top of page

Lattafa Ajayeb Dubai Portrait ကတော့ သရက်သီးနံ့ကို ကြိုက်သူတွေအတွက် တကယ်ကို သဘောကျစရာ ရေမွှေးတစ်ခုပဲ။ ပန်းနံ့နဲ့ သစ်သားနံ့လေးတွေနဲ့လည်း မျှတအောင် ပေါင်းစပ်ထားတော့ မအီဘူး။ ပူတဲ့ရာသီဥတုရှိတဲ့ နေရာတွေနဲ့လည်း လိုက်ဖက်တယ်။ ထူးခြားပြီး ဈေးလည်းတန်တဲ့ mango scent ရေမွှေးရှာနေတယ်ဆိုရင်တော့ ဒါလေးကို စမ်းကြည့်ဖို့ အကြံပေးချင်ပါတယ်။

🌀 Packaging & presentation

ရွှေရောင်နဲ့ အဖြူရောင် colour tone လေးတွေနဲ့ဆိုတော့ ကြည့်လိုက်တာနဲ့ class ရှိတယ်။ အဖုံးကလည်း ကျစ်ကျစ်လစ်လစ်၊ စပရေးဖျန်းတဲ့ခေါင်းကလည်း သုံးရတာ တော်တော်အဆင်ပြေတယ်။

🌿 ရေမွှေးနံ့တွေကတော့

Top Notes - လိမ္မော်သီး၊ သံပုရာသီးနံ့တွေ

Middle Notes - သရက်သီး၊ Osmanthus ပန်း၊ စံပယ်ပန်း

Base Notes - စန္ဒကူး၊ ပယင်း၊ ကတိုး၊ အာဂါဝုဒ်

Opening စဖျန်းဖျန်းချင်း ရလိုက်တာကတော့ လိမ္မော်သီးနဲ့ သံပုရာသီးရဲ့ လန်းဆန်းတဲ့အနံ့ပဲ။ တကယ် fresh ဖြစ်တယ်။ နည်းနည်းလေးကြာတော့ သရက်သီးနံ့က တော်တော်လေးထင်ရှားလာတယ်။ ချိုချိုမွှေးမွှေးလေး။ Osmanthus နဲ့ စံပယ်ပန်းနံ့လေးတွေကလည်း သရက်သီးနံ့ကို ပိုပြီး ဆွဲဆောင်မှုရှိသွားစေတယ်။

အချိန်တော်တော်ကြာသွားတော့ အောက်ခံနံ့ဖြစ်တဲ့ စန္ဒကူး၊ ပယင်း၊ ကတိုး နဲ့ အာဂါဝုဒ်နံ့တွေ ပေါ်လာတယ်။ အာဂါဝုဒ်က သိပ်မပြင်းဘူး၊ သိမ်သိမ်မွေ့မွေ့လေးပဲ။ အားလုံးခြုံလိုက်ရင် နွေးထွေးပြီး သစ်သားနံ့သင်းသင်းလေး ကျန်ခဲ့တယ်။ ကျွန်တော်တော့ ကြိုက်တယ်။

📈 စဖျန်းတုန်းတော့ အနံ့လေးက ဝေ့နေတာ၊ နောက်ပိုင်းကျတော့ ကိုယ်နားကပ်မှ ပိုရတော့တယ်။ အင်္ကျီပေါ်မှာဆိုရင်တော့ အင်္ကျီ fabric အမျိုးအစားပေါ် မူတည်ပြီး တစ်ခါတစ်လေ လေးနာရီလောက်ရပြီး တစ်ခါတစ်လေ နောက်နေ့အထိ နည်းနည်းရပါတယ်။

🌞 ဘယ်အချိန်တွေ သုံးလို့ကောင်းလဲ

နေ့ခင်းဘက်တွေအတွက်တော့ ရှယ်ပဲ။ သူငယ်ချင်းတွေနဲ့ ကော်ဖီဆိုင်ထိုင်တာတို့၊ အေးဆေး လျှောက်လည်တာတို့၊ ဈေးဝယ်ထွက်တာတို့နဲ့ဆို တော်တော်အဆင်ပြေတယ်။ သူ့ရဲ့ လန်းဆန်းတဲ့ သစ်သီးနံ့လေးတွေကြောင့်ပေါ့။ ညဖက်နဲ့ မလိုက်ဘူး။

🧑‍🤝‍🧑 ဘယ်သူတွေနဲ့ ပိုကိုက်မလဲ

Unisex လို့ပြောပေမယ့် သစ်သီးနံ့နဲ့ ပန်းနံ့ဘက်ကို နည်းနည်းပိုအားသန်တော့ မိန်းကလေးတွေနဲ့ ပိုလိုက်ဖက်ပါမယ်။ ဒါပေမဲ့ ယောက်ျားလေးတွေလည်း သုံးလို့ဖြစ်ပါတယ်၊ သူ့ရနံ့က မျှတတော့ ဘယ်သူမဆို သဘောကျမှာပါ။

🔄 တခြားရေမွှေးတွေနဲ့ နှိုင်းယှဉ်ကြည့်ရရင်

တချို့ပြောသလိုပဲ Stéphane Humbert Lucas Mango Kiss နဲ့ နည်းနည်းဆင်တူတယ်လို့ ခံစားမိတယ်။ Mango Kiss က ဈေးတော်တော်ကြီးတော့ သရက်သီးနံ့လေးကြိုက်တဲ့သူတွေအတွက် Ajayeb Dubai Portrait က ဈေးသက်သာတဲ့ alternative ကောင်းတစ်ခုပဲ။

Fragrantica မှာတောင် လူ ၁၈ဝ လောက်က Mango Kiss နဲ့တူတယ်၊ Mango Kiss က သူ့ထက် ၁၀ ဆလောက် ဈေးကြီးတယ်ဆိုပြီး ပြောထားကြတာ။

🌿 အားသာချက်တွေက

// သရက်သီးနံ့လေးက တကယ်ထူးခြားပြီး မွှေးတယ်။

// ဈေးကလည်း တော်တော်လေးကို တန်တယ်။

// ညဖက်ကလွဲလို့ နေရာတော်တော်များများ၊ အချိန်တော်တော်များများ သုံးလို့အဆင်ပြေတယ်။

🌿 အားနည်းချက်က

// တချို့ ချိုတဲ့အနံ့သိပ်မကြိုက်တဲ့သူတွေအတွက်တော့ နည်းနည်းချိုလွန်းတယ်လို့ ထင်နိုင်တယ်။

// ဈေးကြီးပြီး အနံ့အရမ်းခံတဲ့ niche ရေမွှေးတွေနဲ့ ယှဉ်လိုက်ရင်တော့ အနံ့စွဲတာ နည်းနည်းအားနည်းတယ်လို့ ခံစားရနိုင်တယ်။

Lattafa Ajayeb Dubai Portrait Eau de Parfum (In stock)

# 100ml - K 99,000

# 10ml decant (glass sprayer) - K 19,000

# 10ml decant (aluminium sprayer) - K 21,000

# 37ml decant (glass sprayer) - K 57,000

Made in UAE

Sealed original retail packaging (for 100ml)

Official website -

https://www.yangonbrandedperfume.com/product-page/lattafa-ajayeb-dubai-portrait

Lattafa Ajayeb Dubai Portrait Eau de Parfum Unisex 100ml / 10ml / 37ml

K99,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page