top of page

Moncler La CordĂŠe Eau de Parfum 200ml Mega Size - K 699,000 (In stock)

🎒 First Impressions & Vibe

La Cordée (la cor-day လို့အသံထွက်ပါတယ်) က

ခေတ်မီတဲ့ woody-citrus unisex ရေမွှေးအမျိုးအစားဖြစ်ပြီး သုံးထားတဲ့သူကို တည်ငြိမ်စေပေမယ့် လေးလံမသွားစေတဲ့ ခံစားမှုကိုပေးပါတယ်။

မြင်ယောင်ကြည့်လိုက်နော် … မနက်ခင်းနေထွက်ချိန်မှာ လန်းဆတ်နေတဲ့ တောင်ပေါ်ထင်းရှုးတောအုပ်ထဲမှာ neutral ကာလာ သန့်သန့်လေးတွေဝတ်ပြီး လမ်းလျှောက်နေတဲ့အချိန် ယူလာတဲ့ flask ကို ဖွင့်လိုက်တော့ citrus tea ရနံ့လေး တက်လာတယ်ဆိုတဲ့ ခံစားချက် … အဲ့ဒါ သူ့ရဲ့ vibe ပါပဲ။

Star perfumer တွေဖြစ်တဲ့ Ane Ayo နဲ့ Nathalie Lorson တို့က ဖန်တီးထားတဲ့ ဒီရေမွှေးက လူတွေအာရုံချူတဲ့ loud နေတဲ့ ရေမွှေးမျိုးမဟုတ်ပါဘူး။ ပိုပြီးတော့ မသိမသာနဲ့ smart ကျကြောင်းပြတဲ့ silent flex လိုမျိုးပါ။ Clean ဖြစ်တယ်၊ elegant ဖြစ်တယ်၊ နေရာတိုင်းနဲ့အဆင်ပြေတယ်။ ကိုယ့်ရဲ့ mood ကို လွှမ်းမိုးသွားတာမျိုးမဟုတ်ဘဲ ကိုယ့် mood လေးကို ပိုပြီးပြည့်စုံသွားစေမယ့် အနံ့မျိုးပေါ့။

🧪 Scent Notes

🌿 Top: Bergamot, Cypress

🌿 Middle: Black Tea, Geranium

🌿 Base: Cashmeran, Musk

လန်းဆန်းပြီး စိမ်းစိမ်းအေးအေးအနံ့နဲ့ စဖွင့်ပါတယ်။

Cypress အနံ့က အရမ်းကောင်းတယ်။ သန့်ရှင်း၊ လန်းဆန်းပြီး တက်ကြွစေတယ်။ ဈေးကြီးတဲ့အနံ့မျိုး၊ smooth ဖြစ်ပြီး ပေါ့ပါးတယ်။ Official perfumer's note ထဲမှာမပါပေမယ့် iris နဲ့ sandalwood အနံ့တွေ နဲနဲစီရတယ်။

နောက်ပိုင်းမှာတော့ လက်ဖက် (tea note) နဲ့ musk တို့ရဲ့ နူးညံ့ပြီး နွေးထွေးတဲ့အနံ့ဘက်ကို ဖြည်းဖြည်းလေးကူးပြောင်းသွားပါတယ်။

အားစိုက်ထုတ်စရာမလိုဘဲ smart ကျနေတဲ့ပုံစံမျိုး။ Vibe က နည်းနည်း masculine ဘက်ယိုင်တယ်ဆိုပေမယ့် Simple and classy" နည်းနည်း masculine ဆန်ပေမယ့် ဘယ်သူမဆို သုံးလို့ရတယ်။ ကျား/မ မရွေး လုံးဝသုံးလို့အဆင်ပြေပါတယ်။

🧭 ဘယ်အချိန်တွေမှာ ဆွတ်ဖို့သင့်တော်လဲ

// နွေဦးနဲ့ နွေရာသီ နေ့ခင်းဘက်သုံးဖို့

// ရုံး၊ coffee shop ထိုင်၊ brunch သွား၊ ပေါ့ပေါ့ပါးပါး social event တွေ၊ yoga sessions

