top of page

Lacoste Pour Femme Legere Eau de Parfum for Women 90ml - K 205,900 (In stock)

 

Lacoste Pour Femme Legere ကအရင်ထွက်ခဲ့ဖူးတဲ့ မူရင်း Lacoste Pour Femme ရေမွှေးကို နွေရာသီမှာသုံးလို့ရအောင် fresh top notes တွေထည့်ပြီး ပြန်ပြင်ထားတဲ့ lighter summer version ဖြစ်ပါတယ်။ "Légère" ဆိုတာ အင်္ဂလိပ်လို "light" သို့မဟုတ် "soft" လို့ အဓိပ္ပါယ်ရတဲ့ ပြင်သစ်စကားလုံးဖြစ်ပါတယ်။

Lacoste Pour Femme Legere ရဲ့ ရနံ့ကို floral and fruity လို့ပြောလို့ရပြီး opening notes အနေနဲ့ grapefruit၊ ဘာဂါမုတ်၊ မန်ဒရင်လိမ္မော်နှင့် ပန်းရောင်ငရုတ်ကောင်း (bergamot, mandarin orange, and pink pepper) တွေပါပြီး heart note ကို စံပယ်ပန်း၊ ဟယ်လီယိုထရိုပီပန်းနှင့် အဖြူရောင်ပန်းရနံ့တွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဒါကြောင့်တော်တော်လေး ဖြစ်တဲ့ ပန်းနံ့သင်းသင်းလေးကို ရပါတယ်။ နောက်ဆုံး base note တွေကတော့ vetiver၊ tonka bean နှင့် cedar တွေပါလို့ နွေးထွေးပြီး အေးချမ်းတဲ့ cozy and soothing feel ခံစားရပါတယ်။

ယေဘုယျပြောရရင် Lacoste Pour Femme Legere ရဲ့ရနံ့ကအလွန်သာယာပြီး သုံးရလွယ်ကူပါတယ်။ အလွန်အမင်း ပြင်းတာ လေးလံတာတွေမရှိတဲ့အတွက် နေ့ခင်းဘက်အသုံးပြုဖို့ ပေါ့ပေါ့ပါးပါးအချိန်အခါမှာသုံးဖို့ သင့်လျော်ပါတယ်။

Lacoste Pour Femme Legere ပုလင်းက အလွန်ဆွဲဆောင်မှုရှိတဲ့ လေးဒေါင့် ဖန်ပုလင်းဖြစ်ပြီးနှင့် ငွေရောင် cap နဲ့လာပါတယ်။ သူ့မှာပါတဲ့ရေမွှေးလိုပဲ ရိုးရှင်းပြီး ပေးချင်တဲ့ message နဲ့အံဝင်ခွင်ကျရှိတဲ့ sleek and refined ဖြစ်တဲ့ ပုလင်းဒီဇိုင်းဖြစ်တယ်။ Lacoste မိကျောင်းလိုဂိုကို ပုလင်းရဲ့အရှေ့ဘက် ထင်ထင်ရှားရှားပြသထားပြီး ပုလင်းကိုအဖြူရောင် ယခင်ဗားရှင်းနှင့်ဆင်တူတဲ့ Lacoste လိုဂိုပါတဲ့ စက္ကူဗူးနဲ့ထည့်ထားပါတယ်။

သုံးရလွယ်ကူပြီး နွေမှာနေ့စဉ်သုံးဖို့ သင့်တော်တဲ့ fresh ပန်းရနံ့ရေမွှေးကို ရှာဖွေနေတယ်ဆိုရင် Lacoste Pour Femme Legere ကို သေချာပေါက် စဉ်းစားသင့်ပါတယ်။

Made in UK

Imported from USA (FragranceX/New York)

Sealed original retail packaging

https://www.yangonbrandedperfume.com/product-page/lacoste-pour-femme-legere

Review video - https://www.youtube.com/watch?v=V-bz3tcnMUo

Lacoste Pour Femme Legere Eau de Parfum for Women 90ml

K205,900.00Price
    bottom of page