top of page

Parfums de Marly Layton Eau de Parfum for Men (In stock)

# 200ml - K 1,260,000

# Travel Set (10ml x 3 pcs / No cellophane) - K 430,000

# 10ml decant - K 79,000

# 10ml decant (twist sprayer) - K 81,000

Parfums de Marly ရေမွှေးတွေထဲမှာ လူကြိုက်အများဆုံး လူသုံးအများဆုံး oriental spicy ရနံ့ရေမွှေးဖြစ်ပါတယ်။ လတ်ဆတ်တဲ့ သစ်သီးနံ့၊ spicy ဖြစ်တဲ့ ပန်းနံ့၊ နွေးထွေးတဲ့ creamy ဖြစ်တဲ့ base note ရနံ့တွေနဲ့ ပြည့်စုံပါတယ်။

Top Notes: Bergamot, Lavender, Mandarin Orange, Apple

Heart Notes:.Geranium, Jasmine, Violet, Pepper

Base Notes: Vanilla, Sandalwood, Guaiac Wood, Amber, Musk, Cardamom

စဖြန်းလိုက်ချိန်မှာ bergamot နဲ့ ပျားလိမ္မော်ရဲ့ လတ်ဆတ်တဲ့ အနံ့တွေနဲ့ စတင်ပါတယ်။ ပန်းသီးက ချိုမြိန်တဲ့ အနံ့လေးနဲ့ ပြည့်စုံစေပြီး လာဗင်ဒါက နူးညံ့တဲ့ herbal ရနံ့လေးနဲ့ လန်းဆန်းစေပါတယ်။

အချိန်ခဏအကြာမှာ geranium နဲ့ စံပယ်တို့က နူးညံ့တဲ့ ပန်းနံ့ကို ဖန်တီးပေးပါတယ်။ ဗိုင်ယိုလက်က ချိုမြိန်တဲ့ အနံ့လေးနဲ့ pepper က နွေးထွေးတဲ့ spice ရနံ့လေးနဲ့ အနံ့ကို ပိုမိုနက်ရှိုင်းစေပါတယ်။

Layton ရဲ့ base note က နွေးထွေးပြီး ဗနီလာနဲ့ amber က ခရင်မ်လို ချိုမြိန်တဲ့ အနံ့ကို ဖန်တီးပေးပြီး sandalwood နဲ့ Guaiac Wood က သစ်သားရနံ့လေးနဲ့ ချောမွေ့စေပါတယ်။ Musk က သန့်ရှင်းတဲ့ အနံ့လေးနဲ့ အဆုံးသတ်ပေးပြီး cardamom က နည်းနည်း spicy ဖြစ်တဲ့ အနံ့လေးနဲ့ ရေမွှေးကို ပိုပြီးနွေးထွေးစေပါတယ်။

Layton က versatile ဖြစ်ပြီး လူကြိုက်များတဲ့ ရေမွှေးတစ်မျိုးပါ။ Layton က ယောက်ျားပီသတဲ့ ချိုမြိန်တဲ့ အနံ့ ဖြစ်ပြီး လန်းဆန်းတဲ့ ခံစားချက်လေးနဲ့ ပေါင်းစပ်ထားတာကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး လှပတဲ့ အနံ့နဲ့ ထင်ပေါ်ချင်သူတွေအတွက် အကောင်းဆုံးပါ။ သစ်သီးနဲ့ ဗနီလာ ရောစပ်ထားတဲ့ အနံ့ကလူတိုင်းကြိုက်ကြတာမို့

သူ့ကို သုံးရင် လူတွေက သတိထားမိပြီး ချီးမွမ်းကြပါလိမ့်မယ်။

Layton ကို ဘယ်ရာသီမှာမဆို သုံးလို့ရပေမယ့် နဲနဲ အေးတဲ့ aircon environment တွေမှာ ပိုပြီးသုံးလို့ကောင်းပါတယ်။ နွေးထွေးတဲ့ အနံ့တွေဖြစ်တဲ့ ဗနီလာ၊ sandalwood၊ pepper တို့က aircon အခန်းတွေနဲ့ကိုက်ပါတယ်။ ဒါပေမယ့် လန်းဆန်းတဲ့ အနံ့တွေလဲပါတာကြောင့် နွေရာသီညနေခင်းတွေမှာလည်း သုံးလို့ရပါတယ်။

Official website -

https://www.yangonbrandedperfume.com/product-page/layton-200ml

Made in France

// 200ml size ပုလင်းကြီးဝယ်ချင်တဲ့ ရန်ကုန်အိမ်မှာလာဝယ်နေကျတွေဆိုရင် လာနေကျအိမ်မှာ အရင်လာစမ်းပြီးမှဝယ်လို့ရပါတယ်။ Decant တွေကိုတော့ Royal Express delivery Prepaid Service နဲ့ပဲရောင်းပါတယ်။

Parfums de Marly Layton Eau de Parfum for Men 200ml Mega Size

K1,260,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page