top of page

Mercedes Benz Sign Your Attitude EDT Perfume for Men 100ml - K 269,000 (In stock)

သပ်ရပ်လှပတဲ့ ပုလင်းဒီဇိုင်းနဲ့ citrus aromatic ရနံ့ပြင်သစ်ရေမွှေးဖြစ်ပါတယ်။

🌿 Mercedes Benz ရဲ့ Sign Your Attitude က အရမ်းကြီး ရှုပ်ရှုပ်ထွေးထွေးအနံ့မျိုး မဟုတ်ပါဘူး။ အဲ့ဒါကပဲ သူ့ရဲ့ အားသာချက်ပါပဲ။ သူက ပွင့်ပွင့်လင်းလင်းရှိတယ်၊ လန်းဆန်းတယ်၊ အနံ့ကောင်းချင်ပေမယ့် အများကြီး အားမစိုက်ချင်တဲ့ လူငယ် နဲ့ လူလတ်ပိုင်းတွေအတွက် ထုတ်ထားတာဖြစ်ပါတယ်။

✅ ရေမွှေးစသုံးချင်တဲ့သူ၊ ဒါပေမယ့် ဈေးကြီးတဲ့ niche ရေမွှေးတွေကို ဈေးအများကြီး မသုံးချင်သေးတဲ့သူတွေအတွက် ပထမဆုံးဝယ်သင့်တဲ့ first real perfume လို့ သဘောထားလို့ရတဲ့ ရနံ့အမျိုးအစားပါ။။

🌀 ဘယ်လိုအနံ့မျိုးလဲ?

🍋‍🟩Top Notes - Mandarin Orange, Bergamot, Ginger

စဖြန်းဖြန်းချင်းမှာ လင်းလက်ပြီး လန်းဆန်းတက်ကြွတဲ့ အနံ့မျိုးကို ခံစားရမှာ - အရည်ရွှမ်းတဲ့ Mandarin Orange အနံ့က Bergamot ရဲ့ ရှတတ citrus ရနံ့နဲ့ ပေါင်းစပ်ပြီး ပေါက်ကွဲထွက်လာသလိုပဲ၊ ပြီးတော့ Ginger ကြောင့် ချက်ချင်းဆိုသလို စပ်ဖျင်းဖျင်းလေး ဖြစ်သွားတယ်။ ဒါက လန်းဆန်းနိုးကြားသွားစေပြီး လူတွေသတိထားမိစေမယ့် အဖွင့်ရနံ့မျိုးပေါ့၊ ဒါပေမယ့် synthetic ဆန်မနေဘဲ သဘာဝကျကျလေးပဲ ခံစားရမှာ။

🌿 Heart Notes - Cypress, Lavender, Nutmeg, Cinnamon

Mid stage ရောက်လာတဲ့အခါမှာတော့ ရနံ့က ပိုပြီးသင်းသင်း aromatic နဲ့ spicy ဘက်ကို နည်းနည်းရောက်လာတယ်။ Cypress နဲ့ Lavender က စိမ်းစိမ်းစိုစို၊ သစ်ပင်သစ်ရွက်ရနံ့သင်းသင်း (herbal lift) ကို ပေးတယ် - သန့်ပြန့်ပြီး ယောကျ်ားဆန်တဲ့ ခံစားမှုမျိုးပေါ့။ Nutmeg နဲ့ Cinnamon ကတော့ နွေးထွေးမှုနဲ့ သိမ့်မွေ့တဲ့ ဆွဲဆောင်မှုလေးကို ထပ်ဖြည့်ပေးတယ်။

ဒီခံစားမှုက မနက်ခင်း ကော်ဖီသောက်ပြီး တစ်နေ့တာအတွက် အားအင်အပြည့်နဲ့ လှုပ်ရှားဖို့ အဆင်သင့်ဖြစ်သွားသလိုမျိုး ခံစားချက်ပေးတယ်။

❇️ Base Notes - Wood နဲ့ Ambroxan (လို့ ယူဆရ)

သန့်ရှင်းတဲ့ သစ်သားရနံ့ (Wood note) မျိုးနဲ့ အဆုံးသတ်တယ်လို့ ဆိုနိုင်တယ်။ နည်းနည်း ကတိုးနံ့ (musky) သင်းသင်းလေးပါတယ်၊ ပြီးတော့ ရေမွှေးကို လန်းဆန်းနေစေဖို့နဲ့ ကိုယ့်အရေပြားရနံ့နဲ့ တစ်သားတည်းကျနေစေဖို့ (skin-like feeling) အတွက် Ambroxan နည်းနည်း ပါဝင်နိုင်လောက်တယ်။ အနံ့က ကိုယ့်အသားပေါ်မှာ ကပ်ပြီး မွှေးနေတာမျိုး၊ လေးပင်မသွားဘဲ ဆွဲဆောင်မှုရှိတဲ့ နူးညံ့မှု (sexy softness) ကို ပေးတယ်။

🌀 ဘယ်သူတွေနဲ့ သင့်တော်လဲ?

