top of page

MFK Oud Satin Mood Travel Set (11ml x 5pcs + 1 Globe Trotter Gold Case) - K 729,000 (In stock)

Perfume တွေထဲမှာမှ "Luxury" ဆိုတဲ့ စကားလုံးနဲ့ အလိုက်ဖက်ဆုံးလို့ ပြောလို့ရတဲ့ MFK Oud Satin Mood ပါ။ ဒီ Travel Set လေးကတော့ တကယ့်ကို must-have item လေးတစ်ခုပါပဲ။

🌿 Scent Profile

ဒီကောင်လေးက Oud (သစ်မွှေး) အနံ့ကို အခြေခံထားပေမယ့် လုံးဝ ခေါင်းကိုက်စေတဲ့ Oud မျိုး မဟုတ်ပါဘူး။ Creamy ဖြစ်ပြီး တော်တော်လေးကို Sexy ကျတဲ့ အနံ့မျိုးပါ။ ယောကျာ်းလေးရော မိန်းကလေးပါ သုံးလို့ရတဲ့ (Unisex) အနံ့ဆိုပေမယ့် သုံးလိုက်ရင် လူက တော်တော်လေး classy ဖြစ်သွားသလို ခံစားရစေမှာပါ။

Notes - Oud , Vanilla Amber Accord , Benzoin , Violet

🔥 အနံ့စွဲအား

"Beast Mode" လို့ ပြောရလောက်အောင် အနံ့စွဲအား အရမ်းကောင်းပါတယ်။ လူကြားထဲသွားရင် ကိုယ်ဖြတ်လျှောက်သွားတာနဲ့ မွှေးကျန်ခဲ့မယ့် type မျိုးပါ။

💎 Packaging & Design

ဒီ Set မှာ အကြိုက်ဆုံးကတော့ ရွှေရောင် Globe Trotter Case လေးပါပဲ။ ကိုင်လိုက်တာနဲ့ Heavy ဖြစ်ပြီး တကယ်တန်ဖိုးကြီးမှန်း သိသာတယ်။ သံလိုက်အဖုံးလေးနဲ့မို့ အဖွင့်အပိတ်လုပ်ရတာလည်း အရမ်းမိုက်တယ်။ Oud Satin Mood Eau de Parfum 11ml ပါတဲ့ sprayer ၅ ဘူးပါတော့ စုစုပေါင်း 55ml ရမှာဆိုတော့ 70ml ဘူးကြီးတစ်ဘူး ဝယ်သလောက်နီးပါး သုံးလို့ရပါတယ်။

✈️ ဘယ်သူတွေ ဝယ်သင့်လဲ?

// ခရီး ခဏခဏသွားတတ်တဲ့သူတွေ (hand carry အိတ်ထဲထည့်သွားရင် နေရာမယူဘူး၊ ပုလင်းကွဲမှာ မပူရဘူး)

// လိုတဲ့အချိန်မှာ ရေမွှေးချက်ချင်း ဖြန်းနိုင်ဖို့ အသင့်ဆောင်ထားချင်သူတွေ

// Oud Satin Mood ဘူးကြီး (70ml) ချက်ချင်းမဝယ်ချင်ဘဲ စမ်းသုံးကြည့်ချင်တဲ့သူတွေ

// Night out ထွက်တဲ့အခါ၊ ပွဲတက်တဲ့အခါ လူငေးမယ့် အနံ့မျိုး လိုချင်သူတွေအတွက် အထူးသင့်တော်ပါတယ်

Rating - 10/10 (ဈေးနည်းနည်းပြင်းပေမယ့် တကယ်တန်တဲ့ Investment ပါ)

Official website -

https://www.yangonbrandedperfume.com/product-page/oud-satin-mood-set

MFK Oud Satin Mood Travel Set (11ml x 5pcs + 1 Globe Trotter Gold Case)

K729,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page