top of page

La Rive Sweet Hope Eau de Parfum for Women 90ml - K 84,000 (In stock)

​Dior Hypnotic Poison နဲ့ရနံ့ ဆင်ဆင်တူတဲ့ sweet vanilla floral ရေမွှေးအမျိုးအစားဖြစ်ပါတယ်။

​စစဆွတ်ခြင်းမှာ ချိုတဲ့သစ်သီးရနံ့တွေဖြစ်တဲ့ coconut, apricot, plum ရနံ့တွေရမှာဖြစ်ပြီး နောက်ပိုင်းမှာ rose, tuberose, lily of the valley နဲ့ jasmine ပန်းရနံ့တွေအပြင် caraway နဲ့ brazilian rosewood တို့ကိုခံစားရမှာဖြစ်ပါတယ်။ Drydown အနေနဲ့ Vanilla, almond, musk နဲ့ sandalwood ရနံ့တွေပါဝင်ပါတယ်။

❣️ ​ဘယ်လိုအချိန်/ရာသီမှာ ဆွတ်ဖို့ကောင်းလဲ?

​ဒီရေမွှေးက နွေးထွေးပြီးချိုတဲ့ရနံ့ဘက်ကိုသွားတာမို့ ဆောင်းရာသီ ဒါမှမဟုတ် မိုးရာသီလိုမျိုး အေးတဲ့အချိန်တွေနဲ့ အရမ်းလိုက်ဖက်ပါတယ်။ သူ့ရဲ့ vanilla နဲ့ almond ရနံ့နွေးနွေးလေးက အေးစိမ့်စိမ့် aircon ခန်းထဲမှာဆိုလဲ အရမ်းကိုထင်ရှားပြီး ဆွဲဆောင်မှုရှိစေပါတယ်။

​ပူတဲ့နွေရာသီမှာဆိုရင်တော့ နေ့ဘက်ဆွတ်ဖို့ နည်းနည်းပြင်းတယ်လို့ထင်နိုင်ပေမယ့် ညနေပိုင်း dinner date တွေ၊ ပါတီပွဲတွေ ဒါမှမဟုတ် air-con ရှိတဲ့နေရာတွေသွားမယ်ဆိုရင်တော့ သုံးလို့အဆင်ပြေပါတယ်။ နေ့တိုင်းရုံးသွားဖို့ထက် ပိုအထာကျပြီး special occasion လေးတွေနဲ့ ပိုလိုက်ဖက်တဲ့ရနံ့မျိုးပါ။

❣️​ဘယ်လို ပင်ကိုယ်စရိုက်မျိုးနဲ့ လိုက်ဖက်လဲ?

​Sweet Hope ဆိုတဲ့အတိုင်း ချိုပြီး ဆွဲဆောင်မှုရှိတဲ့ vanilla ရနံ့ကိုကြိုက်တဲ့ ပျိုမေတွေအတွက်ပါပဲ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး feminine ဖြစ်တဲ့ပုံစံမျိုးကို သဘောကျတဲ့သူတွေနဲ့ လိုက်ဖက်ပါတယ်။

နည်းနည်းလေး sexy ကျကျနဲ့ classy ဖြစ်တဲ့ vibe ကိုပေးတဲ့အတွက်ကြောင့် ကိုယ်ရောက်သွားတဲ့နေရာမှာ လူအာရုံစိုက်ခံချင်တဲ့သူ၊ ကိုယ့်ရဲ့ရနံ့ကို လူတွေမှတ်မိနေစေချင်တဲ့သူတွေဆိုရင် ဒါလေးကရွေးချယ်သင့်တဲ့ ရေမွှေးတစ်ခုပါ။ ရိုးရိုးရှင်းရှင်းလေးတွေကြိုက်တဲ့သူတွေအတွက်တော့ နည်းနည်းပြင်းတယ်လို့ ခံစားရနိုင်ပါတယ်။

🇵🇱 La Rive Brand အကြောင်း

 

La Rive ရေမွှေးများကို European Union 🇪🇺 အတွင်းမှာရှိတဲ့ Poland နိုင်ငံ 🇵🇱 မှာ ပြုလုပ်တာဖြစ်တဲ့အတွက် International Fragrance Association (IFRA) ရဲ့ စံချိန်စံညွှန်းများအတိုင်း စံနစ်တကျဖန်တီးထားတာဖြစ်ပါတယ်။ ဒါကြောင့်အရည်အသွေးကို စိတ်ချစွာသုံးစွဲနိုင်ပါတယ်။

🔗 Official website -

https://www.yangonbrandedperfume.com/product-page/la-rive-sweet-hope-edp-perfume-for-women-90ml

 

🇪🇺 Country of origin - Poland/European Union

🇺🇸 Imported from USA (FragranceX/ New York)

🎁 Sealed original retail packaging

 

In stock ရှိတဲ့ La Rive perfume အားလုံးကို Yangon Branded official website မှာကြည့်နိုင်ပါတယ် - https://www.yangonbrandedperfume.com/larivepoland

La Rive Sweet Hope EDP Perfume for Women 90ml

K84,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page