top of page

Jean Paul Gaultier Le Beau Le Parfum Eau de Parfum Intense for Men 125ml - K 449,000 (In stock)

🌿 စဖျန်းလိုက်တာနဲ့ Pineapple (နာနတ်သီး) ရဲ့ချိုချိုချဉ်ချဉ်အနံ့လေး နဲ့ Bergamot ရဲ့ Citrus အနံ့လန်းလန်းလေးက သိသိသာသာ ထွက်လာပါတယ်။ စိမ်းစိုတဲ့ Artemisia နဲ့ powdery ဖြစ်တဲ့ Iris အနံ့လေးတွေပါ သိမ်သိမ်မွေ့မွေ့ ပါပြီး Pineapple အနံ့ကတော့ ခဏလောက်ကြာရင် ငြိမ်သွားပါတယ်။

🌿 ခဏကြာလာရင်တော့ EDT version ထက် ပိုပြီး creamy ဖြစ်တဲ့ Coconut ရနံ့ပေါ်လာပါတယ်။ ဒီနေရာမှာ Marine/Calone ရေလှိုင်းနံ့နဲ့ Almond, Tonka, Cypress အနံ့စပ်ထားတာတွေ ပေါင်းလာတာကြောင့် အနံ့က တော်တော်လေး unique ဖြစ်ပြီး စမ်းဖူးသမျှတခြား ရေမွှေးတွေနဲ့ တော်တော်လေးကွဲသွားပါတယ်။

🌿 Drydown မှာတော့ Amber Wood, Sandalwood နဲ့ Iso E Super တို့ ပေါင်းထားတာမို့ လေထဲမှာ တောက်ပတဲ့ ရနံ့ပြေးလေးနဲ့ နဲ့ အဝေးက ရနိုင်တဲ့ scent trail ကို ပေးပါတယ်။

✅ Le Beau EDT နဲ့ ယှဉ်ကြည့်မယ်ဆိုရင် Le Parfum က နာနတ်သီးနံ့ ပါလို့ မူရင်း EDT ထက် အဖွင့်မှာ ပိုပြီး ဆွဲဆောင်မှု ရှိပါတယ်။

✅ သတိထားရမှာက အရင်ထွက်တဲ့ EDT က ပိုပေါ့ပါးပြီး နွေရာသီနဲ့ ပိုကိုက်ပါတယ်။ အခု Le Parfum ကတော့ ရေမွှေးအဆီ ပါဝင်နှုန်း အများကြီးပိုများပြီး ပိုပြင်းပြီး ပို intense ဖြစ်တဲ့အတွက် ဆောင်းတွင်း နဲ့ အဲကွန်းခန်းတွေမှာ သုံးဖို့ ပိုသင့်တော်ပါတယ်။ ဒါကြောင့် နေပူထဲမှာလှုပ်ရှားသွားလာနေရတဲ့ လူတွေအတွက်တော့ ideal ဖြစ်မှာမဟုတ်ပါဘူး။

✅ အမြဲတမ်း အကျီပေါ်မှာပဲ စမ်းသုံးလေ့ရှိတဲ့ ကျွန်တော့်အတွေ့အကြုံအရ ဒီ Le Parfum ဟာ အဝတ်အစားပေါ်မှာ Performance တကယ် အားကောင်းပါတယ်။ စဖျန်းပြီး ပထမ ၃၀ မှ ၄၅ မိနစ်အတွင်း အနံ့ ပျံ့လွင့်အား အလွန် အားကောင်းပြီး cotton t-shirt ပေါ်မှာ တစ်နေကုန် နီးပါး အနံ့ စွဲကျန်နေတာမျိုး တွေ့ရပါတယ်။

✅ အပြင်ထွက်ရင် အများကြီး ဖျန်းမိရင်တော့ Coconyနဲ့ Vanilla, Almond အချိုနံ့ လေးကြောင့် နည်းနည်း အီသွားနိုင်ပါတယ်။ မိုးအေးတဲ့ ညနေခင်းတွေ၊ Night Out နဲ့ Air Con ခန်းထဲမှာ သုံးရင်တော့ တော်တော်လေးနှင့် ဆွဲဆောင်မှုရှိတယ်လို့ ခံစားရပါတယ်။

Tropical Pineapple နဲ့ Coconut အနံ့တွေကြိုက်ပြီး performance ကောင်းတဲ့ ရေမွှေးကို ရှာဖွေနေသူတွေအတွက် အခုလို discount ဈေးမှာ ဝယ်လို့တန်နေပြီ ဖြစ်ပါတယ်။

Made in Spain

Sealed original retail packaging

Official website -

https://www.yangonbrandedperfume.com/product-page/le-beau-le-parfum

Jean Paul Gaultier Le Beau Le Parfum for Men 125ml

MMK 449,000Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page