Moschino Forever EDT Perfume for Men
# 10ml decant (glass sprayer) - K 27,000
# 10ml decant (aluminium sprayer) - K 29,000
# 37ml decant (glass sprayer) - 99,000
ရေမွှေးဆိုရင် စူးရှပြီး ခေါင်းကိုက်တာမျိုး မကြိုက်ဘဲ၊ smart ကျကျနဲ့ clean ဖြစ်တဲ့ အနံ့မျိုး ရှာနေလား?
ဒါဆိုရင်တော့ တကယ့်ကို classic ဆန်ပြီး လူကြီးလူကောင်း Vibe ကို အပြည့်အဝ ပေးနိုင်တဲ့ Moschino Forever လေးက မဖြစ်မနေ စမ်းကြည့်သင့်တဲ့ underrated ဖြစ်တဲ့ ရေမွှေးကောင်းလေး တစ်ခုပါပဲ။
ပထမဆုံး ဖြန်းလိုက်တာနဲ့ Kumquat (လိမ္မော်သီးလေးတွေ) ရဲ့ လတ်ဆတ်တဲ့ အနံ့နဲ့ Star Anise (spice note ခပ်စပ်စပ်) ကို ခံစားရမှာပါ။ အနံ့က အရမ်းကြီး စူးမနေဘဲ တဖြည်းဖြည်းနဲ့ Black Pepper (ငရုတ်ကောင်း) ရဲ့ ခပ်မိုက်မိုက် အနံ့ဘက်ကို ကူးသွားပါတယ်။ နောက်ဆုံး အနံ့အေးသွားတဲ့အချိန် (Dry down) မှာတော့ Sandalwood (စန္ဒကူး) နဲ့ Musk အနံ့လေး ကျန်ခဲ့တာမို့ ပေါ့ပေါ့ပါးပါးနဲ့ တည်ငြိမ်တဲ့ ပုံစံမျိုးကို ရစေပါတယ်။
သူက "Clean & Spicy" ဘက်ကို သွားတာမို့လို့ အရမ်းကြီး ငြင်းတဲ့ အနံ့တွေ မကြိုက်တဲ့သူတွေ။ ရုံးတက်တဲ့အခါ ဒါမှမဟုတ် အလုပ်ကိစ္စနဲ့ လူကြီးတွေနဲ့ တွေ့တဲ့အခါ Professional ကျကျ ပုံစံမျိုး ပေါက်ချင်တဲ့သူတွေ။ အသက် (၂၅) ဝန်းကျင်ကနေ အထက် လူကြီးလူကောင်း ပုံစံမျိုးနဲ့ ပိုလိုက်ပါတယ်။
မြန်မာနိုင်ငံ ရာသီဥတုနဲ့ဆိုရင် မနက်ခင်း ရုံးတက်ချိန် တွေမှာ သုံးဖို့ အကောင်းဆုံးပဲ။ ပူအိုက်တဲ့ နေ့လယ်ဘက်တွေမှာတောင် အနံ့က သန့်သန့်လေး ဖြစ်နေမှာပါ။ ညဘက် ပွဲတက်တွေအတွက်ကတော့ နည်းနည်း ပေါ့သွားနိုင်ပါတယ်။
Moschino Forever က အရမ်း unique ဖြစ်တဲ့ အနံ့မျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့ "လူကြီးလူကောင်း တစ်ယောက်လို သန့်သန့်ပြန့်ပြန့်နဲ့ မွှေးနေချင်တယ်" ဆိုရင်တော့ ဒါဟာ နောင်တမရစေမယ့် choice တစ်ခုပါ။
Official website -
https://www.yangonbrandedperfume.com/product-page/moschino-forever
10ml / 37ml decant တွေပဲ ရပါတော့မယ် ။
// Decant ဆိုတာက ကျွန်တော်တို့ဆီမှာရောင်းတဲ့ 100ml, 200ml စတဲ့ ပုလင်းအကြီး (Full-size Original Bottle) တွေထဲကနေ ပမာဏနည်းနည်းကို ပုလင်းအသေးလေးတွေ (ဥပမာ 10ml, 37ml) ထဲ ပြန်ခွဲထည့်ထားတာကို ခေါ်တာပါ။
💡 Decant တွေကို ဘာလို့သုံးသင့်လဲ?
✔️ ပုလင်းအကြီး မဝယ်ခင် အနံ့ကိုအရင် စမ်းသုံးကြည့်လို့ရတယ်။
✔️ အိတ်ထဲ၊ အိတ်ကပ်ထဲထည့်ပြီး သယ်သွားရတာ ပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေတယ်။
✔️ ဈေးကြီးတဲ့ရေမွှေးတွေကို ဈေးသက်သက်သာသာနဲ့ စမ်းသုံးခွင့်ရတယ်။
❗သိထားသင့်တဲ့ အချက်လေးတွေ
👉 Original ဘူးခွံ၊ ပုလင်းလှလှလေးတွေ မပါတဲ့အတွက် လက်ဆောင်ပေးဖို့တော့ အဆင်မပြေပါဘူး။
👉 ကိုယ်တိုင်စမ်းသုံးဖို့ (testing) ဒါမှမဟုတ် အလွယ်တကူ ပေါ့ပေါ့ပါးပါးသုံးဖို့အတွက်ပဲ ရည်ရွယ်ပါတယ်။
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K99,000.00Price
bottom of page
