top of page

Memo Paris Inle Eau de Parfum for Women 75ml - K 729,000 (In stock)

Inle ဆိုတဲ့ နာမည်လေးကြားလိုက်တာနဲ့ ကိုယ်တွေရဲ့ အင်းလေးကန်ကို အရင်ဆုံးပြေးမြင်မိကြမှာပါ။ ဟုတ်ပါတယ်၊ ဒီရေမွှေးက အင်းလေးကန်ရဲ့ အလှတရားနဲ့ ခံစားမှုကို ရနံ့တွေအဖြစ် ပုံဖော်ထားတဲ့ ရေမွှေးလေးတစ်ပုလင်းပါပဲ။

ဒီရေမွှေးကို ဖန်တီးခဲ့တဲ့ Perfumer, Alienor Massenet က မြန်မာနိုင်ငံရဲ့ အထင်ကရ အင်းလေးကန်ကို အမှတ်တရအနေနဲ့ ဖန်တီးခဲ့တာပါ။ အင်းလေးကန်ရဲ့ လှပတဲ့ရှုခင်းတွေ၊ ရေပေါ်မှာ သာယာစွာပေါက်နေတဲ့ ပန်းမန်တွေနဲ့ ကြည်လင်အေးချမ်းတဲ့ ပတ်ဝန်းကျင်ကို ရနံ့တွေကနေတဆင့် ပြန်လည်ခံစားစေချင်တဲ့ ရည်ရွယ်ချက်အပြည့်နဲ့ "Inle" ဆိုပြီး နာမည်ပေးခဲ့တာဖြစ်ပါတယ်။

ရေမွှေးပုလင်းလေးကို မြင်တာနဲ့၊ ရနံ့လေးကို ရှူရှိုက်လိုက်တာနဲ့ အင်းလေးကန်ရဲ့ အလှတရားကို ပြန်မြင်ယောင်ပြီး စိတ်ကို အေးချမ်းလန်းဆန်းစေဖို့ ဖန်တီးထားတဲ့ အနုပညာ တစ်ခုလို့တောင် တင်စားလို့ရပါတယ်။

သူ့ရဲ့ရနံ့ကို စဖွင့်လိုက်တာနဲ့ Bergamot၊ ပန်းသီးစိမ်းနဲ့ ဖာလာစေ့တို့ရဲ့ လတ်ဆတ်တဲ့ရနံ့က အရင်ဆုံး နှာခေါင်းထဲကို ပြေးဝင်လာလိမ့်မယ်။ အဲ့ဒီနောက်မှာတော့ လက်ဖက်ခြောက်ရနံ့သင်းသင်းလေးက အရာအားလုံးကို ထိန်းညှိပေးထားတယ်။

ခဏနေရင်တော့ သူ့ရဲ့ အလယ်လွှာ (Heart Notes) ဖြစ်တဲ့ စံပယ်ပန်း၊ Osmanthus ပန်း နဲ့ သဖန်းသီးတို့ရဲ့ ပန်းနဲ့သစ်သီးရနံ့ချိုချိုလေးတွေက တဖြည်းဖြည်းပေါ်ထွက်လာရော။ ဒီရနံ့တွေက အင်းလေးကန်ပေါ်က လေပြေအေးအေးလေးနဲ့အတူပါလာတဲ့ ပန်းရနံ့တွေလို ခံစားရစေတယ်။

နောက်ဆုံး Base Notes မှာတော့ Mate လို့ခေါ်တဲ့ လက်ဖက်ရွက်တစ်မျိုးရယ်၊ Musk (ကတိုး) ရယ်၊ Cedarwood နဲ့ Violet ပန်းရနံ့တွေက နူးညံ့ညင်သာစွာနဲ့ စွဲကျန်နေစေမှာပါ။

ဒီရေမွှေးက ပန်းရနံ့နဲ့ သစ်သီးရနံ့ကို ပေါင်းစပ်ထားပေမဲ့ အရမ်းကြီးမချိုဘဲ အရမ်းမပြင်းဘူး။ ကြည်လင်ပြီး လန်းဆန်းတဲ့ ခံစားမှုကိုပေးတယ်။ နေ့တိုင်းသုံးဖို့လည်း အရမ်းအဆင်ပြေပြီး ဘယ်နေရာသွားသွား ဘယ်သူ့ကိုမှမနှောင့်ယှက်တဲ့ "Easy to Wear" ရနံ့မျိုးပေါ့။ သူ့ရနံ့လေးက လူကို စိတ်ကြည်လင်လန်းဆန်းစေပြီး အေးချမ်းတဲ့ ခံစားမှုကို ပေးနိုင်တယ်။ အထူးသဖြင့် ပူတဲ့ နေရာ ရာသီဥတုမျိုးနဲ့ဆိုရင်တော့ သုံးလို့ပိုအဆင်ပြေပါတယ်။

Made in France

Sealed original retail packaging

Official website -

https://www.yangonbrandedperfume.com/product-page/memo-inle

Memo Paris Inle Eau de Parfum for Women 75ml

K729,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page