top of page

Issey Miyake L'eau D'Issey Pour Homme EDT Perfume for Men 125ml Tester Packaging - K 255,000 (In stock)

 

သံပုယို၊ လီမွန်၊ yuzu လိမ္မော်၊ Tarragon၊ ဇာလိဖိုလ်၊ လီလီ၊ ဆေးရွက်ကြီး၊ စန္ဒကူး၊ ဆီဒါ၊ vetiver နှင့် ကတိုး ရနံ့တွေနဲ့ ဖန်တီးထားတဲ့ woody aquatic ရနံ့ ရေမွှေးဖြစ်ပါတယ်။

၂၀၂၅ ဆိုရင် Issey Miyake L'eau D'issey Pour Homme စထွက်တာ ၃၁ နှစ် ပြည့်ပြီ ဖြစ်ပါတယ်။ Longevity မှာအားနည်းတာလူတွေသိသိကြီးနဲ့ ဘာလို့ ဒီလောက်နှစ်အကြာကြီးအထိ ရောင်းအားအကောင်းဆုံးတွေထဲ ပါနေလဲဆိုရင် သူ့ရဲ့ timeless လို့တောင် ပြောလို့ရတဲ့ လုံးဝ ခေတ်ရှေ့ပြေးထားတဲ့ ထူးခြားဆန်းသစ်တဲ့ Yuzu based ရနံ့ ပရိုဖိုင် (scent profile) ကြောင့်လို့ ပြောနိုင်ပါတယ်။

Citrusy top note တွေ၊ spicy ဖြစ်တဲ့ heart note နဲ့ woody base note တွေကို စပ်ထားတဲ့အချိုးအစား magic formula က လူအများစုနှစ်သက်နိုင်တဲ့ ဟန်ချက်ညီပြီး စဖြန်းလိုက်တာနဲ့ စိတ်ထဲမှာအေးသွားပြီး citrus drink မွှေးမွှေးအေးအေးလေးတစ်ခွက် သောက်လိုက်ရသလို သုံးတဲ့သူနဲ့ ဘေးကလူတွေကိုပါ စိတ်ချမ်းသာအောင် therapeutic feeling ကို ဖန်တီးပေးပါတယ်။

Manly ဖြစ်ပေမယ့် ပေါ့ပါးပြီး နူးညံ့တဲ့ရနံ့မျိုးကို လိုချင်ရင် / လွန်ကဲတဲ့ရနံ့စူးစူးတွေ မကြိုက်ရင် / ကိုယ့်ပတ်ဝန်းကျင်နဲ့ သင့်လျော်တဲ့ ကိုယ့်ဘေးကလူတွေကို အနံ့နဲ့ လွှမ်းမိုးပြီး စိတ်မသက်မသာမဖြစ်စေချင်ရင် အကောင်းဆုံးရွေးချယ်မှုဖြစ်ပါတယ်။

ဒီရေမွှေးက ပေါ့ပေါ့ပါးပါးနဲ့ အရမ်းပူတဲ့အချိန်တွေမှာသုံးဖို့ လုပ်ထားတာဖြစ်ပြီး longevity ကောင်းတဲ့ ရေမွှေးမဟုတ်တဲ့အတွက် ရုံးသမားတွေဆိုရင် နေ့လည်မှာတစ်ခါ refresh ပြန်လုပ်ဖို့ portable sprayer လေးတစ်ခုနဲ့ ခွဲဆောင်ထားပြီး after lunch မှာဖြစ်ဖြစ် လိုတဲ့အချိန်တိုင်းမှာဖြစ်ဖြစ် all over spray လို တစ်ကိုယ်လုံးဖြန်းထားရင် တစ်နေကုန် လူတွေအများကြီးဆီက compliment တွေရမှာပါ။

ရေမွှေးပြင်းပြင်း စူးစူးမကြိုက်သူတွေ / ultra fresh ဖြစ်တဲ့ရေမွှေးတွေကိုကြိုက်သူတွေနဲ့ ရေမွှေးကို အခုမှစသုံးမယ့် လူငယ်တွေကို recommend လုပ်ပါတယ်။

 

Made in France

ဒီ tester packaging မှာအဖုံးပါတာမို့ ပုံထဲမှာ မြင်ရတဲ့အတိုင်း ပုလင်းက retail packaging အတိုင်းဖြစ်ပါတယ်။ အပြင်စက္ကူဗူးကပဲ tester packaging ဗူးဖြစ်နေတာပါ။

Tester Packaging က retail packaging ထက် အများကြီး သက်သာတဲ့အတွက်ကိုယ်တိုင်သုံးဖို့ဆိုရင် ဒီတစ်ခုကအများကြီးတန်ပါတယ်။

Official website -

https://www.yangonbrandedperfume.com/product-page/leau-dissey-tst-pkg

 

အခြား Issey Miyake ရေမွှေးများကို Yangon Branded official website https://www.yangonbrandedperfume.com/issey-miyake မှာကြည့်နိုင်ပါတယ်

Issey Miyake L'eau D'Issey Pour Homme EDT Perfume for Men 125ml Tester Packaging

K255,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page