top of page

Lattafa Atlas Eau de Parfum (In stock)

# 55ml - K 149,900 

# 5ml decant - K 19,900

# 10ml decant - K 35,900

Sea note ကြိုက်သူတွေအတွက်အသစ်ဝင်တဲ့ marine scent စစ်စစ်အမျိုးသားသုံးရေမွေးဖြစ်ပါတယ်။

Top notes -  Salt, Sea Notes and Lemon

Middle notes - Davana and Iris

Base notes - Ambergris, Oakmoss and Sandalwood

Perfume rating 4.28 out of 5 with 471 votes

Retail price 50ml ကို 13 သိန်းလောက်ပေးရတဲ့ Orto Parisi Megamare နဲ့တူတယ်လို့သုံးပြီးသူ 190 က Fragrantica မှာ vote လုပ်ထားပါတယ်။ 

ကိုယ်တိုင်စမ်းကြည့်တာ linen shirt ပေါ်မှာ ၈ နာရီကျော်ခံပါတယ်။ အသားပေါ်ဖြန်းတာထက် အဝတ်ပေါ်ဖြန်းတာပိုကောင်းတဲ့ အနံ့အမျိုးအစားဖြစ်ပါတယ်။ Ambergris (Ambroxan) နဲ့ oakmoss အများကြီးပါတဲ့အတွက် Nose blind ဖြစ်ဖို့လွယ်တဲ့အမျိုးအစားဖြစ်လို့ နှာခေါင်းနဲ့နည်းနည်းဝေးတဲ့နေရာတွေမှာ သုံးဖို့လိုပါတယ်။

Niche ရေမွှေးပုံစံဖက်သွားတဲ့အတွက် ရေမွှေး အခုမှစသုံးတဲ့သူတွေအတွက် အဆင်ပြေမှာမဟုတ်ပါဘူး။ Marine scent type ရေမွှေးအမျိုးအစား တော်တော်များများသုံးပြီးသူတွေနဲ့သာ လိုက်ဖက်ပါလိမ့်မယ်။ Unisex လို့ Lattafa ကကြော်ငြာပေမယ့် အမျိုးသားတွေနဲ့သာ လိုက်ဖက်တာတွေ့ရပါတယ်။

Megamare လောက်မပြင်းပေမယ့် Longevity/ Projection နှစ်မျိုးလုံးတော်တော်ကောင်းပါတယ်။

ပုလင်းနဲ့ ဗူးခွံနဲ့ presentation တွေကလဲတော်တော်လေးလှပါတယ်။ ရေမွှေးအနံ့နည်းနည်းပြင်းပြင်းကြိုက်သူတွေကို လက်ဆောင်ပေးမယ်ဆိုရင် အဆင်ပြေတဲ့ budget friendly လည်းဖြစ် quality လည်းကောင်းတဲ့ Eau de Parfum ရေမွှေးဖြစ်ပါတယ်။

https://www.yangonbrandedperfume.com/product-page/lattafa-atlas-eau-de-parfum-55ml

Lattafa Atlas Eau de Parfum 55ml

K149,900.00Price
    bottom of page