top of page

Lancome Idole Now Eau de Parfum 50ml - K 249,000 (In stock/ Tester Packaging)

Lancôme Idôle line ထဲကမှ အသစ်ထွက်ထားတဲ့ Idôle Now က ပုံမှန် Idôle တွေထက်စာရင် ပိုပြီး Creamy ဖြစ်လာသလို အနံ့ကလည်း ပိုပြီး ပြည့်စုံ (Rich) လာပါတယ်။

🌿 စဖျန်းလိုက်တဲ့အချိန်မှာ လန်းဆန်းတဲ့ နှင်းဆီရနံ့လေးကို ခံစားရမှာပါ။ ဒါပေမယ့် ခဏနေရင် Orchid ရဲ့ ဆွဲဆောင်မှုရှိတဲ့ အနံ့နဲ့အတူ Base မှာပါတဲ့ Vanilla ကြောင့် နွေးနွေးထွေးထွေးနဲ့ တည်ငြိမ်တဲ့ အနံ့မျိုးကို ပြောင်းသွားပါတယ်။

✅ အရမ်းကြီး သကြားလုံးလို ချိုအီနေတာမျိုး မဟုတ်ဘဲ လူကြီးဆန်ဆန် ချိုအေးအေးလေးမို့ စိတ်ကို ကြည်လင်စေပါတယ်။ Idôle OG ထက်စာရင် ပိုလေးပြီး ပိုချိုတဲ့ဘက်ကို သွားချင်သူတွေအတွက် အထူးသင့်တော်ပါတယ်

✅ အခုလို မေလရဲ့ မီးလည်းခဏခဏပျက်၊ အပြင်ထွက်ရင်လည်း အရမ်းပူတဲ့ ရန်ကုန်ရာသီဥတုမှာ longevity က အရေးကြီးပါတယ်။ Idôle Now က ပုံမှန် Idôle ထက်စာရင် အနံ့ခံနိုင်ရည် (Longevity) ပိုကောင်းတာ တွေ့ရတယ်။ မနက်ဆွတ်ထားရင် နေ့လည်အထိ ကိုယ့်အနားမှာ သင်းနေမယ့် အမျိုးအစားပါ။ အလုပ်သွားတာပဲဖြစ်ဖြစ်၊ အပြင်သွားတာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။

✅ 50ml size က ပေါ့ပေါ့ပါးပါးနဲ့ အိတ်ထဲထည့်သွားလို့လွယ်တဲ့အတွက် ရေမွှေးကို ကိုယ်သွားတဲ့နေရာတိုင်းဆောင်သွားတဲ့သူတွေအတွက် ပိုပြီးတော့အဆင်ပြေတဲ့ဆိုဒ်မျိုးဖြစ်ပါတယ်။

✅ အနံ့လေးက တော်တော်လေး ဆွဲဆောင်မှုရှိပြီး Modern ဖြစ်တဲ့အတွက် ပန်းနံ့ကြိုက်တဲ့ သူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ ရေမွှေးတစ်မျိုးလို့ ပြောလို့ရပါတယ်။

✅ ဈေးကလည်း အခုလို discount ရတာတွေကိုဝယ်တယ်ဆိုရင် တော်တော်လေးတန်တာ တွေ့ရမှာဖြစ်ပါတယ်။

Made in France

Tester packaging

Official website -

https://www.yangonbrandedperfume.com/product-page/lancome-idole-now

Lancome Idole Now Eau de Parfum for Women 50ml Tester Packaging

MMK 249,000Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page