// ကိုယ့်ရဲ့ signature scent အဖြစ် ဈေးလည်းတန်ပြီး အနံ့လည်း အရမ်းမပြင်းတာလေး လိုချင်တဲ့ လူငယ် လူလတ်ပိုင်း ပညာရှင်တွေနဲ့ ကျောင်းသားတွေ။

// လက်ဆောင်ဝယ်ပေးချင်သူတွေ - ဒီအနံ့က လူကြိုက်များလွယ်တယ်၊ အရမ်းကြီးမစွန့်စားရာရောက်ဘဲ "safe" ဖြစ်တယ်၊ ဒါပေမယ့် မိုက်လည်းမိုက်တယ်။

// အလုပ်မှာ၊ ချစ်သူနဲ့ချိန်းတွေ့တဲ့အခါ၊ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ အေးဆေးအပြင်ထွက်တဲ့အခါ တဖက်လူကို ကိုယ့်အကြောင်း စွဲကျန်စေချင်တဲ့ သူတွေအတွက် သိပ်ကိုအဆင်ပြေတယ်။

 

📶 Performance

လုံလုံ လောက်လောက် ဖြန်းထားရင် ၄ နာရီကနေ ၆ နာရီလောက်ထိ ခံတယ်။ ဒီဈေးတန်းအတွက်ဆို တော်တော်လေး ကောင်းတယ်ပြောရမယ်။ Air-con ခန်းထဲ ၀င်လိုက်ထွက်လိုက် လုပ်နေရရင် သူ့စွမ်းဆောင်ရည်က တော်တော်လေးကိုသင့်တင့်တယ်။ နေ့လည်ဘက်လောက်မှာ ထပ်ဖြန်းချင်ရင်လည်း အရင်အနံ့နဲ့ ရောပြီး အနံ့ပြောင်းသွားမှာ၊ အရမ်းပြင်းသွားမှာ စိုးရိမ်စရာမလိုဘဲ ထပ်ဖြန်းလိုက်လို့ရတယ်။

အနံ့ပြန့်တာကလဲ အသင့်အတင့် ပါပဲ။ အခန်းပြည့်မွှေးနေတာမျိုးတော့ မဟုတ်ဘူး၊ ဒါပေမယ့် ကိုယ့်နားမှာ ရပ်နေတဲ့လူတွေကတော့ သတိထားမိလိမ့်မယ်။ ကိုယ့်ကိုကိုယ် အရမ်းကြီး ကြော်ငြာမနေဘဲ ချီးကျူးခံရစေမယ့် ရေမွှေးအမျိုးအစားပေါ့။

✅ ပုလင်းဒီဇိုင်းက ချောမွေ့ပြီး ပုံမှာမြင်ရတဲ့အတိုင်း urban chic design ဆန်တယ်။ ရိုးရှင်းပေမယ့် stylish ဖြစ်တဲ့ ဒီဇိုင်းနဲ့ ထုတ်ထားတာ၊ ရေမွှေးရဲ့ ယုံကြည်မှုရှိပြီး ရှုပ်ရှုပ်ယှက်ယှက်ကင်းတဲ့ ခံစားချက်ကို ထင်ဟပ်စေတယ်။ ယောကျ်ားဆန်တယ်၊ သုံးရလွယ်တယ်၊ စတိုင်လ်ကျတယ်။ ဒီရေမွှေးအနံ့အတိုင်းပဲပေါ့။

✅ Mercedes Benz Sign Your Attitude က ဈေးတန်တဲ့ ရေမွှေးလောကမှာ တိတ်တိတ်လေးနဲ့ လူကြိုက်များလာတဲ့ (sleeper hit) ရေမွှေးတစ်ခုပါ။ သူက အရမ်းကြီး ထူထူပြင်းပြင်း၊ လေးလေးလံလံ မဟုတ်ပေမယ့် နေ့စဉ်သုံးဖို့ လိုအပ်တဲ့အချက်တွေ အားလုံးနဲ့ ကိုက်ညီတယ်။ လန်းဆန်းပြီး ခေတ်မီတယ်၊ စိတ်ချရတယ်၊ ပိုက်ဆံလည်း အများကြီး မသုံးချင်ဘူးဆိုရင် ဒါက တော်တော်လေး စမတ်ကျတဲ့ ရွေးချယ်မှုပဲ။

✅ Diptyque Do Son, Armani Santal Dan Sha, JPG Scandal series, Azzaro Wanted, PDM Hamdani စတဲ့ နာမည်ကြီးရေမွှေးတွေကို ဖန်တီးတဲ့ ပြင်သစ်ရေမွှေးပညာရှင် Fabrice Pellegrin ရဲ့လက်ရာဖြစ်လို့အနံ့ကောင်းမကောင်းဆိုတာကို သေချာပေါက်စိတ်ချရတယ်။

✅ Dior Sauvage တို့ Versace Dylan Blue တို့ကို ကြိုက်ပေမယ့် ပိုဈေးသက်သာပြီး ပေါ့ပေါ့ပါးပါးနိုင်တာမျိုး လိုချင်တယ်ဆိုရင် Sign Your Attitude က ရွေးချယ်စရာ ရေမွှေးကောင်းတစ်ခုပါ။

🌐 Official website -

https://www.yangonbrandedperfume.com/product-page/mercedes-benz-sign-your-attitude

Made in France

Sealed original retail packaging

Mercedes Benz Sign Your Attitude EDT Perfume for Men 100ml

MMK 269,000Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page