top of page

Issey Miyake L'eau D'Issey Pour Homme Eau de Parfum for Men 125ml - K 349,000 (In stock)

Issey Miyake ရဲ့ classic ဖြစ်တဲ့ L'Eau d'Issey (1994) EDT ကိုတော့ အားလုံးသိမှာပါ။ အခုဟာက အဲ့ဒီနာမည်နဲ့ပဲ ထွက်ထားတဲ့ Eau de Parfum (EDP) version အသစ်၊ ၂၀၂၄ မှာ ထွက်တာ ဖြစ်ပါတယ်။

🌿 စဖြန်းလိုက်ရင် မူလ EDT က Yuzu (ရှောက်သီး) အနံ့ကို ပြန်သတိရစေတယ်။ ဒါပေမယ့် အပြည့်အဝမတူဘူး။ EDP က ပိုပြီး "သစ်သား" ဆန်တယ် (Woody)၊ "တောအုပ်ထဲက ရေငွေ့" (aquatic forest) vibe မျိုး ပေးတယ်။ "Smokey Lemonade" မီးခိုးနံ့သဲ့သဲ့သန်းနေတဲ့ သံပုရာရည် လိုမျိုးပဲ။ မူလ EDT က အရမ်းလတ်ဆတ်တဲ့ (Fresh) ရှောက်သီးဆိုရင် EDP က နည်းနည်းပိုတည်ငြိမ်ပြီး ရင့်ကျက်တဲ့၊ သစ်သားနံ့ဘက် သွားတဲ့ version ပေါ့။ နည်းနည်း "clean" ဖြစ်တယ်၊ "soapy" (ဆပ်ပြာ) ဆန်တယ်လို့ ပြောတဲ့သူလည်း ရှိတယ်။

Top: Grapefruit, Yuzu, Lemon, Sichuan Pepper

​Middle: Water Lily, Aquatic Notes, Balsam Fir

​Base: Cedarwood

🌀 ​ကြာရှည်ခံမှု (Longevity) ကိုကြည့်ရင် "Moderate" (အလယ်အလတ်) ကနေ "Long Lasting" (တော်တော်ခံတယ်) ကြားမှာ ရှိတယ်။ Fragrantica မှာ vote ပေးထားတာတွေအရ လူအများစုက ၆ နာရီကနေ ၈ နာရီလောက် ခံတယ်လို့ ဆိုကြတယ်။ အဲ့ဒါက လက်ရှိ reformulated EDT အသစ်တွေထက်တော့ သာပါတယ်။

🌀 ​ပြန့်လွင့်မှု (Sillage) က "Moderate" (အလယ်အလတ်) ပါပဲ။ ဒါကြောင့် ရုံးတက်၊ အလုပ်သွား သုံးဖို့ အရမ်းအဆင်ပြေတယ်။

🌀 ​မူလ EDT နဲ့ တူလား?

​ကျွန်တော့်အမြင်က ဒါက မူလ EDT ကို modern version reformulate လုပ်ထားတာ။ မူလ OG EDT ကို အရမ်းစွဲလမ်းတဲ့ fan တွေအတွက်တော့ ကွက်တိ မတူနိုင်ပါဘူး။ ​ညီအကို မဟုတ်ဘူး၊ ဝမ်းကွဲလောက်ပဲ တော်တယ်လို့ပြောရမယ်ထင်တယ်။

ဒါပေမယ့် သီးသန့်ရေမွှေးတစ်ခုအနေနဲ့ ကြည့်ရင် တော်တော်လေးကောင်းတဲ့ fresh scent တစ်ခုပါပဲ။ မူလ EDT ရဲ့ DNA ကို ယူပြီး ပို "dressed up" ဖြစ်အောင် (ပိုသပ်သပ်ရပ်ရပ်)၊ ပို woody ဖြစ်အောင် ဖန်တီးထားတာ။ Clean ဖြစ်တယ်၊ Classy ဖြစ်တယ်၊ နေရာမရွေး သုံးလို့ရတယ်။

🌀 ​ဘယ်သူတွေနဲ့ လိုက်လဲ?

ရုံးသမားတွေ၊ နေ့စဉ်သုံးဖို့ သန့်သန့်ပြန့်ပြန့် အနံ့လိုချင်တဲ့သူတွေ၊ မူလ Issey Miyake ကို ကြိုက်ပြီး နည်းနည်းပိုရင့်ကျက်တဲ့ version လိုချင်သူတွေ စမ်းကြည့်သင့်တယ်။

Made in France 

Sealed original retail packaging

Official website -

https://www.yangonbrandedperfume.com/product-page/leau-dissey-edp

Issey Miyake L'eau D'Issey Pour Homme Eau de Parfum for Men 125ml

K349,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page