Molinard Cuir Eau de Parfum Unisex 75ml - K 289,000 (In stock)
*Molinard Cuir Eau de Parfum Review - Spice နံ့သင်းသင်းတဲ့ လယ်သာရနံ့ မိုက်မိုက်လေး*
ကဲ ... Molinard Cuir ဆိုတာ ဒါပဲလေနော်။ Smooth ဖြစ်တဲ့ လယ်သာနံ့လေးက တော်တော် မိုက်တယ်ဗျ။ ဟို niche တချို့ လို အနံ့ပြင်းပြင်းကြီး မဟုတ်ဘူး။ သူ့ရဲ့လယ်သာနံ့လေးက spice နံ့သင်းသင်းလေး, ပန်းနံ့လေးတွေနဲ့ သစ်သားရနံ့လေးတွေ ရောထားသလိုမျိုး။ ယောက်ျားလေးရော မိန်းကလေးရော သုံးလို့ရတာဆိုတော့ တော်တော် အိုကေတယ်နော်။ ကိုယ်က နည်းနည်း ပွဲတိုးချင်တယ် ဒါပေမဲ့ အရမ်းကြီး ပြူးပြဲနေတဲ့ရေမွှေးသုံးထားသလို မဖြစ်ချင်ဘူးဆိုရင် ဒီရေမွှေးလေးက အကြိုက်တွေ့မှာပဲ။
ဘယ်လိုအနံ့မျိုးလဲ
// စစ ဖျန်းလိုက်တာနဲ့ လတ်ဆတ်တဲ့ သံပုရာနံ့လေးလိုမျိုး ရလာမယ်။ ပြီးတော့ Nutmeg ကြောင့် နည်းနည်းလေး spicy ဖြစ်ပြီးပိုထူးခြားသွားတာ။
// နောက်ပိုင်းမှာ နွေးထွေးပြီး spice နံ့လေးက ပိုသင်းလာမယ်။ Saffron နဲ့ Pepper ကြောင့်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ Lavender နဲ့ Lily တွေက အဲဒါကို နည်းနည်း ပြန်လျှော့ပေးလိုက်သလိုမျိုး။ အရမ်းကြီး spice အနံ့မပြင်းသွားအောင် ထိန်းပေးထားတာ။
// ကြာသွားရင် လယ်သာနံ့က အဓိက ဖြစ်လာပြီ။ သားရေဆိုတာထက် ပိုပြီး ကောင်းတဲ့ luxury ကားတွေမှာ သုံးတဲ့ လယ်သာခုံနဲ့ dashboard ကအနံ့မျိုးပေါ့။ ပြီးတော့ Oud နံ့လေးက နည်းနည်း မီးခိုးငွေ့လိုလို အနံ့မျိုး ထပ်ပါလာသေးတယ်။ နောက်ဆုံး အနံ့ပျယ်သွားတဲ့ အချိန်မှာဆိုရင် နွေးထွေးပြီး သက်တောင့်သက်သာ ဖြစ်စေတဲ့ Amber, Musk, Sandalwood, နဲ့ Patchouli နံ့တွေပဲ ကျန်တော့တာ။ ပြောရရင် တန်ဖိုးကြီးပြီး အရမ်းကောင်းတဲ့ အနံ့မျိုးပဲ။
ဘယ်လောက်ခံလဲ
ဒီရေမွှေးက တစ်ချို့လူတွေဆီမှာ တော်တော် ကြာရှည်ခံတယ်ဗျ။ သုံးတဲ့ number of spray နဲ့ ပတ်ဝန်းကျင်အခြေအနေတွေပေါ် မူတည်ပြီး ၆ နာရီကနေ ၁၀ နာရီလောက်ထိ ခံတယ်။ ကိုယ့်နောက်မှာ နွေးထွေးတဲ့ ရနံ့လေးက အမြဲ ပါနေမှာပဲ။ ဒါပေမဲ့ လူကို မူးနောက်သွားအောင်တော့ မဟုတ်ဘူးနော်။ နောက်ပိုင်း နာရီပိုင်းလောက်ကြာရင် ကိုယ့်အသားထဲကို စိမ့်ဝင်သွားသလိုမျိုး ဖြစ်သွားပြီး, အဲ့ဒါက ပိုပြီး ဆွဲဆောင်မှုရှိတာ။
ဘယ်သူတွေနဲ့ သင့်တော်လဲ?
ကိုယ်က spice နံ့သင်းသင်းလေးနဲ့ သားရေနံ့ကို ကြိုက်တယ်ဆိုရင် ဒီရေမွှေးကို လုံးဝ ကြိုက်မှာပဲ။ ဘယ်သူပဲသုံးသုံး အိုကေတယ်ဗျ။ Tom Ford ရဲ့ Ombre Leather ကို ကြိုက်ပေမဲ့ နည်းနည်းလေး ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာကို လိုချင်တယ်ဆိုရင် ဒါလေးကို စမ်းသုံးကြည့်သင့်တယ်။
ဘယ်အချိန်မှာ သုံးသင့်လဲ
Aircon ရှိတဲ့နေရာတွေ ရာသီဥတု အေးတဲ့ရက်တွေ ညဘက်တွေနဲ့ အလိုက်ဖက်ဆုံးပဲ။ Date တွေ, dinner တွေ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို နည်းနည်း ပိုပြီး အထူးအဆန်းလေး ဖြစ်ချင်တဲ့အချိန်မျိုးတွေမှာ သုံးလို့ အကောင်းဆုံးပဲ။
https://www.yangonbrandedperfume.com/product-page/molinard-cuir-edp-unisex-perfume-75ml
Made in France / Imported from USA
Sealed original retail packaging
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K289,000.00Price
bottom of page