Mont Blanc Explorer Extreme Parfum 100ml - K 369,000 (In stock)
အသစ်ထွက်ထားတဲ့ ဒီပြင်သစ်ရေမွှေးရဲ့ ထူးခြားချက်က သူ့ရဲ့ Freshness နဲ့ Woody ရနံ့ပေါင်းစပ်ထားတာပါပဲ။
🌿 ပထမဆုံးဆွတ်လိုက်ရင် Citrus (သံပုရာ၊ လိမ္မော်) နံ့လိုမျိုး လန်းဆန်းတဲ့အနံ့ကို ရတယ်။ ပြီးတော့ တဖြည်းဖြည်းနဲ့ Vetiver (မြက်မွှေး) နဲ့ Patchouli (ပက်ချူလီ) လိုမျိုး မြေနံ့သင်းသင်းလေးတွေ ပေါ်လာတယ်။
✅ လာမယ့် အေးစိမ့်စိမ့် ဆောင်းရာသီ ရာသီဥတုမှာ ဒီရေမွှေးက ပိုလို့တောင် အသုံးတည့်ပါတယ်။ အေးတဲ့ ရာသီဥတုမှာ wood note လေးတွေက ပိုမိုဆွဲဆောင်မှုရှိအောင် ပေါ်လွင်တဲ့အပြင် highest perfume concentration ဖြစ်တဲ့ parfum ရေမွှေးအမျိုးအစားဖြစ်လို့ ရေမွှေးခဏခဏ ပြန်ဖြန်းစရာမလိုဘဲ ကြာကြာအနံ့စွဲနေမှာပါ။
✅ Fragrantica မှာဆိုရင်လည်း Longevity အတွက် vote ပေးထားတဲ့သူတွေရဲ့ ၈၀% ကျော်က သူ့ရဲ့ ကြာရှည်ခံမှုကို 'Long lasting' ကနေ 'Very long lasting' လို့ သတ်မှတ်ထားကြပါတယ်။
✅ ဒါပေမဲ့ သူက အရမ်းကြီးမွှန်ထူနေအောင် ပြင်းတဲ့အမျိုးအစားမဟုတ်တဲ့အတွက် ပတ်ဝန်းကျင်အပူချိန် / ကိုယ်သုံးတဲ့ ရေမွှေး spray အရေအတွက်နဲ့ အသားပေါ်ဖြန်းသုံးလား အဝတ်ပေါ်မှာသုံးလားဆိုတာတွေအများကြီးပေါ်မှာ မူတည်ပါတယ်။ သေချာတာကတော့ Explorer EDP ထက်ပိုပြီး ကြာကြာခံတယ်ဆိုတာပါပဲ။
✅ Explorer Eau de Parfum classic version ကို ပြန်ကြည့်ရင် သူက Creed Aventus ရနံ့နဲ့ အရမ်းနီးစပ်ပြီး ဈေးနှုန်းချိုသာတာကြောင့် လူကြိုက်များခဲ့တဲ့ ရေမွှေးဖြစ်ပါတယ်။ Explorer Extreme က လူအများထင်နေသလို မူရင်း Explorer ထက် ပိုပြင်း၊ ပိုအားကောင်းတဲ့ Beast Mode Aventus ပုံစံမျိုးတော့ amp up လုပ်ထားတာမဟုတ်ပါဘူး။
✅ Explorer Extreme ကို လူအားလုံးကြိုက်အောင် maximum compliment factor ရအောင်လို့ (မူရင်း Aventus အနံ့နဲ့တိုက်ရိုက်မတူတဲ့) Absolute Aventus၊ (Sauvage EDT/EDP တွေနဲ့ တိုက်ရိုက်မတူတဲ့) Sauvage Elixir၊ မူရင်း Explorer နဲ့ မူရင်း Sauvage ရနံ့တွေကို ရောပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။
