top of page

Lattafa Nashama Caprice Eau de Parfum for Men

# 100ml - K 159,000

# 10ml decant (glass sprayer) - K 23,000

# 10ml decant (aluminium sprayer) - K 26,000

# 37ml decant (glass sprayer) - K 79,000

YSL La Nuit de L'homme Bleu Electrique ကို သတိရစေမယ့် Cardamom ရနံ့သင်းသင်းနဲ့ ဆွဲဆောင်မှုရှိတဲ့ အမျိုးသားရေမွှေး

YSL ရဲ့ နာမည်ကြီး La Nuit de L'homme Bleu Electrique ရနံ့ကို ကြိုက်တဲ့ bro တို့အတွက် quality လည်းကောင်း ဈေးလည်းတန်တဲ့ ရေမွှေးကောင်းတစ်လက်ကို ရှာနေတာလား? ဒါဆိုရင်တော့ Nashama Caprice က အကောင်းဆုံး အဖြေတစ်ခုဖြစ်မှာ သေချာပါတယ်။

💖 ဒီရေမွှေးရဲ့ ရနံ့က ဘယ်လိုရှိမလဲ?

Cardamom ရနံ့ကို အဓိကထားပြီး ဖန်တီးထားတဲ့အတွက် စစဆွတ်လိုက်တာနဲ့ နွေးထွေးပြီး ဆွဲဆောင်မှုရှိတဲ့ spice ရနံ့လေးကို ခံစားရမှာပါ။ သူ့ရဲ့ Top Note တွေဖြစ်တဲ့ Cardamom၊ ဂျင်း၊ Bergamot နဲ့ သံပုရာရနံ့တွေက လန်းဆန်းပြီး တက်ကြွတဲ့ ခံစားချက်ကိုပေးပါတယ်။

သိပ်မကြာခင်မှာပဲ Lavender၊ Geranium ပန်းရနံ့သင်းသင်းလေးတွေနဲ့ Mint ရဲ့ အေးမြတဲ့ရနံ့က ထပ်ပေါင်းလာပြီး သန့်ပြန့်စမတ်ကျတဲ့ လူကြီးလူကောင်းဆန်ဆန် vibe ကို ရရှိစေမှာပါ။

နောက်ဆုံး Base Notes မှာတော့ Amber၊ Cedarwood နဲ့ Vetiver တို့ရဲ့ သစ်သားရနံ့နွေးနွေးလေးတွေနဲ့ အဆုံးသတ်ထားတဲ့အတွက် တစ်နေကုန်ဆွတ်ထားရင်တောင် ရနံ့က ငြီးငွေ့မသွားဘဲ ပိုပြီးဆွဲဆောင်မှုရှိလာစေပါတယ်။

❣️ နေရာမရွေး၊ အချိန်မရွေး သုံးဖို့အဆင်ပြေလား?

ဒါကတော့ သူ့ရဲ့ အကြီးမားဆုံး အားသာချက်ပါပဲ။ ရနံ့က အရမ်းပြင်းထန်လွန်းတာမျိုး မဟုတ်ဘဲ သင်းသင်းလေးနဲ့ ကြာရှည်ခံတော့ နေရာတကာအတွက် အဆင်ပြေပါတယ်။

// ရုံးတက်၊ Meeting သွားမလား? - Professional ကျပြီး ယုံကြည်မှုအပြည့်ရှိတဲ့ ရနံ့ကိုပေးစွမ်းနိုင်တယ်။

// Gym ကစား၊ Shopping ထွက်မလား? - လူကြားထဲမှာ သန့်ရှင်းလန်းဆန်းနေစေတယ်။

// Date Night / သူငယ်ချင်းတွေနဲ့ တွေ့မလား? - ဆွဲဆောင်မှုရှိပြီး စကားစမြည်ပြောချင်စရာ ရနံ့မျိုးပါ။

// ရာသီဥတုမရွေး၊ နေ့ညမရွေး သုံးနိုင်တာမို့ ကိုယ့်ရဲ့ Signature Scent အဖြစ် သုံးဖို့အထိ ကောင်းပါတယ်။

🎁 လက်ဆောင်ပေးဖို့ဆိုရင်ရော?

လုံးဝ အမိုက်စားပါပဲ။ ပုံထဲမှာ မြင်ရတဲ့အတိုင်း ပုလင်းရော ဘူးခွံပါ premium ဆန်ဆန် (စက္ကူဘူး အဖွင့်ဖုံးမှာတောင် magnetic အဖုံးထည့်ပေးထားတာ) လှပသေသပ်တာမို့ ပေးရတဲ့ဈေးနှုန်းထက် အများကြီးပိုတန်တဲ့ လက်ဆောင်တစ်ခု ဖြစ်စေမှာပါ။ လက်ဆောင်ရတဲ့သူလည်း ကျိန်းသေကြိုက်နှစ်သက်စေမယ့် ရနံ့နဲ့ ဒီဇိုင်းမျိုးပါ။

Designer ရေမွှေးတွေလို ရနံ့ကောင်း၊ Quality ကောင်းပြီး ဈေးနှုန်းသက်သာတာမို့ ရေမွှေးစသုံးမယ့်သူတွေရော၊ ရေမွှေးဝါသနာအိုးတွေပါ လက်မလွှတ်သင့်တဲ့ Lattafa Nashama Caprice ကို အမြန်ဆုံး ဆောင်ထားလိုက်တော့နော်။ ❣️

Official website -

https://www.yangonbrandedperfume.com/product-page/lattafa-nashama-caprice

Video reviews -

https://youtu.be/8joGDRLIAtI

Unboxing -

https://youtube.com/shorts/yVhsFRiWSZg

// 100ml size ပုလင်းကြီးဝယ်မယ်ဆိုရင် ရန်ကုန်အိမ်မှာ အရင်လာ အနံ့စမ်းပြီး ကိုယ်တိုင်လာဝယ်လို့ရပါတယ်။ Decant တွေကိုတော့ prepaid delivery service နဲ့ပဲရောင်းပါတယ်။

Order မယ်ဆိုရင် Yangon Branded Customer Service Viber 0943065356 ကိုဆက်သွယ်နိုင်ပါတယ်။

Lattafa Nashama Caprice Eau De Parfum for Men 100ml / 10ml / 37ml

MMK 159,000Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page