top of page

Mugler Angel Elixir ကို သုံးကြည့်ပြီးပြီလား✨

​Hi hi! ရေမွှေးကြိုက်တဲ့ တို့သူငယ်ချင်းတွေအတွက် ဒီနေ့ review ရေးပေးချင်တာကတော့ Mugler ရဲ့ Angel Elixir အသစ်လေးပဲ ဖြစ်ပါတယ်။

​Original Angel ကိုသိကြတယ်ဟုတ် - တချို့ဆို သူ့အနံ့ကို အရမ်းကြိုက်သလို၊ တချို့ကျတော့လည်း "ပြင်းလိုက်တာ" ဆိုပြီး ခေါင်းခါကြတယ်။ အခုထွက်တဲ့ Angel Elixir ကတော့ original နဲ့ လုံးဝမတူဘူး။ ပိုပြီး modern ဖြစ်တယ်၊ ပိုပြီး လူကြိုက်များမယ့်အနံ့မျိုးလေး။

အရင်ဆုံး ပုလင်းလေးကိုကြည့်လိုက်တာနဲ့ ကြွေပြီ။ သူတို့ရဲ့ signature ကြယ်ပုံစံလေးကိုမှ အပြာရင့်ရောင် အမှောင်လေးနဲ့ အရမ်း classy ဖြစ်တယ်။ ကိုယ့်ရဲ့ dressing table ပေါ်မှာ တင်ထားရင်ကို ကျက်သရေရှိနေမှာ။

🌿 ​အနံ့ကဘယ်လိုလဲ?

// ​Top Note - ဆွတ်လိုက်တာနဲ့ pink pepper နံ့စပ်ဖျဉ်းဖျဉ်းလေးကို အရင်ဆုံးရတယ်။ ဒါပေမဲ့ ခေါင်းကိုက်လောက်အောင် စပ်တာမဟုတ်ဘူးနော်။ နည်းနည်း spicy ဖြစ်ပြီး attention grabber ပုံစံမျိုးလေး။

// ​Middle Notes - ခဏနေလို့ အနံ့လေးငြိမ်သွားတဲ့အခါမှာတော့ ပန်းနံ့အဖြူတွေရဲ့ရနံ့ကို ခံစားရမှာ။ စံပယ်ပန်း (Jasmine)၊ စကားဝါ (Ylang-Ylang) နဲ့ လိမ္မော်ပန်း (Orange Blossom) တို့ကို Sandalwood (စန္ဒကူး) နံ့လေးနဲ့ ပေါင်းစပ်ထားတာ။ အဲ့ဒီတော့ ရိုးရိုးပန်းနံ့ကြီးမဟုတ်ဘဲ နည်းနည်း creamy ဖြစ်တဲ့၊ နို့နံ့အဆီလေးပါသလို အိအိလေးနဲ့ အရမ်းဆွဲဆောင်မှုရှိတယ်။

// ​Base Notes - အချိန်ကြာသွားလို့ ကိုယ့်အသားပေါ်မှာ ကျန်ခဲ့တဲ့အနံ့ကတော့ ဒီရေမွှေးရဲ့ အသက်ပဲ။ Bourbon Vanilla ရဲ့ အချိုနံ့နွေးနွေးလေးနဲ့ Amber ရဲ့ သစ်သားရနံ့ငွေ့ငွေ့လေးပေါ့။ မုန့်လို အီလည်လည်ချိုတာမျိုးမဟုတ်ဘဲ နွေးထွေးပြီး sexy ကျတဲ့ vanilla ရနံ့မျိုးဖြစ်လို့ အရမ်းကြိုက်တယ်။

🌿 ​ဘယ်လောက်ခံလဲ?

ခံတာတော့ တော်တော်ခံတယ်။ Eau de Parfum (EDP) ဆိုတော့ အဝတ်အစားတွေမှာ တော်တော် အနံ့ကစွဲကျန်နေတုန်းပဲ။

🌿 ​ဘယ်သူတွေနဲ့လိုက်ဖက်လဲ?

Vanilla, White Floral အနံ့တွေကြိုက်တဲ့သူဆိုရင်တော့ သေချာပေါက်ကြိုက်မှာပါ။ Original Angel ကပြင်းတယ်လို့ထင်တဲ့သူတွေ၊ ဒါပေမဲ့ Mugler ရဲ့ ရေမွှေးတွေကို စမ်းသုံးချင်တဲ့သူတွေအတွက် ဒါက entry-level အနေနဲ့ အရမ်းကောင်းတယ်။ ညဘက် date night တွေ၊ party တွေနဲ့ဆို ပိုလိုက်ဖက်ပေမဲ့ နေ့ခင်းဘက်လည်း အများကြီးမဆွတ်ရင် သုံးလို့အဆင်ပြေပါတယ်။

🌿​ ခြုံပြောရရင်တော့ ...

Angel Elixir က ယုံကြည်မှုရှိတဲ့၊ modern ဖြစ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ vibe ကိုပေးတယ်။ ချိုတယ်၊ ဆွဲဆောင်မှုရှိတယ်၊ ဒါပေမဲ့ အရမ်းမအီဘူး။ ကိုယ်တော့ တော်တော်လေးကြိုက်တယ်။ အနံ့လေးက unique ဖြစ်ပြီး လူတကာနဲ့မတူချင်တဲ့သူတွေအတွက် perfect ပဲ။

Mugler Angel Elixir Eau de Parfum for Women 100ml - K 429,000 (In stock)

Made in France

Sealed original retail packaging

🌀 Official website -

https://www.yangonbrandedperfume.com/product-page/mugler-angel-elixir

Mugler Angel Elixir Eau de Parfum for Women 100ml

K429,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page