top of page

Parfums De Marly Pegasus EDP Perfume for Men Refill Set (10ml x 3pcs) - K 385,000 (In stock)

PDM ရဲ့ original packaging နဲ့ လာတဲ့ 10ml sprayer သုံးခုပါတဲ့ official refill set ဖြစ်ပါတယ်။ (Decant တွေမဟုတ်ပါဘူး)

Parfums de Marly Pegasus ဟာ almond ရနံ့ရဲ့ ပျော့ပျောင်းမှု၊ vanilla ရနံ့ရဲ့ ချိုညက်မှုနဲ့ သစ်သားရနံ့ရဲ့ ကြွယ်ဝမှုတွေကို ပေါင်းစပ်ထားတဲ့ ရနံ့အရည်အသွေးအဆင့်မြင့်တဲ့ niche fragrance တစ်မျိုးဖြစ်ပါတယ်။

အခြားသော သာမန်အမျိုးသားသုံးရေမွှေး တွေနဲ့မတူဘဲ Pegasus မှာ rich & powdery essence နဲ့ သတ္တု note လေးပါတဲ့ ရနံ့အရသာက သပ်ရပ်ပြီး ယုံကြည်မှုရှိသူတွေအတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်စေပါတယ်။

Depth ကြွယ်ဝတဲ့ scent profile ဖြစ်ပေမယ့် Pegasus ဟာ ပူပြင်းတဲ့ရာသီဥတုမှာလည်း aircon ရှိတဲ့အခန်းမှာ သုံးလို့ကောင်းတာကြောင့် တစ်နှစ်ပတ်လုံး သုံးလို့ရတဲ့ luxury fragrance တစ်မျိုးပါ။

Pegasus မှာ creamy almond နဲ့ vanilla notes တွေပါပေမယ့် ပူတဲ့ရာသီမှာ လေးလံပြီး နှာခေါင်းပိတ်စေတဲ့အနံ့မျိုးမဟုတ်ပါဘူး။ သူ့ရဲ့ powdery freshness နဲ့ heliotrope note က ပေါ့ပေါ့ပါးပါးဖြစ်တာမို့ အနံ့ကို ပိုမိုလန်းဆန်းစေပါတယ်။ အောက်ခြေမှာပါတဲ့ sandalwood နဲ့ amber တို့က အနံ့ကို ပိုမိုသပ်ရပ်ပြီး ချိုလွန်းတာ၊ ပျင်းစရာဖြစ်တာမျိုးမရှိစေပါဘူး။

Pegasus ဟာ niche fragrance တစ်မျိုးဖြစ်တာကြောင့် ဈေးနှုန်းနည်းနည်းလေးမြင့်ပေမယ့် Casual ဖြစ်ဖြစ် Formal ဖြစ်ဖြစ်၊ ရုံးသွားရင်ဖြစ်ဖြစ်၊ Date ထွက်ရင်ဖြစ်ဖြစ် သုံးလို့ရပြီး သူ့ရဲ့အရည်အသွေးနဲ့ performance တို့က value for money ဖြစ်စေပါတယ်။

Parfums de Marly Pegasus ဟာ လူအများနဲ့မတူတဲ့ ခမ်းနားပြီး ယုံကြည်မှုရှိစေတဲ့ fragrance တစ်မျိုးဖြစ်ပါတယ်။ Almond, vanilla နဲ့ woods တွေကို လှပအောင် blend လုပ်ထားတဲ့ luxury ရနံ့ ကသုံးထားတဲ့သူကို ပိုမိုလေးနက်ပြီး ဆွဲဆောင်မှုရှိစေမှာပါ။

https://www.yangonbrandedperfume.com/product-page/parfums-de-marly-pegasus-edp-perfume-for-men-refill-set-10ml-x-3pcs

Made in France

Imported from USA

Parfums De Marly Pegasus Refill Set (10ml x 3pcs)

K385,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page