top of page

Miss Dior Eau de Parfum 2017 Version

# 10ml decant (glass sprayer) - K 59,000

# 10ml decant (aluminium sprayer) - K 61,000

Discontinued ဖြစ်သွားပြီမို့ ပုလင်းလိုက်ဝယ်လို့ မရနိုင်တော့တဲ့ ဒီ Miss Dior EDP 2017 က classic ဖြစ်တဲ့ Miss Dior ရနံ့ကို ပိုပြီး modern ဖြစ်အောင် fresh note တွေ ပေါင်းစပ်ထားတဲ့ ရေမွှေးလေးတစ်မျိုးပါ။ သူ့ရဲ့ရနံ့က လူငယ်ဆန်ပြီး တက်ကြွတဲ့ ခံစားမှုကိုပေးပါတယ်။

Top Notes - စစဆွတ်လိုက်ရင် လိမ္မော်သီးနံ့၊ blood orange နဲ့ သံပုရာသီးရနံ့လေးတွေက အရင်ဆုံးထွက်လာပါတယ်။ Pink pepper ရနံ့လေးပါ ပါတာမို့ နည်းနည်းလေးစပ်တဲ့ရနံ့လေးနဲ့ ပေါင်းစပ်ပြီး လန်းဆန်းတဲ့ ခံစားမှုကိုပေးပါတယ်။

Middle Notes - ခဏနေရင်တော့ သူ့ရဲ့ အဓိကရနံ့ဖြစ်တဲ့ Grasse rose နဲ့ Damask rose နှင်းဆီရနံ့တွေက ထွက်လာပါပြီ။ Jasmine အရွက်နံ့လေးပါပါတာမို့ နှင်းဆီပန်းရနံ့တွေက ပိုပြီးသင်းပျံ့သွားစေပါတယ်။ နှင်းဆီရနံ့ကို ကြိုက်တဲ့သူတွေအတွက်တော့ အကြိုက်တွေ့စေမှာပါ။

Base Notes - နောက်ဆုံးမှာတော့ patchouli နဲ့ rosewood ရနံ့တွေက ကျန်ခဲ့ပြီး နွေးထွေးတဲ့ ခံစားမှုကိုပေးပါတယ်။ ရနံ့က အရမ်း ပြင်းတာမျိုးမဟုတ်ဘဲ သင်းသင်းလေးမွှေးနေစေမှာပါ။

ဘယ်လိုလူတွေနဲ့လိုက်ဖက်လဲ?

ဒီရေမွှေးကတော့ ပန်းရနံ့၊ အသီးရနံ့နဲ့ woody ရနံ့လေးတွေပေါင်းစပ်ထားတာမို့ လူငယ်တွေနဲ့ အလိုက်ဖက်ဆုံးပါပဲ။ နေ့ခင်းဘက်မှာရော ညဘက်မှာပါ သုံးလို့ရပြီး ရုံးတက်၊ ကျောင်းတက်၊ ချိန်းတွေ့သွားတာမျိုးတွေနဲ့လည်း လိုက်ဖက်ပါတယ်။

ခြုံပြီးပြောရရင်တော့ Miss Dior EDP 2017 ကတော့ classic နဲ့ modern ကို ပေါင်းစပ်ထားတဲ့ ရနံ့လေးပါ။ လူငယ်ဆန်ပြီး တက်ကြွတဲ့ ခံစားမှုကိုပေးတဲ့အပြင် ပေါ့ပေါ့ပါးပါး သုံးလို့ရတာမို့ try ကြည့်သင့်တဲ့ ရေမွှေးလေးတစ်မျိုးပါပဲ။

Official website -

https://www.yangonbrandedperfume.com/product-page/miss-dior-edp-decant

Miss Dior Eau de Parfum 2017 Version decant

K59,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page