Lattafa Fakhar Platin Eau de Parfum for Men
# 100ml full size - K 139,000
# 10ml Decant (glass sprayer) - K 22,000
# 10ml Decant (aluminium sprayer) - K 25,000
# 37ml Decant (glass sprayer) - K 69,000
Lattafa Fakhar Platin Review (အသစ်ထွက်ထားတဲ့ "Y Elixir" ရဲ့ Clone လေး)
အရင်ရှိပြီးသား Fakhar Black (Silver/Black ပုလင်း) က YSL Y EDP clone ဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။ အခု ဒီ Platin ကတော့ YSL ရဲ့ Y series ထဲမှာ နောက်ဆုံးထွက် Y Elixir ကို Clone ထားတာလို့ နာမည်ကြီးပါတယ်။
🌿 ပထမဆုံးဖြန်းလိုက်တာနဲ့ Fresh & Spicy ဖြစ်တဲ့ ခံစားချက်ကို အရင်ပေးတယ်။ Bergamot, Cardamom နဲ့ Pink Pepper ပါဝင်လို့ လန်းဆန်းပြီး နည်းနည်းစပ်တဲ့ အနံ့လေးနဲ့ စတယ်။
🌿 Heart Note မှာ Guava (မာလကာသီး) အနံ့လေး ပါလာတာက တော်တော်လေး ထူးခြားတယ်။ ပြီးတော့ Lavender နဲ့ Ginger ပါဝင်လို့ အနံ့က Clean ဖြစ်ပြီး သန့်သန့်ပြန့်ပြန့်ရှိတယ်။
🌿 Base Note မှာတော့ Palo Santo နဲ့ Incense နံ့ ခပ်ဖျော့ဖျော့လေး ကြောင့် နည်းနည်း ခန့်ညားပြီး တည်ငြိမ်တဲ့ သစ်သားနံ့လေးနဲ့ ပိတ်သွားတယ်။
အနံ့က တော်တော်လေး modern ဖြစ်တယ်။ ယောကျ်ားပီသတယ်၊ ဒါပေမဲ့ ချိုအီမနေဘဲ သန့်သန့်လေးနဲ့ luxury ဆန်တဲ့အနံ့မျိုးပါ။
🌿 Review အတော်များများကတော့ YSL Y Elixir နဲ့ ၈၀-၉၀% လောက် တူတယ်လို့ ဆိုကြတယ်။ ဒါပေမဲ့ Lattafa က အဲဒီထဲကို "မာလကာသီး" အနံ့လေး ထပ်ဖြည့်လိုက်တော့ နည်းနည်းလေး ပိုပြီး tropical ဆန်သွားတယ်။
🌿 သူ့ရဲ့ neutral ဖြစ်တဲ့ note တွေကြောင့် ရာသီ နေရာမရွေး သုံးလို့ရတယ်။.ရုံးတက်၊ ကျောင်းတက် သုံးဖို့အတွက် ဖြစ်ဖြစ်၊ ညဘက် dinner သွားတာပဲဖြစ်ဖြစ်၊ date သွားတာပဲဖြစ်ဖြစ် လူကြီးလူကောင်းဆန်ဆန်နဲ့ ဆွဲဆောင်မှုရှိစေမယ့် အနံ့မျိုး။
မြန်မာပြည်လို ပူတဲ့အချိန်မှာလည်း (အများကြီးမသုံးရင်) သုံးလို့ရသလို၊ မိုးတွင်း/ဆောင်းတွင်းမှာလည်း အဆင်ပြေတယ်။
✅ ဈေးသက်သာတယ် (Budget Friendly)၊ ပုလင်းဒီဇိုင်းကလည်း တော်တော်လှတယ် (Display ထားရင်တောင် အထာကျတယ်)၊ လူကြိုက်များမယ့် DNA မျိုးဖြစ်လို့ Blind Buy လုပ်ရင်တောင် မှားဖို့ခဲယဉ်းတယ်။
🎈 အားနည်းချက်တခုက အနံ့က တစ်ခါတလေကျရင် နည်းနည်းလေး synthetic ဆန်ဆန် ဖြစ်နေတတ်တယ်။ ဖြန်းပြီးတာနဲ့ ချက်ချင်းကြီး နှာခေါင်းကပ်မနမ်းဘဲ ၁၀ မိနစ်လောက် စောင့်လိုက်ရင်တော့ ပို natural ဖြစ်တဲ့အနံ့ကို ရပါလိမ့်မယ်။
✅ Clean, Fresh & Woody ဖြစ်တဲ့ ယောကျ်ားပီသတဲ့အနံ့ကို ကြိုက်တယ်၊ ဈေးကြီးတဲ့ YSL Y Elixir ကို အနီးစပ်ဆုံး ခံစားချင်တယ်၊ ဈေးလည်း အရမ်းမသုံးချင်ဘူးဆိုရင်တော့ Fakhar Platin က လက်မလွှတ်သင့်တဲ့ budget friendly perfume တစ်ခုပါ။ ဈေးနှုန်းနဲ့ ပြန်ရတဲ့ quality ကတော့ တော်တော်လေး တန်တယ်လို့ ပြောရမှာပါ။
Official website -
https://www.yangonbrandedperfume.com/product-page/lattafa-fakhar-platin
Fakhar series ထဲမှာ YSL Y EDP နဲ့ဆင်တဲ့ Fakhar Black နဲ့ 1 Million Parfum version နဲ့ ဆင်တဲ့ Fakhar Extrait (Gold) တွေလဲ ready in stock ရှိပါတယ်။ သုံးမျိုးလုံးက ပေးရတဲ့ဈေးတန်အောင် performance ပြန်ရတဲ့ value buy တွေပါပဲ။
// 100ml size ပုလင်းကြီးဝယ်ချင်တဲ့ customer တွေဆိုရင် ရန်ကုန်အိမ်မှာ အရင်လာစမ်းပြီးမှဝယ်လို့ရပါတယ်။ Decant တွေကိုတော့ delivery Prepaid Service တစ်မျိုးထဲနဲ့ပဲ ရောင်းပါတယ်။
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K139,000.00Price
bottom of page
