top of page

Rabanne ရဲ့ လူကြိုက်များတဲ့ စက်ရုပ်ပုံစံ Phantom line ထဲကမှ ၂၀၂၄ မှာ ထွက်ထားတဲ့ Phantom Intense အကြောင်းကို အသေးစိတ် review လေး ပြောပြပေးသွားပါမယ်။

အခုလို မိုးရွာပြီး စိုစွတ်ထိုင်းမှိုင်းတဲ့ ရာသီဥတုနဲ့လည်း ကွက်တိဖြစ်သလို၊ အနံ့ခံနိုင်ရည် (performance) အပိုင်းမှာလည်း အားကိုးရတဲ့အတွက် လက်ရှိ အခြေအနေမျိုးမှာ ဝယ်ရတာ တန်စေမယ့် ရွေးချယ်မှုတစ်ခု ဖြစ်မှာ သေချာပါတယ်။

Phantom Intense က မူရင်း Phantom ထက်စာရင် ပိုပြီး ရင့်ကျက် တည်ငြိမ်လာသလို ပိုပြီးတော့လည်း ဆွဲဆောင်မှုရှိတဲ့ vibe မျိုး ပေးပါတယ်။

🌿 အစဦးမှာ လတ်ဆတ်ဆန်းသစ်တဲ့ လိမ္မော်ပွင့်နံ့အေးအေးလေးရယ်၊ သံပရာသီးအနံ့ရယ်နဲ့အတူ Cardamom ရဲ့ Spicy အနံ့လေး သင်းသင်းလေး ပါလာပါတယ်။

🌿 သိပ်မကြာခင်မှာပဲ Phantom line ရဲ့ DNA ဖြစ်တဲ့ Lavender အနံ့က သိသိသာသာ ထွက်လာပါတယ်။ ဒါပေမဲ့ ဒီကောင်က Rum note ပါဝင်လာတာမို့ ပိုပြီး နက်နဲပြီး ဆွဲဆောင်မှုရှိတဲ့ ညနေခင်း vibe မျိုးကို ပြောင်းလဲသွားစေပါတယ်။

🌿 အနံ့ရဲ့ နောက်ဆုံးအဆင့် (Dry down) မှာတော့ အရမ်းကို နူးညံ့ပြီး စွဲမက်စရာကောင်းတဲ့ Vanilla အချိုနံ့လေးနဲ့အတူ သစ်သားနံ့ (Cedarwood)၊ မြေဆီလွှာနံ့ တို့ ပေါင်းသွားပြီး ယောက်ျားပီသတဲ့ ခံစားချက်ကို အပြည့်အဝ ပေးပါတယ်။

🌿 အခုလို ဇူလိုင်လ မိုးရာသီ (Monsoon Season) မှာ ထိုင်းမှိုင်းအုံ့မှိုင်းနေတဲ့ အချိန်တွေနဲ့ အေးစိမ့်တဲ့ မိုးရွာတဲ့ ညချမ်းတွေအတွက် နဲ့ အမြဲရနေတဲ့ ရုံးခန်းတွေထဲမှာ ဒီရေမွှေးရဲ့ နွေးထွေးတဲ့ Vanilla နဲ့ Rum အနံ့က တကယ့်ကို စိတ်အပန်းပြေစေပါတယ်။

✅ Phantom Intense ကတော့ ၅ ချက်လောက်ဆွတ်ထားရင် ၇ နာရီလောက်အထိ လူအများစုအတွက် ခံတဲ့အတွက် ခဏခဏ ပြန်ဆွတ်စရာမလိုဘဲ ငွေကုန်ရကျိုးနပ်စေပါတယ်။

မူရင်း Phantom ထက် ပိုပြီး ချိုမြိန်၊ နက်နဲပြီး ပိုပြီး ရင့်ကျက်တဲ့ ကောင်လေးတစ်ယောက်ရဲ့ vibe မျိုး လိုချင်ရင်တော့ ဒါလေးကို လုံးဝ လက်မလွှတ်သင့်ပါဘူး။

Paco Rabanne Phantom Eau de Parfum Intense 100ml - K 399,000 (In stock)

Made in Spain

Sealed original retail packaging

Official website -

https://www.yangonbrandedperfume.com/product-page/paco-rabanne-phantom

Paco Rabanne Phantom Eau de Parfum Intense 100ml

MMK 399,000Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page