Maison Alhambra Zeno Eau de Parfum for Women (In stock)
# 10ml decant (glass sprayer) - K 17,000
# 10ml decant (aluminium sprayer) - K 19,000
# 30ml decant (glass sprayer) - K 45,000
# 100ml - Sold Out
Maison Alhambra ရဲ့ Zeno ရေမွှေးလေးက လိမ္မော်၊ ပန်းနဲ့ သစ်သားရနံ့တွေကို သဟဇာတဖြစ်အောင် ရောစပ်ထားပြီး Shiseido ရဲ့ Zen နဲ့လည်း ခပ်ဆင်ဆင်တူတာကြောင့် Zen လိုမျိုး ရနံကို ဈေးသက်သက်သာသာနဲ့ လိုချင်တဲ့သူတွေအတွက် အရမ်းအဆင်ပြေနိုင်ပါတယ်။
🌿 Fragrance Profile
Top Notes: Bergamot, Grapefruit, Orange, Pineapple, Rose
Heart Notes: Apple, Freesia, Hyacinth, Iris, Lily-of-the-Valley, Lotus, Violet, Gardenia
Base Notes: Cedar, Patchouli, Incense, Amber, White Musk, Pine
Zeno ရဲ့ အဖွင့်မှာ လန်းဆန်းတဲ့ လိမ္မော်ရနံ့တွေနဲ့အတူ ချိုမြတဲ့ နာနတ်သီးရနံ့နဲ့ ညင်သာတဲ့ နှင်းဆီပန်းရနံ့လေးတွေ စတင်ခံစားရမှာပါ။
နောက်ပိုင်းမှာတော့ နူးညံ့တဲ့ ပန်းရနံ့လေးတွေ စုစည်းပြီး ပိုပြီးနက်ရှိုင်းတဲ့ အမျိုးသမီးဆန်ဆန် ရနံ့လေးကို ပေးပါတယ်။ နောက်ဆုံး အောက်ခံရနံ့မှာတော့ နွေးထွေးတဲ့ သစ်သားရနံ့၊ နံ့သာပေါင်းနဲ့ Musk တို့က ကြာရှည်ခံပြီး သက်တောင့်သက်သာရှိတဲ့ အထိအတွေ့လေးကို ပေးတယ်။
💬 သုံးစွဲသူတွေရဲ့ အမြင်လေးတွေ
သုံးစွဲသူတွေက Zeno ကို စိတ်သက်သာရာရစေပြီး တည်ငြိမ်အေးချမ်းတဲ့ ရနံ့လေးလို့ ပြောကြတယ်။ ဘယ်အချိန်အခါမျိုးမှာမဆို သုံးလို့ကောင်းတယ်တဲ့။
နောက်တစ်ယောက်ကတော့ Ch@nel ရဲ့ C@co Mademoiselle နဲ့တူတယ်လို့ မှတ်ချက်ပေးထားတယ်။ အထူးသဖြင့် လိမ္မော်ရနံ့နဲ့ Patchouli ရနံ့က မြေကြီးဆန်ဆန်နဲ့ သင်းပျံ့တဲ့ရနံ့ကို ပေးတာခြင်းတူလို့ပါ။ နောက်တစ်ယောက်ကတော့ ရေချိုးပြီးကာစလိုမျိုး လန်းဆန်းပြီး စိတ်ကို တည်ငြိမ်စေတဲ့အတွက် အကြိုက်ဆုံးဖြစ်နေပြီလို့ ပြောပါတယ်။
Maison Alhambra ရဲ့ Zeno က ဈေးကြီးတဲ့ရေမွှေးတွေရဲ့ အရသာကို ခံစားရစေမယ့် နေ့တိုင်းသုံးလို့ရတဲ့ လှပတဲ့ ရေမွှေးလေးတစ်ခုပါ။ လန်းဆန်းတဲ့ လိမ္မော်ရနံ့၊ နူးညံ့တဲ့ ပန်းရနံ့နဲ့ နွေးထွေးတဲ့ သစ်သားရနံ့တွေ ပေါင်းစပ်ထားတာကြောင့် လန်းဆန်းတက်ကြွစေသလို စိတ်ကိုလည်း အေးချမ်းစေတယ်။
Shiseido ရဲ့ Zen ကိုပဲဖြစ်ဖြစ်၊ Ch@nel ရဲ့ C@co Mademoiselle ကိုပဲဖြစ်ဖြစ် ကြိုက်တဲ့သူတွေ ဒါမှမဟုတ် ရေမွှေးအသစ်အဆန်းတွေကို စမ်းသုံးကြည့်ချင်တဲ့သူတွေအတွက် Zeno က စမ်းကြည့်သင့်တဲ့ ရေမွှေးတစ်မျိုးပဲနော်။
Official website -
https://www.yangonbrandedperfume.com/product-page/maison-alhambra-zeno
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K17,000.00Price
bottom of page