top of page

🥤 Cocktail တစ်ခွက်လို စပ်ရှရှချိုမြမြမွှေးရနံ့ Mancera Tonka Cola

ရေမွှေးပုလင်းကိုကြည့်တာနဲ့တင် သောက်ချင်စရာကောင်းနေတဲ့ Tonka Cola လေးပါ။ Pierre Montale ရဲ့ လက်ရာ gender neutral ကျား/မ မရွေးသုံးနိုင်တဲ့ အေးတဲ့ Aircon environment နဲ့ ညပိုင်းအချိန်တွေအတွက် အလိုက်ဖက်ဆုံး ပြင်သစ်ရေမွှေး ဖြစ်ပြီး နာမည်အတိုင်းပဲ Cola အနံ့ကိုမှ Tonka Bean ရဲ့ အချိုရနံ့နဲ့ ပေါင်းထားတဲ့ Amber Spicy အမျိုးအစားဖြစ်ပါတယ်။

ပျော်စရာကောင်းတဲ့ ညနေခင်းတွေ၊ Date Night တွေနဲ့ လူတွေကြားထဲမှာ ထင်းနေချင်တဲ့သူတွေအတွက် သင့်တော်ပါတယ်။

🌀 Scent Profile Breakdown

Top Notes -

ပထမဆုံး စဖြန်းလိုက်တာနဲ့ Coca-Cola အေးအေးလေးတစ်ဘူး ဖောက်လိုက်သလို "ရှူး" ကနဲ ထွက်လာတဲ့ Cola အနံ့က cinnamon၊ nutmeg တို့ရဲ့ စပ်ရှရှအနံ့လေးနဲ့ ပေါင်းပြီး ဆွဲဆောင်သွားပါလိမ့်မယ်။ Nostalgic ဖြစ်စေပြီး playful ဖြစ်တဲ့ ခံစားမှုတွေနဲ့ သံပုရာသီးရဲ့ရနံ့ကလည်း လန်းဆန်းမှုကို အပြည့်အဝပေးပါတယ်။

Heart Notes -

 

အနံ့လေးငြိမ်သွားတဲ့အခါ Tonka Bean ရဲ့ နူးညံ့ပြီး နွေးထွေးတဲ့အချိုရနံ့က အဓိကနေရာယူလာပါတယ်။ လိမ္မော်ပွင့်နဲ့ နှင်းဆီပန်းနံ့တွေက သူ့ရဲ့ gourmand vibe (စားချင်စရာအနံ့) ကိုမလွှမ်းမိုးသွားဘဲ နောက်ခံကနေရေးရေးလေးပဲ ထောက်ပေးထားတယ်။ Patchouli ကတော့ အချို overpowering မဖြစ်သွားအောင် ထိန်းပေးထားပြီး အနံ့ကို ပိုပြီး depth ရှိစေပါတယ်။

Base Notes -

Dry-down (နောက်ဆုံးကျန်ခဲ့တဲ့အနံ့) မှာတော့ Tonka Cola က ပိုပြီးနက်ရှိုင်းတဲ့အနံ့ဘက်ကို ပြောင်းသွားပါတယ်။ Vanilla နဲ့ Amber တို့က စွဲမက်စရာကောင်းတဲ့ နွေးထွေးမှုကိုပေးတယ်။ Benzoin နဲ့ Labdanum တို့ကြောင့် iris note ဆန်ဆန် cozy ဖြစ်တဲ့ခံစားမှုကိုရရှိစေပြီး Musk ကတော့ sexy and addictive ဖြစ်စေတဲ့ အဓိကပါဝင်ပစ္စည်းပါ။

🙋 Impression & Vibe

မီးရောင် မှိန်မှိန်လေးအောက်မှာ Vanilla ရောထားတဲ့ Spiced Cola Cocktail တစ်ခွက်ကို သောက်နေရသလိုမျိုး နွေးထွေး၊ ဆွဲဆောင်မှုရှိပြီး flirtatious ဖြစ်တဲ့ ခံစားချက်ကိုပေးပါတယ်။

ဒါက ရုံးသုံးဖို့အတွက် suitable ဖြစ်တဲ့ ရေမွှေးမဟုတ်ပါဘူး။ လူအများကြားထဲမှာ ထင်ပေါ်စေဖို့နဲ့ ကိုယ့်ကို လူတွေက စကားလာပြောချင်အောင် ဆွဲဆောင်နိုင်ဖို့ လုပ်ထားတာပါ။

✅ အားသာချက်တွေ

// ပျော်စရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ ထူးခြားတဲ့ Cola ရနံ့။

// အနံ့စွဲပြီး ဈေးနှုန်းနဲ့တန်တဲ့ Performance။

// Spice နဲ့ Resin တွေက အချိုရနံ့ကို ကောင်းကောင်းထိန်းညှိပေးထားတယ်။

// ကျား/မ မရွေးသုံးနိုင်ပေမယ့် gourmand-masculine ဘက်ကို နည်းနည်းပိုရောက်တယ်။

❌ အားနည်းချက်တွေ

// နွေရာသီ (သို့) နေ့ခင်းပိုင်းတွေအတွက် အရမ်းချိုလွန်း၊ ပြင်းလွန်းနေနိုင်တယ်။

// အချို / spice အနံ့တွေကို မကြိုက်တဲ့သူတွေနဲ့ အဆင်မပြေနိုင်ဘူး။

😃 ဘယ်သူတွေအတွက် အသင့်တော်ဆုံးလဲ

// By Kilian Angels' Share ဒါမှမဟုတ် Maison Margiela’s Jazz Club ကိုကြိုက်တဲ့သူတွေ

// အချိုပါတဲ့ boozy ဒါမှမဟုတ် fizzy notes တွေကို ကြိုက်သူတွေ

// Mainstream designer ရေမွှေးတွေထက် ကွဲပြားတဲ့ ဆန်းတဲ့အနံ့ကို လိုချင်သူတွေ

 

Mancera Tonka Cola Eau de Parfum Unisex 120ml - K 445,000 (In stock)

Made in France

Sealed original retail packaging

Official website -

https://www.yangonbrandedperfume.com/product-page/mancera-tonka-cola

Mancera Tonka Cola Eau de Parfum Unisex 120ml

K449,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page