top of page

Narciso Rodriguez Musc Santal Eau de Parfum Intense for Men 100ml - K 429,000 (In stock)

✅ Narciso Rodriguez ရဲ့ For Him collection ထဲက ဒီနှစ် အစပိုင်းကမှထွက်ထားတဲ့ ရေမွှေးအသစ်

🌿 Narciso Rodriguez ဆိုရင် musk ကို သန့်သန့်ရှင်းရှင်းနဲ့ classy ဖြစ်အောင် ဖန်ဇီးတတ်တဲ့ brand တစ်ခုလို့ ပြောလို့ရပါတယ်။ ဒီ Musc Santal ကလည်း အဲ့ဒီ DNA ကို အခြေခံထားပြီး sandalwood နဲ့ woody notes တွေကို ပေါင်းထားတဲ့ ရေမွှေးမျိုးပါ။

🌿 စဖြန်းလိုက်တာနဲ့ Juniper၊ bergamot၊ clary sage နဲ့ cardamom တို့ကြောင့် fresh ဖြစ်ပြီး အစိမ်းရောင်အပင်နံ့လေးပါတဲ့ clean vibe ကို အရင်ခံစားရမယ်။

🌿 နောက်ပိုင်းကျတော့ musk က အဓိကဇာတ်ကောင် ဖြစ်လာတယ်။ သန့်သန့်ရှင်းရှင်း၊ နူးနူးညံ့ညံ့နဲ့ skin scent ဆန်တဲ့ ခံစားချက်မျိုးပါ။ Cedarwood နဲ့ sandalwood တို့ကလည်း သစ်သားနံ့ကို ပေးထားလို့ အနံ့က ပေါ့ပေါ့ပါးပါးပဲ ဖြစ်နေတယ်ဆိုပေမယ့် ရိုးရိုးရှင်းရှင်းနဲ့ ကြည့်ကောင်းတဲ့ vibe မျိုး ရှိတယ်။

🌿 နောက်ပိုင်းမှာတော့ sandalwood ရဲ့ creamy ဖြစ်တဲ့ သစ်သားနံ့၊ benzoin ရဲ့ နွေးထွေးမှုနဲ့ patchouli ရဲ့ earthy vibe လေးတွေ ပါလာတယ်။

🌿 အနံ့တစ်ခုလုံးကို ခြုံပြောရရင် clean, musky, woody နဲ့ slightly creamy ဆိုတဲ့ဘက်ကို သွားတယ်။ သန့်ရှင်းပြီး အနားမှာရှိတဲ့သူတွေက သတိထားမိနိုင်တဲ့ understated scent မျိုးလို့ ပြောရင် ပိုမှန်မယ်။

👔 ဘယ်လိုလူမျိုးတွေနဲ့ လိုက်မလဲ?

✅ ဒီရေမွှေးက အဝတ်အစားသပ်သပ်ရပ်ရပ် ဝတ်တတ်တဲ့သူတွေ၊ ရိုးရိုးရှင်းရှင်းနဲ့ classy ဖြစ်ချင်တဲ့သူတွေအတွက် တော်တော်စိတ်ဝင်စားစရာကောင်းတယ်။

✅ Office သွားတဲ့အချိန်၊ meeting တွေ၊ ကော်ဖီဆိုင်သွားတဲ့အချိန်၊ နေ့စဉ်အပြင်ထွက်တဲ့အချိန်တွေမှာ သုံးဖို့ စဉ်းစားလို့ရတယ်။

✅ Suit ဝတ်ထားမှ လိုက်တာမျိုးလည်း မဟုတ်ဘူး။ T-shirt နဲ့ jeans ဝတ်ထားတဲ့ smart casual style နဲ့လည်း လိုက်နိုင်တယ်။

✅ အသက်ကြီးမှ သုံးလို့ရတဲ့ ရေမွှေးမျိုးလားဆိုတော့ မဟုတ်ပါဘူး။ Musk နဲ့ woody scent ကြိုက်တဲ့ လူငယ်တွေလည်း သုံးလို့ရတယ်။ အသက်ထက် ကိုယ်ကြိုက်တဲ့ scent profile က ပိုအရေးကြီးတယ်။

✅ ဗူးနဲ့ပုလင်းဒီဇိုင်းကလည်း အနံ့နဲ့လိုက်ဖက်တယ်။ Grey tone တွေ၊ ရိုးရှင်းတဲ့ပုံစံနဲ့ သစ်သားအစစ်နဲ့ လုပ်စားတဲ့ wooden cap ကြောင့် modern ဖြစ်ပြီး အေးအေးဆေးဆေး classy ဖြစ်တဲ့ look မျိုး ရတယ်။

✅ အရောင်တောက်တောက်တွေနဲ့ အလှဆင်ထားတဲ့ ပုံစံမျိုးမဟုတ်ဘဲ ရိုးရှင်းမှုကိုပဲ အဓိကထားထားတယ်။ ရေမွှေး collection ထဲမှာ ထားထားရင်လည်း သပ်သပ်ရပ်ရပ်နဲ့ ကြည့်ကောင်းမယ့် bottle design မျိုးပါ။

Made in France

Sealed original retail packaging

Official website -

https://www.yangonbrandedperfume.com/product-page/narciso-rodriguez-musc-santal

Narciso Rodriguez Musc Santal Eau de Parfum Intense for Men 100ml

MMK 429,000Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page