top of page

Mont Blanc Legend Blue Eau de Parfum for Men 100ml Tester Packaging - K 235,000 (In stock)

🌿 Montblanc Legend Blue ကို အတိုချုပ်ပြောရရင် ရနံ့ပြင်းပြင်းနဲ့ လူအများအာရုံစိုက်အောင် လုပ်ပေးမယ့် ရေမွှေးမျိုးထက် သန့်ရှင်းသပ်ရပ်ပြီး လူကြားထဲမှာ အဆင်ပြေပြေသုံးနိုင်တဲ့ ရေမွှေးမျိုး လို့ ပြောရပါမယ်။

✅ အသက် ၂၅ ကနေ ၄၅ ကြား၊ ရုံးသွားရုံးလာလုပ်သူ၊ ကိုယ်ပိုင်လုပ်ငန်းလုပ်သူ၊ customer တွေနဲ့ မကြာခဏတွေ့ရသူ၊ အပြင်ထွက်တဲ့အခါ ကိုယ့်ကိုယ်ကို သပ်သပ်ရပ်ရပ်ရှိစေချင်သူတွေ အတွက် စဉ်းစားသင့်တဲ့ ရွေးချယ်မှုတစ်ခုပါ။

✅ Legend Blue ရဲ့ အားသာချက်က mint ရဲ့ အေးမြသလိုခံစားရတဲ့ ရနံ့၊ lavender ရဲ့ သန့်ရှင်းတဲ့အနံ့နဲ့ သစ်သားရနံ့တွေကို အဆင်ပြေပြေ ပေါင်းထားတာပါ။

🌿 စဖြန်းလိုက်တာနဲ့ ပထမဆုံးရတဲ့အနံ့က သန့်ရှင်းလတ်ဆတ်ပြီး Mint ပါလို့ အေးမြတဲ့ခံစားချက်ရပြီးတော့ Lavender ကတော့ အနံ့ကို ယောက်ျားဆန်တဲ့ သန့်ရှင်းသပ်ရပ်မှုဘက်ကို ထိန်းပေးပါတယ်။

🌿 အဖွင့်အနံ့တွေနည်းနည်းပြယ်သွားတာနဲ့ သစ်သားရနံ့တွေ ပိုသိသာလာပါတယ်။ သစ်သားရနံ့ဆိုပေမဲ့ အရမ်းခြောက်သွေ့ကြမ်းတမ်းတာ၊ မီးခိုးနံ့ပြင်းပြင်းမျိုး မဟုတ်ပါဘူး။ ရနံ့ကို ပိုတည်ငြိမ်ပြီး လူကြီးဆန်တဲ့ဘက်ကို ဦးတည်စေပါတယ်။

🌿 နောက်ပိုင်းမှာ သစ်သားရနံ့နဲ့အတူ သန့်ရှင်းတဲ့ musk ဆန်ဆန်၊ ခေတ်မီတဲ့ woody ရနံ့မျိုး ကျန်တတ်ပါတယ်။ သပ်သပ်ရပ်ရပ်နဲ့ခေတ်မီတဲ့အနံ့မျိုးပါ။

✅ ဒီရေမွှေးကို သစ်သီးချိုချို၊ vanilla ချိုချို ဒါမှမဟုတ် ပင်လယ်ရေငန်နံ့ကို အဓိကထားတဲ့ ရေမွှေးတွေနဲ့ မတူပါဘူး။ Legend Blue ရဲ့ အဓိကဇာတ်ကောင်က minty freshness နဲ့ သစ်သားရနံ့ကို အခြေခံထားတဲ့ သန့်ရှင်းသပ်ရပ်မှု ပါ။ ဒါကြောင့် ရနံ့ထူးခြားမှုကို အဓိကရှာနေသူထက် နေ့တိုင်းသုံးဖို့ လွယ်ကူတဲ့အနံ့ကို ရှာနေသူနဲ့ ပိုလိုက်ဖက်နိုင်ပါတယ်။

Made in France

Tester packaging (အဖုံးပါပါတယ်)

Product link - https://www.yangonbrandedperfume.com/product-page/legend-blue

Mont Blanc Legend Blue Eau de Parfum for Men 100ml Tester Packaging

MMK 235,000Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page