✅ Explorer Extreme မှာ Aventus ရဲ့ ရနံ့ DNA နည်းနည်းလေးပဲ ပါပြီး Absolute Aventus လို နက်ရှိုင်းတဲ့ မီးခိုးငွေ့ရနံ့ (smokiness) နဲ့ ပြင်းအား (impact) မျိုးမရှိပါဘူး။ Extreme က Absolute Aventus ထက် Sauvage Elixir နဲ့ နည်းနည်းပိုနီးစပ်တယ်လို့ ပြောလို့ရပြီး ဒါကိုလဲ တိုက်ရိုက်ကူးချတာ မဟုတ်ပါဘူး။ Sauvage Elixir က အရမ်းပြင်းပြီး Explorer Extreme ကတော့ အဲ့လောက် မပြင်းပါဘူး။ Elixir ထက်စာရင် မူရင်း Dior Sauvage အနံ့မျိုးကို ပိုသတိရစေပါတယ်။
✅ အဲဒီလို နာမည်ကြီး Brand တွေရဲ့ ခံစားချက်မျိုးကို ကြိုက်တဲ့သူတွေအတွက်ဆို ဒီ Mont Blanc Explorer Extreme Parfum က တော်တော်လေး စိတ်ဝင်စားစရာကောင်းမှာပါ။
✅ ဒါ့အပြင် သူ့ကိုသုံးရတာက Absolute Aventus/ Sauvage Elixir တွေလို အရမ်းခက်ခဲမှာ မဟုတ်တဲ့အပြင် ဆောင်းရာသီ အေးအေးလေးမှာ Daily wear အဖြစ် သုံးရတာ ပိုလွယ်ကူ သက်တောင့်သက်သာရှိစေမှာ ဖြစ်ပါတယ်။
✅ မိတ်ဆွေက ရေမွှေးတွေကို သိပ်စိတ်မဝင်စားဘဲ ရေမွှေးအရေအတွက် အများကြီးလည်းမရှိဘဲ ရိုးရိုးသာယာတဲ့ရနံ့တစ်ခု၊ ကောင်းတဲ့ရေမွှေးတစ်ခု၊ ဘေးလူတွေဆီက ချီးကျူးစကားတွေ အများကြီးရနိုင်တဲ့ ရေမွှေးတစ်ခုကို နေ့တိုင်း ရိုးရိုးရှင်းရှင်းသုံးဖို့ လိုချင်ရင်တော့ Explorer Extreme ကို ရွေးတာမမှားပါဘူး။
✅ လူအများကြိုက်တဲ့အနံ့ဖြစ်တဲ့အတွက် စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဒါမှမဟုတ် အစည်းအဝေးတွေ၊ conference တွေ သွားရတဲ့သူတွေအတွက်ဆို အရမ်းသင့်တော်တယ်။ Professional ဆန်တယ်။ တည်ငြိမ်တယ်။ ပြီးတော့ ကိုယ့်ရဲ့ Personality ကို ပိုပြီး Strong ဖြစ်စေတယ်။ တခြားသူတွေနဲ့ စကားပြောတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေတယ်။ ဘေးလူတွေကို စိတ်အနှောင့်အယှက် မဖြစ်စေဘူး။
✅ လက်ဆောင်ပေးဖို့ ဝယ်မယ်ဆိုရင်လည်း packaging ဒီဇိုင်းက Mont Blanc ရဲ့ ဂုဏ်သိက္ခာနဲ့အညီ ခန့်ညားပြီး ပရီမီယံဆန်တယ်။ ပုလင်းရဲ့ အမည်းရောင်ဒီဇိုင်းနဲ့ ရွှေရောင်စာလုံးတွေက ယောက်ျားပီသတဲ့ ခံစားချက်ကို ပေးပါတယ်။
Mont Blanc Explorer Extreme Parfum က မြန်မာနိုင်ငံရဲ့ အေးစိမ့်တဲ့ ဆောင်းရာသီမှာ စတိုင်ကျကျနဲ့ ခန့်ညားလန်းဆန်းနေချင်တဲ့ ယောက်ျားတွေအတွက် ဝယ်ထားရင်မမှားတဲ့ ဈေးတန်တဲ့ ရေမွှေးအသစ်တစ်မျိုးပါ။
Official website - https://www.yangonbrandedperfume.com/product-page/mont-blanc-explorer-parfum
Made in France
Sealed original retail packaging
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
MMK 369,000Price
bottom of page
