top of page

Lattafa Ejaazi Intensive Silver Eau de Parfum (In stock)

# 100ml - K 145,000

# 10ml decant (glass sprayer) - K 24,000

# 10ml decant (aluminium sprayer) - K 27,000

# 37ml decant (glass sprayer) - K 69,000

🌿 ရုံးသုံးအတွက် Luxury ရနံ့တွေလို လန်းဆန်းပြီး ခေတ်မီသိမ်မွေ့တဲ့ ရနံ့ကိုကြိုက်ပေမယ့် ဈေးကြီးတာမဝယ်ချင်ဘူးဆိုရင် Lattafa Ejaazi Intensive Silver က မိတ်ဆွေအတွက်ဖြစ်နိုင်ပါတယ်။

🔥 Amazon rating 4.3 out of 5 နဲ့ Fragrantica rating 4 out of 5 ဖြစ်တာမို့ လူကြိုက်တော်တော်လေးများတဲ့ value for money ရေမွှေးပါ။

🌿 Citrus ရနံ့တွေနဲ့ စပြီး သစ်သားနံ့နဲ့ musky dry-down ရှိတာကြောင့် မြန်မာရာသီဥတုအတွက် ကောင်းတဲ့၊ အချိန်တော်တော်ကြာ လန်းဆန်းစေမယ့် eau de parfum concentration ရှိတဲ့ရနံ့ပါ။

🌿 Fragrance Notes

// Top note – လန်းဆန်းတဲ့ citrus ရနံ့

ပထမဆုံး spray ဖျန်းလိုက်တာနဲ့ mandarin orange နဲ့ grapefruit ရနံ့တွေက လန်းပြီး ယုံကြည်မှုရှိစေတဲ့ vibe ပေးတယ်။ ချွေးတွေပြန်ပြီး လန်းချင်တဲ့နေ့တွေမှာ အကောင်းဆုံးပါ။

// Mid notes – သစ်သားနဲ့ aquatic ရနံ့ရောထားတဲ့ သိမ်မွေ့မှု

Citrus ရနံ့တွေ အေးသွားတာနဲ့ sea notes နဲ့ cedarwood တို့က ရေကန်အေးအေးလေးထဲ ရောက်သွားသလို fresh ဖြစ်စေတယ်။ Office for Men နဲ့ La Nuit de L’Homme Eau Électrique တို့နဲ့ vibe တူတယ်။

// Base note – နွေးထွေးပြီး ယောင်္ကျားဆန်တဲ့ musky ရနံ့

Amber နဲ့ moss ရနံ့တွေနဲ့ နှစ်ချိုက်စရာ dry-down ရှိတယ်။ Kilian Vodka on the Rocks လို musky-woody ရနံ့ကိုကြိုက်ရင် ဒါကိုလည်း ကြိုက်မှာပါ။

🌀 ဘယ်သူတွေသုံးသင့်လဲ?

✔ လန်းဆန်းပြီး သိမ်မွေ့တဲ့ ရနံ့ကိုလိုချင်တဲ့သူတွေ

✔ Kilian Vodka on the Rocks, YSL La Nuit de L’Homme Eau Électrique, Office for Men တို့လို luxury ရနံ့တွေကိုကြိုက်ပေမယ့် ဈေးနှုန်းသက်သာတာကို ရှာနေသူတွေ

✔ ရုံးမှာ၊ အလုပ်မှာ confident ဖြစ်ချင်သူတွေ

✔ Citrus, woody, aquatic ရနံ့တွေကိုကြိုက်သူတွေ

🌀 ဘယ်လိုအခြေအနေမှာ သုံးသင့်လဲ?

