများကြီးသက်သာတယ်
✔️ နေ့ဘက်ရော ညဘက်ပါ သုံးလို့ရတယ်၊ အထူးသဖြင့် အေးတဲ့ ရာသီဥတု ဒါမှမဟုတ် Air-con ဖွင့်ထားတဲ့ နေရာတွေမှာ ပိုသင့်တော်တယ်။
💋 Angel လောက် မအီတာမို့ ရာသီမရွေးသုံးဖို့ သူကပိုပြီးတောင် အဆင်ပြေပါသေးတယ်။ Opening မှာထဲက ရေမွှေးကောင်းလေးတစ်ခုကို ရပြီဆိုတာသိနိုင်တဲ့ ချောချောမွှေ့မွှေ့လေး မွှေးတဲ့အနံ့သင်းသင်းလေးဖြစ်ပါတယ်။
ဝယ်တဲ့သူတိုင်းနဲ့ အဆင်ပြေပြီး ဈေးတန် quality ကောင်းလို့ စိတ်ကျေနပ်ကြပါတယ်။ သုံးပြီးရင်တော့ ချီးကျူးစကားတွေ နားထောင်ဖို့သာ ပြင်ထားလိုက်ပါတော့။
🌿 10ml / 37ml decant တွေပဲရပါတော့မယ်
// Decant ဆိုတာက ကျွန်တော်တို့ဆီမှာရောင်းတဲ့ 100ml, 200ml စတဲ့ ပုလင်းအကြီး (Full-size Original Bottle) တွေထဲကနေ ပမာဏနည်းနည်းကို ပုလင်းအသေးလေးတွေ (ဥပမာ 10ml, 37ml) ထဲ ပြန်ခွဲထည့်ထားတာကို ခေါ်တာပါ။
💡 Decant တွေကို ဘာလို့သုံးသင့်လဲ?
✔️ ပုလင်းအကြီး မဝယ်ခင် အနံ့ကိုအရင် စမ်းသုံးကြည့်လို့ရတယ်။
✔️ အိတ်ထဲ၊ အိတ်ကပ်ထဲထည့်ပြီး သယ်သွားရတာ ပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေတယ်။
✔️ ဈေးကြီးတဲ့ရေမွှေးတွေကို ဈေးသက်သက်သာသာနဲ့ စမ်းသုံးခွင့်ရတယ်။
❗သိထားသင့်တဲ့ အချက်လေးတွေ
👉 Original ဘူးခွံ၊ ပုလင်းလှလှလေးတွေ မပါတဲ့အတွက် လက်ဆောင်ပေးဖို့တော့ အဆင်မပြေပါဘူး။
👉 ကိုယ်တိုင်စမ်းသုံးဖို့ (testing) ဒါမှမဟုတ် အလွယ်တကူ ပေါ့ပေါ့ပါးပါးသုံးဖို့အတွက်ပဲ ရည်ရွယ်ပါတယ်။
🇵🇱 La Rive Brand အကြောင်း
La Rive ရေမွှေးများကို European Union 🇪🇺 အတွင်းမှာရှိတဲ့ Poland နိုင်ငံ 🇵🇱 မှာ ပြုလုပ်တာဖြစ်တဲ့အတွက် International Fragrance Association (IFRA) ရဲ့ စံချိန်စံညွှန်းများအတိုင်း စံနစ်တကျဖန်တီးထားတာဖြစ်ပါတယ်။ ဒါကြောင့်အရည်အသွေးကို စိတ်ချစွာသုံးစွဲနိုင်ပါတယ်။
Official website -
https://www.yangonbrandedperfume.com/product-page/la-rive-river-of-love
In stock ရှိတဲ့ La Rive ရေမွှေးအားလုံးကို https://www.yangonbrandedperfume.com/larivepoland မှာကြည့်နိုင်ပါတယ် -
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K19,000.00Price
bottom of page
