top of page

တစ်ပုလင်းကို 330 ဒေါ်လာပေးရတဲ့ Dior Tobacolor နှင့် ရနံ့တူတဲ့ Lattafa (Maison Alhambra) Tabac Eau de Parfum ကို in stock ရပါပြီ။ 

# 10ml decant (clear glass sprayer) - K 17,000

# 10ml decant (aluminium sprayer) - K 20,000

# 30ml decant (glass sprayer) - K 45,000

# 100ml - ကျပ်တစ်သိန်းစွန်းစွန်းသာ

Tobacco, Tobacco Leaf, Honey, Smoke, Plum, Oriental Notes, White Tobacco, Amber, Peach နဲ့ Citruses တွေပါပြီး အဓိကအနေနဲ့ ဆေးရွက်ကြီးနဲ့ ပျားရည်ရနံ့ကို စ လည် ဆုံး သေသေချာချာရတဲ့ အရမ်းကြီးမချိုတဲ့ amber gourmand scent type အမျိုးအစားဖြစ်ပါတယ်။

Tobacolor နဲ့ Tabac နဲ့အဓိကကွာခြားချက်က Tobacolor က ရတဲ့ peach ရနံ့ကပိုချိုပြီး tobacco note ကပိုပြီး smooth ဖြစ်တာဖြစ်ပါတယ်။ စစဖြန်းခြင်း opening မှာ ရေမွှေးနှစ်ခုကမသိမသာလေးကွာပေမယ့် drydown ကိုရောက်သွားတဲ့အခါမှာ လေထဲကရတဲ့အနံ့က တော်တော်လေးကို ဆင်သွားတာ တွေ့ရပါမယ်။

Scent quality ကိုချုံပြီးပြောရရင် Dior ကပိုသာတယ်ဆိုတာ ဘယ်သူမှငြင်းလို့မရပါဘူး။ ဒါပေမယ့် Tabac ကထက် ၁၅ ဆကျော် စျေးသက်သာနေတဲ့အတွက် ရေမွှေးတစ်မျိုးထဲအပေါ်မှာ ပိုက်ဆံအများကြီးမသုံးချင်တဲ့သူတွေ / Tobacolor ရဲ့ scent dna ကိုစူးစမ်းပြီး စမ်းသုံးချင်တဲ့သူတွေနဲ့ နေ့တိုင်းအကြမ်းသုံး အနေနဲ့ များများသုံးချင်တဲ့သူတွေအတွက်က Tabac ကိုရွေးတာက ပိုပြီး economic sense ဖြစ်တယ်ဆိုတာ တော်တော်သိသာပါတယ်။

ပုလင်း နဲ့ cap တွေရဲ့ မှာ ပုလင်းရဲ့ လေးလေးပင်ပင်ဖြစ်တာ ထူထဲတာတွေကိုကြိုက်ပြီး အဖုံးကတော့နည်းနည်းလေး ကြမ်းပြီး မသေသတ်တဲ့အတွက် သိပ်မကြိုက်ပါဘူး။ Sprayer ကလည်းသူစျေးနဲ့သူတော်တော်လေးကောင်းတဲ့ sprayer ပါ။ 

Full size 100ml Eau de Parfum ကို တစ်သိန်းစွန်းမို့  tobacco and honey note ကြိုက်တဲ့သူတွေ ဝယ်ကိုဝယ်ထားသင့်တဲ့ အရမ်းဈေးတော်တဲ့ ရေမွှေးကောင်းတစ်ခုပါ။ အနံ့ စမ်းကြည့်ချင်တယ်ဆိုရင်လည်း 10ml decant ကို  K 17,900 နဲ့ ရောင်းပါတယ်။

Made in UAE

Sealed original retail packaging (100ml)

https://www.yangonbrandedperfume.com/product-page/maison-alhambra-tabac

Video Review -

https://youtu.be/ZefhhZJOmLc

https://youtu.be/MXxs_jXUeu8

https://youtu.be/lcwFnY7meVA

https://youtu.be/VNF7Vb_OZqQ

Maison Alhambra Tabac Eau de Parfum for Men

K17,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page