top of page

Lanvin A Girl in Capri EDT Perfume for Women 90ml - K 185,000 (In stock)

Capri ကျွန်းပေါ်က နေရောင်ခြည်နဲ့ ပင်လယ်လေညင်းကို ပုလင်းထဲထည့်ထားသလို Lanvin A Girl in Capri ☀️🍋

အီတလီနိုင်ငံရဲ့ Capri ကျွန်းလေးဆီကို အလည်ရောက်သွားသလို ခံစားမှုမျိုးပေးမည့် ရေမွှေးလေးတစ်မျိုးပါ။ ဖြန်းလိုက်တာနဲ့ နေရောင်အောက်မှာ လွတ်လပ်ပျော်ရွှင်နေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ပုံရိပ်ကို မြင်ယောင်စေမှာပါ။ စိတ်ထဲက ပူပင်စရာတွေကို ခဏမေ့ပြီး ပေါ့ပါးလန်းဆန်းသွားစေမဲ့ ခံစားချက်ကို ချက်ချင်းပေးနိုင်ပါတယ်။

🌀 ရနံ့အကြောင်း ...

🍋 Top Notes - ရေမွှေးစဖြန်းလိုက်တာနဲ့ Primafiore Lemon သံပုရာသီးစစ်စစ်နဲ့ Bergamot တို့ရဲ့ လန်းဆန်းတက်ကြွတဲ့ရနံ့က အရင်ဆုံးကြိုဆိုနေမှာပါ။ ဒီရနံ့က စိတ်ညစ်နေတုန်းဖြန်းလိုက်ရင်တောင် "ဒါငါ့ရဲ့နေ့ပဲ!" ဆိုပြီး အားရှိသွားစေမဲ့ အနံ့မျိုးပါ။

🌸 Middle Notes - ခဏကြာရင်တော့ ပင်လယ်လေပြေအနံ့ (Marine notes)၊ Grapefruit Blossom ပန်းရနံ့သင်းသင်းလေးနဲ့ Pink Pepper ရဲ့ စပ်ရှားရှားလေးက ပေါင်းစပ်ပြီး အီမသွားပဲတက်ကြွလန်းဆန်းတဲ့ ခံစားမှုကိုပေးပါတယ်။ ပင်လယ်ကမ်းစပ်မှာ ပန်းတွေပွင့်နေတဲ့ကြား လမ်းလျှောက်နေရသလိုမျိုးပါပဲ။

✨ Base Notes - အချိန်ကြာလို့ ကျန်ခဲ့တဲ့အနံ့ (Dry down) ကလည်း လူကိုခေါင်းမူးစေတဲ့ အပြင်းစားရနံ့တွေလုံးဝမဟုတ်ပါဘူး။ သစ်သားခြောက်နံ့သင်းသင်း (Driftwood)၊ White Musk ရဲ့ သန့်ရှင်းနူးညံ့တဲ့အနံ့နဲ့ Amber နွေးနွေးလေးတို့ကြောင့် ကိုယ့်အသားအရေပေါ်မှာ သင်းသင်းလေးကျန်ခဲ့ပြီး အရမ်းဆွဲဆောင်မှုရှိစေပါတယ်။

🌀 ဘယ်လိုလူတွေနဲ့ ဘယ်အချိန်သုံးဖို့သင့်တော်လဲ?

နေ့တိုင်းသုံးဖို့၊ သူငယ်ချင်းတွေနဲ့ chill ဖို့၊ ဒါမှမဟုတ် ပေါ့ပေါ့ပါးပါးနဲ့ uplifting ဖြစ်ချင်တဲ့နေ့မျိုးတွေအတွက် Perfect ပါပဲ။ ရာသီဥတုပူပူမှာသုံးရင်တောင် အီလည်လည်မဖြစ်ဘဲ ပျော်နေစေမှာပါ။

Made in France

Imported from USA (FragranceX New York မှ ကိုယ်တိုင်တင်သွင်းလာတာ ဖြစ်ပါတယ်)

Sealed original retail packaging

Official website -

https://www.yangonbrandedperfume.com/product-page/lanvin-a-girl-in-capri

Unboxing and review video - https://youtu.be/e_n6i_wsiK0?t=58

Lanvin A Girl in Capri EDT Perfume for Women 90ml

K185,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page