top of page

Lattafa His Confession Eau de Parfum for Men 100ml - K 145,000 (In stock)

Lattafa His Confession ကို 100ml တစ်ပုလင်းကို ၁၄ သိန်းကျော်တဲ့ Celine Black Tie ရဲ့ alternative တစ်ခုလို့ပြောလို့ရပါတယ်။

Celine Black Tie ကိုမသိသေးဘူးဆိုရင် သူ့အနံ့က iris အနံ့ပြင်းပြင်းလေးတွေပါတဲ့ Givenchy Gentleman Eau de Parfum / Dior Homme Intense / Valentino Uomo Intense လိုမျိုး ရေမွှေးရနံ့တွေနဲ့ တူပါတယ်။ ဒါပေမယ့် His Confession က Black Tie နဲ့ ပိုနီးစပ်ပါတယ်။

သူ့မှာပါတဲ့ iris က lipsticky ဖြစ်တဲ့ iris အနံ့မျိုးမဟုတ်ဘဲ ပိုချောမွေ့ပြီး ခရင်မ်လိုအနံ့ဖြစ်နေလို့ပါ။

*Opening notes* တွေမှာပါတဲ့ ပန်းလိမ္မော်နဲ့ လာဗန်ဒါတွေရဲ့ လတ်ဆတ်တဲ့ရနံ့ နဲ့ နွေးထွေးတဲ့ cinnamon ရနံ့တွေက စဖြန်းဖြန်းချင်းပဲ ချက်ချင်းကို လူကို impressive ဖြစ်သွားစေတယ်။

*Mid notes* တွေဖြစ်တဲ့ Iris၊ ဆိုက်ပရက်စ် နဲ့ benzoin တို့က နက်ရှိုင်းပြီး ပိုပြီးခေတ်မီတဲ့ အဆင့်ရှိတဲ့ရေမွှေးဆိုတဲ့ ခံစားချက်မျိုးကိုပေးတယ်။

နောက်ဆုံး *base notes* မှာတော့ ဗနီလာ၊ tonka bean၊ ပက်ချူလီ၊ Cedarwood၊ incense နဲ့ amber တို့ရဲ့ ချိုသင်းနွေးထွေးပြီး ယောက်ျားဆန်တဲ့ ခံစားမှုအပြည့်ရှိတဲ့အနံ့က ကြာရှည်ခံပြီး မမေ့နိုင်တဲ့ ခန့်ညားပြီး ဆွဲဆောင်မှုရှိတဲ့ အမှတ်တရ ရနံ့တစ်ခုအဖြစ်ကျန်စေခဲ့ပါတယ်။

ညဘက်တွေ၊ Date တွေနဲ့ Aircon ရှိတဲ့အခန်းအတွက် အရမ်းသင့်တော်ပြီး သူ့ရဲ့ ရဲရဲဝံ့ဝံ့ ယောက်ျားဆန်တဲ့အပြင် ကြွယ်ဝပြီးနူးညံ့တဲ့ iris အနံ့တွေက တခြားသူတွေသုံးတဲ့ ရေမွှေးတွေနဲ့မတူပဲ ထူးခြားပေါ်လွင်နေမှာဖြစ်ပါတယ်။

Celine Black Tie အနံ့အတိုင်း အတိအကျလိုချင်တယ် ပိုက်ဆံဘယ်လောက်ဖြစ်ဖြစ် ပေးမယ်ဆိုရင်တော့ အကောင်းဆုံးက Celine ကိုပဲဝယ်တာ ကောင်းပါတယ်။ ဒါပေမဲ့ ရေမွှေးအတွက် အဲ့ဒီလောက်ပိုက်ဆံမသုံးချင်ဘူး နေ့တိုင်း casual use အနေနဲ့သုံးဖို့ manly scent တစ်ခု ဈေးသင့်တာလိုချင်တယ်ဆိုရင်တော့ His Confession ကိုရွေးတာမမှားပါဘူး။

Made in UAE

Sealed original retail packaging

Official website -

https://www.yangonbrandedperfume.com/product-page/lattafa-his-confession

Lattafa His Confession Eau de Parfum for Men 100ml

K145,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page