✔ ရုံး/အလုပ် – Clean, professional vibe အတွက်

✔ နေ့စဉ်သုံး – လွယ်လွယ်နဲ့ fresh ဖြစ်ချင်ရင်

✔ Date night – Dry-down မှာ နည်းနည်း sensual touch ပါတယ်

✔ ခရီးထွက်တဲ့အခါ – Sea notes တွေက လန်းစေတယ်

✅ ဈေးမကြီးဘဲ အရည်အသွေးကောင်းတဲ့ မြန်မာနိုင်ငံရာသီနဲ့ အဆင်ပြေတဲ့ရေမွှေးကို ရှာနေတယ်ဆိုရင် Ejaazi Intensive Silver က အကောင်းဆုံး value buy ရွေးချယ်စရာတွေထဲမှာ တစ်ခုပါပဲ။

✅ Lattafa Ejaazi Intensive Silver ရဲ့ နောက်ထပ် ထူးခြားတဲ့အချက်တစ်ခုက သူ့ရဲ့ ပုလင်းဒီဇိုင်းပဲ။ ဒါက သာမန် Made in UAE ရေမွှေးပုလင်းတွေထက် ဈေးကြီးတဲ့ ဒီဇိုင်နာရေမွှေးပုလင်းတွေနဲ့ ပိုတူတယ်။

✅ UAE ရေမွှေးအများစုက အဆင်အပြင်တွေများပြီး အရမ်းလှအောင် လုပ်ထားတဲ့ ပုလင်းတွေနဲ့ လာတာများတယ်။ ဒါပေမဲ့ Ejaazi Intensive Silver ကတော့ ပိုပြီး ရိုးရှင်းပြီး ခေတ်မီတဲ့ပုံစံကို သုံးထားတယ်။

✅ ပုလင်းက တောင့်တင်းပြီး သေသေချာချာ လုပ်ထားတဲ့ ပုံပေါ်တယ်။ ကိုင်ကြည့်လိုက်ရင်လည်း လေးလေးပင်ပင်ရှိပြီး ဈေးကြီးတဲ့ ခံစားချက်မျိုးရတယ်။ အဖုံးက ရိုးရှင်းပေမဲ့ ကြည့်ကောင်းတယ်။

✅ ပြီးတော့ Spray ခေါင်းကလည်း မှုန်မှုန်လေးပဲ ထွက်တာမို့ သုံးရတာ အဆင်ပြေတယ်။ ဒါကြောင့်လက်ဆောင်ပေးဖို့ဝယ်မယ်ဆိုရင်လည်း ခေတ်မီပြီး ရိုးရိုးရှင်းရှင်းနဲ့ ခန့်ညားတဲ့ ပုံစံကို ကြိုက်တဲ့သူတွေအတွက် စိတ်အေးအေးနဲ့ရွေးနိုင်တဲ့ ရေမွှေးအမျိုးအစားကောင်း တစ်ခုပါပဲ။

✅ လူတွေမကြိုက်တဲ့ note အပြင်းတွေလုံးဝမပါတဲ့ အပြင်ဈေးကလည်း အရမ်းသက်သာတာမို့ လုံးဝ blind buy safe ဖြစ်တဲ့အပြင် နယ်က customer တွေဆိုရင် အနံ့စမ်းလို့ရအောင် 10ml/37 Decant တွေလည်း ဝယ်လို့ရပါသေးတယ်။

✅ ရနံ့ပြင်းတဲ့ရေမွှေးမဟုတ်တဲ့အတွက် ပုံမှန်ရနံ့သင်းသင်းရေးမွှေးတွေကို ကြိုက်တဲ့သူတွေ / ရုံးသုံးနေ့စဉ်သုံး ရေမွှေးကောင်းကောင်းတစ်ခု ရှာနေတဲ့သူတွေကို ဝယ်ဖို့အကြံပြုပါတယ်။

အနံ့ပြင်းတာ ကြိုက်တယ်ဆိုရင်တော့ Lattafa brand မှာပဲ တခြားပိုပြင်းတဲ့ရေမွှေးတွေရှိတဲ့အတွက် ပြောပြပေးလို့ရပါတယ်။

Official website -

https://www.yangonbrandedperfume.com/product-page/lattafa-ejaazi

Made in UAE

Imported from Singapore

Sealed original retail packaging

Lattafa Ejaazi Intensive Silver Eau de Parfum 100ml & 10ml / 37ml decant

MMK 145,000Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page