top of page

Montale Silver Aoud Unisex Eau de Parfum 100ml - K 369,000 (In stock)

အခုလို ရန်ကုန်၊ မန္တလေး မနက်ခင်းနဲ့ ညနေခင်း အေးအေးလေးတွေမှာ Hoodie လေး၊ ကုတ်အင်္ကျီပါးပါးလေးတွေ ဝတ်ပြီး သုံးဖို့ အလိုက်ဖက်ဆုံး ရေမွှေးကို ပြပါဆိုရင် အမျိုးသမီးရော အမျိုးသားပါ သုံးနိုင်တဲ့ Montale Silver Aoud ကို ညွှန်းပါရစေ။

Pierre Montale ရဲ့ လက်ရာ Aromatic Fresh Spicy အမျိုးအစားဖြစ်ပြီး Calabrian Lemon၊ Rosemary၊ Lavender နဲ့ Tonka bean ရနံ့တွေက အဓိကမို့ အေးမြတဲ့ လေထုထဲမှာရော Aircon ခန်းထဲမှာပါ ရနံ့က ပိုရှင်းပြီး ပိုပေါ်လွင်ပါတယ်။

❄️ ဆောင်းရာသီနဲ့ ဘာလို့လိုက်ဖက်လဲ?

အေးစိမ့်တဲ့ ဆောင်းတွင်းမှာ တချို့ ရေမွှေးတွေက အနံ့သိပ်မထွက်တတ်ပေမယ့် သူကတော့ Lemon နဲ့ Lavender ကြောင့် Fresh ဖြစ်သလို၊ Tonka Bean နဲ့ Cedar တို့ရဲ့ Warm ဖြစ်တဲ့ အငွေ့အသက်လေးတွေပါ ပါဝင်လို့ ရာသီဥတုအေးတဲ့အချိန် သုံးလိုက်ရင် လူကို နွေးထွေးပြီး တည်ငြိမ်တဲ့ vibe မျိုး ပေးပါတယ်။ တခါဆတ်ထားရုံနဲ့ တစ်နေကုန် ရနံ့သင်းပျံ့နေမှာမို့ ရေမွှေး ခဏခဏ ပြန်ဖုန်းစရာ မလိုပါဘူး။

နာမည်မှာ Oud ပါပေမယ့် Oud အနံ့က အရမ်းကြီး စူးရှမနေဘဲ သင်းသင်းလေးမို့ ရုံးသွား၊ ကျောင်းသွား၊ အလုပ်သွား နေ့စဉ်သုံးဖို့လည်း အဆင်ပြေပါတယ်။

⏰ ရနံ့စွဲချိန် Longevity

Fragrantica မှာ သုံးပြီးသူတွေရဲ့ ပြောစကားအရ -

- 8 ယောက် က သင့်တင့်တယ် (moderate)

- 25 ယောက် က ကြာရှည်ခံတယ် (long lasting)

- 16 ယောက် က အရမ်းကြာရှည်ခံတယ် (eternal) လို့ ဆိုထားကြလို့ ရနံ့ပျောက်သွားမှာ ပူစရာမလိုပါဘူး။

🌿 ရနံ့ပျံ့အား Sillage

လေတိုက်တဲ့အချိန် ကိုယ်ဖြတ်လျှောက်သွားရင် ကျန်ခဲ့တဲ့ scent trail က တော်တော်မိုက်ပါတယ်။

- 24 ယောက် က သင့်တင့်တယ် (moderate)

- 25 ယောက် က ပျံ့အားကောင်းတယ် (strong)

- 25 ယောက် က ပျံ့အား အရမ်းကောင်းတယ် (enormous) လို့ ပြောထားကြပါတယ်။

ဒါကြောင့် လူကြားထဲသွားရင် ကိုယ့်ဆီက ရနံ့သင်းသင်းလေး ကျန်ခဲ့တာမျိုး ကြိုက်တဲ့သူတွေ ဒီရာသီအတွက် မဖြစ်မနေ ဆောင်ထားသင့်ပါတယ်။

Made in France Imported from USA Sealed original retail packaging

Official website -

https://www.yangonbrandedperfume.com/product-page/montale-silver-aoud

Montale Silver Aoud Unisex Eau de Parfum 100ml

MMK 369,000Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page