// ကိုယ့်ကိုကိုယ် သန့်ရှင်းသပ်ရပ်အောင် ဂရုစိုက်တယ်ဆိုတဲ့ vibe ကိုပဲပေးချင်တဲ့ low-key date မျိုးတွေ (အနံ့ပြင်းပြင်းသုံးထားတယ်လို့ အထင်မခံရစေဘူး)

အချို၊ အပြင်း ဒါမှမဟုတ် ultra-sexy ဖြစ်တဲ့ ရေမွှေးမျိုးလိုချင်ရင်တော့ ရှောင်သင့်ပါတယ်။ ဒါက beast mode မဟုတ်ဘူးနော်။ ပိုတူတာက မနက်ခင်းအေးအေးမှာ cashmere hoodie နွေးနွေးလေးဝတ်ထားရသလို ခံစားမှုမျိုးပါ။

💰 Value & Packaging

Retail ဈေး (200ml ကို $340+) နဲ့ဆိုရင်တော့ အခုလို discount price နဲ့တွေ့ရင်တော့ ဝယ်ထားသင့်တဲ့ ရေမွှေးကောင်းတစ်ခုပါ။

ပုလင်းဒီဇိုင်းကတော့ sleek ဖြစ်ပြီး သပ်ရပ်တယ်။ ပယင်းရောင်၊ clean line တွေနဲ့ minimalism ကို ကွက်တိ ပုံဖော်ထားတယ်။

✅ ဒီလိုဆိုရင် ဝယ်ပါ

// Smooth ဖြစ်တဲ့ green/tea base ရေမွှေး freshie တွေကိုကြိုက်ရင်

// နေ့စဉ်သုံးဖို့ priority လုပ်ထားတဲ့ subtle scent တွေကိုတန်ဖိုးထားရင်

// Minimalist ရေမွှေး collection တစ်ခု တည်ဆောက်နေတယ်ဆိုရင်

// ကိုယ့်ရဲ့ signature ဖြစ်မယ့်၊ သဘာဝအလှတရားကို upgrade လုပ်ထားသလို သန့်သန့်လေးမွှေးတဲ့ skin scent မျိုးကို ရှာနေတယ်ဆိုရင်

ℹ️ ဒီလိုဆိုရင်တော့ ကျော်သွားပါ

// Projection ပြင်းပြင်းနဲ့ complex scent type ကိုမှ သုံးချင်တယ်ဆိုရင်

// အရမ်း unique ဖြစ်တာကို လိုချင်တယ်ဆိုရင် (သူက ရေမွှေးလောကမှာ မရှိသေးတဲ့အသစ်အဆန်းအနံ့တော့ မဟုတ်ပါဘူး)

// နေပူကြဲအောက်မှာ လှုပ်ရှားသွားလာနေရရင်

// Woody scent စူးစူးကြိုက်ရင်

🌀 Quick Note

Moncler La Cordée က chill ဖြစ်တယ်၊ လန်းဆန်းတယ်၊ သန့်ရှင်းတယ်၊ ပြီးတော့ သန့်သန့်ပြန့်ပြန့်နဲ့ အထာကျတဲ့ vibe မျိုး ပေးတယ်။ လူအာရုံစိုက်အောင် စူးစူးကြီးမဟုတ်ပေမယ့် "ငါ့ဘဝကတော့ စနစ်တကျနဲ့ အဆင်ပြေနေတယ်" ဆိုတဲ့ message ကို ပေးတယ်။

သူက green ဖြစ်တယ်၊ breezy ဖြစ်တယ်၊ elegant ဖြစ်တယ်၊ ပြီးတော့ ပူတဲ့နေ့ မှာ chill နေချင်ရင်တွေ ဒါမှမဟုတ် ငြိမ်သက်တဲ့ပတ်ဝန်းကျင်တွေမှာ နေ့စဉ်သုံး daily use အဖြစ် အကောင်းဆုံးပဲ။

Sealed original retail packaging

Made in France

Official website -

https://www.yangonbrandedperfume.com/product-page/moncler-la-cordee

Moncler La CordĂŠe Eau de Parfum 200ml Mega Size

K699,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page