Light Blue 2025 Version - Full Review
အားလုံးပဲမင်္ဂလာပါ!
ဒီနေ့တော့ ရေမွှေးချစ်သူတွေ၊ အထူးသဖြင့် D&G Light Blue for Women ရဲ့ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ 2025 version အသစ်လေးရဲ့ review ကို ပြောပြပေးမယ်နော်။
🌿 2025 Version အသစ်ရဲ့အနံ့က ဘယ်လိုရှိလဲ?
ဒီ version အသစ်လေးကတော့ Light Blue ရဲ့ signature ဖြစ်တဲ့ သံပုရာသီး (Sicilian Lemon) နဲ့ ပန်းသီးစိမ်း (Granny Smith Apple) ရဲ့ လန်းဆန်းတဲ့အနံ့ကို အခြေခံထားတုန်းပါပဲ။ ဒါပေမဲ့ အရင်ကထက် နည်းနည်းပိုပြီး modern ဖြစ်သွားတယ်။
Top note မှာ သစ်တော်သီး (Pear) အနံ့ချိုချိုလေးကို ပေါင်းထည့်လိုက်တဲ့အတွက် ပိုပြီး juicy ဖြစ်သွားတယ်။ အလယ်မှာတော့ စံပယ်ပန်းနံ့သင်းသင်းလေးအပြင် Peony ပန်းနံ့လေးပါ ထပ်ပေါင်းထားတော့ နည်းနည်းလေးပိုပြီး romantic ဖြစ်ပြီး ပို feminine ဆန်သွားပါတယ်။ Base note ကတော့ သိပ်မပြောင်းလဲပါဘူး၊ Cedarwood နဲ့ Musk ရနံ့တွေက နွေးထွေးပြီး ဆွဲဆောင်မှုရှိတဲ့ ခံစားချက်ကို ပေးတုန်းပဲ။
ခြုံပြောရရင် 2025 version က ပိုပြီး နူးညံ့တယ်၊ ပန်းနံ့လေးနည်းနည်းပိုသင်းပြီး အချိုဓာတ်လေးပါလာတဲ့ Light Blue လို့ပြောလို့ရပါတယ်။ ရန်ကုန်လို ပူတဲ့ ရာသီဥတုနဲ့ဆို ရှယ်လိုက်တာပဲ၊ တစ်နေကုန် fresh ဖြစ်နေစေမှာ။
🌿 အရင် Original EDT နဲ့ ဘာကွာသွားလဲ?
Original EDT - သူ့ရဲ့အဓိက character က သံပုရာနံ့စူးစူးနဲ့ လုံးဝ citrusy ဖြစ်တာပဲ။ တော်တော်လေး sharp and zesty ဖြစ်တယ်။ Active ဖြစ်ပြီး ပေါ့ပါးတဲ့ကောင်မလေးတစ်ယောက်ရဲ့ vibe မျိုးကိုပေးတယ်။
2025 EDT - ဒီကောင်လေးကတော့ citrus note ကို နည်းနည်းလျှော့ပြီး ပန်းနံ့နဲ့ အသီးနံ့ကို ပိုဦးစားပေးထားတယ်။ ဒါကြောင့် original လို အရမ်းစူးရှမနေတော့ဘဲ ပိုပြီး soft and rounded ဖြစ်သွားတယ်။ Original က summer နေ့ခင်းဘက်အတွက်ဆိုရင်၊ 2025 ကတော့ နေ့ရောညပါ သုံးလို့ရတဲ့ all-rounder ပုံစံလေးပါ။ တစ်ခုသတိထားရမှာက classic EDT version က discontinued ဖြစ်သွားပြီဖြစ်လို့ ရှာတွေ့ဖို့မလွယ်တော့ပါဘူး။
🌿 Light Blue Eau Intense နဲ့ကော ဘာကွာလဲ?
Eau Intense - နာမည်အတိုင်းပဲ သူက Intense ဖြစ်တယ်။ အနံ့က ပိုပြင်းတယ်၊ ပိုစူးတယ်၊ ပြီးတော့ တော်တော်လေးကို ကြာရှည်ခံတယ်။ Projection (ဘေးနားကလူတွေရတဲ့အနံ့) ကောင်းကောင်းလိုချင်ရင်၊ တစ်နေကုန်ခံမယ့် ရေမွှေးရှာနေရင် Intense ကအကောင်းဆုံးပဲ။ သူက original EDT ကို performance ပိုင်းမှာရော၊ အနံ့ပြင်းအားမှာပါ upgrade လုပ်ထားတာ။
2025 EDT - Eau Intense နဲ့ယှဉ်ရင် ဒီ 2025 version က အများကြီးပိုပြီး ပေါ့ပါးတယ်။ နေ့တိုင်းသုံးဖို့၊ ရုံးသွားအလုပ်သွားသုံးဖို့အတွက် အရမ်းအဆင်ပြေတယ်။ သူ့အနံ့က ဘေးလူကိုမနှောင့်ယှက်ဘဲ ကိုယ့်အသားပေါ်မှာပဲ သင်းသင်းလေးကျန်ခဲ့တဲ့ personal scent ပုံစံမျိုးပါ။ performance ကတော့ EDT ဖြစ်တဲ့အတွက် Intense လောက်တော့ မခံပါဘူး။ ၄ နာရီလောက်ပဲခံပါတယ်။ Eau Intense ကလည်း discontinued ဖြစ်သွားပြီဖြစ်လို့၊ Light Blue ပရိသတ်တွေအတွက်တော့ ဒီ 2025 version ကပဲ အဓိကအားထားရတော့မှာပါ။
🌿 ဘယ်သူတွေအတွက် သင့်တော်လဲ?
Classic Light Blue ကိုကြိုက်ပေမယ့် နည်းနည်းလေးပြောင်းလဲပြီး ပိုမွှေးတဲ့၊ ပို modern ဖြစ်တဲ့ version ကိုစမ်းချင်တဲ့သူတွေအတွက်ကတော့ လုံးဝမိုက်တယ်။ ပြီးတော့ fresh ဖြစ်တဲ့၊ citrusy-floral ရေမွှေးကြိုက်တဲ့ ကောင်မလေးတွေအတွက်လည်း နေ့တိုင်းသုံးဖို့ Must-Have item တစ်ခုပါပဲ။
# Dolce&Gabbana Light EDT for Women 2025 Version
# 100ml Original Retail Packaging
# Price - K 319,000
# Ready in stock
Official website -
https://www.yangonbrandedperfume.com/product-page/light-blue-women-2025-version
စစထွက်ချင်းမှာ မရတာမို့ ၄ သိန်းကျော်ပေးဝယ်ခဲ့ရတဲ့ ရေမွှေးမို့ အခု discount price - K 319,000 နဲ့ရမှာ တန်ပါတယ် 🪙🫰
📲 Customer Service Viber Number 0943065356 ကို message ပို့ပြီး မှာထားလို့ရပါပြီ
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K319,000.00Price
bottom of page
