top of page

Lancome Miracle Eau de Parfum for Women 100ml - K 345,000 (In stock)

ထွက်တာ နှစ်တွေအများကြီးကြာပြီဖြစ်ပေမယ့် အခုအထိ လူသုံးများနေဆဲ Fruity Floral Spicy အမျိုးအစား ရေမွှေးဖြစ်ပါတယ်။ Master Perfumer ကြီးတွေဖြစ်တဲ့ Harry Fremont နဲ့ Alberto Morillas တို့ ဖန်တီးထားတာဖြစ်ပြီး "မနက်ခင်းသစ်ရဲ့ လန်းဆန်းမှုနဲ့ မျှော်လင့်ချက်" ဆိုတဲ့ vibe ကို အပြည့်အဝ ပေးပါတယ်၊၊

🌿 စဖြန်းလိုက်တာနဲ့ လိုင်ချီးရဲ့ ချိုချိုချဉ်ချဉ် သစ်သီးနံ့လေးနဲ့ Freesia ပန်းနံ့ သင်းသင်းလေးက တပြိုင်နက်တည်း စိတ်ကို ကြည်လင်လန်းဆန်းသွားစေပါတယ်။

🌿 Dry down ရောက်လာရင်တော့ Magnolia ပန်းနံ့အေးအေးလေးနဲ့အတူ Ginger နဲ့ Pepper ရဲ့ အနည်းငယ် Spicy ဖြစ်တဲ့ အမွှေးအကြိုင်နံ့လေး ပါဝင်လာတာမို့ ရိုးရိုးပန်းနံ့ မဟုတ်ဘဲ ဆွဲဆောင်မှုရှိတဲ့ Fresh Spicy Floral အဖြစ် ပြောင်းလဲသွားပါတယ်။

🌿 အဆုံးသတ် Base note မှာတော့ Musk နဲ့ Amber ရဲ့ နွေးထွေးယဉ်ကျေးတဲ့ အနံ့လေးနဲ့ ငြိမ့်သွားပြီး Clean & Classy ဖြစ်တဲ့ Vibe ကို ပေးပါတယ်၊၊

✅ မြန်မာပြည်ရဲ့ စိုထိုင်းဆများပြီး ပူအိုက်တဲ့ ရာသီဥတုမှာ အဆင်အပြေဆုံး ရေမွှေးထဲမှာ Miracle ပါပါတယ်။ ချိုလွန်းတဲ့ Gourmand ရေမွှေးတွေလို စိုထိုင်းဆများတဲ့အခါ အီလွန်းပြီး အနံ့မွှန်သွားတာမျိုး လုံးဝမဖြစ်ပါဘူး။

✅ မီးခဏခဏပျက်လို့ ယပ်တောင်ခတ်နေရချိန် သို့မဟုတ် ချွေးထွက်များချိန်မှာတောင် ခန္ဓာကိုယ်ကို လန်းဆန်းသန့်ရှင်းတဲ့ ခံစားချက်အပြည့် ပေးပါတယ်၊၊

✅ ရုံးတက်၊ ကျောင်းတက်၊ Daily wear၊ ပွဲတက်နဲ့ Casual Outing အကုန်လုံးနဲ့ လိုက်ဖက်ပါတယ်။

✅ ရေမွှေးအများကြီး ခွဲဝယ်စရာမလိုဘဲ Miracle တစ်ပုလင်းတည်းနဲ့ ရာသီမရွေး၊ ပွဲမရွေး သုံးလို့ရတာမို့ လက်ရှိ စီးပွားရေးအခြေအနေအရ အရမ်း တွက်ခြေကိုက်တဲ့ Signature Scent တစ်ခု ဖြစ်ပါတယ်။

✅ ပန်းနံ့သင်းသင်း၊ သန့်သန့်ပြန့်ပြန့်နဲ့ လူအများကြိုက်တဲ့ Feminine Vibes ကို နှစ်သက်သူတွေ

✅ အနံ့ပြင်းလွန်းတာမကြိုက်ဘဲ Elegant & Professional ဖြစ်တဲ့ ရုံးသုံး Signature ရေမွှေး ရှာနေသူတွေနဲ့ ပိုပြီးလိုက်ဖက်ပါတယ်။

Made in France

Sealed original retail packaging

Official website -

https://www.yangonbrandedperfume.com/product-page/lancome-miracle

Review -

https://youtu.be/k_zYEOqk9Hw

Yangon Branded Customer Service Viber - 0943065356 မှ order တင်နိုင်ပါတယ်။

Lancome Miracle Eau de Parfum for Women 100ml

MMK 345,000Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page