Parfums de Marly ရဲ့ 2025 New Release ဖြစ်တဲ့ Castley Perfume အကြောင်း Review လေး ရေးပေးလိုက်ပါတယ်။
ဒီရေမွှေးက Parfums de Marly (PdM) ရဲ့ fresh scent line (Sedley, Greenley, Percival တို့လိုမျိုး) ထဲမှာ အသစ်ထပ်တိုးလာတဲ့ member အသစ်တစ်ခုပါ။ သူ့ရဲ့ အဓိက theme ကတော့ "Fresh, Spicy & Woody" ဖြစ်ပါတယ်။ ရနံ့အားဖြင့် "Classic Fougere Cologne" ပုံစံကို modern ဖြစ်အောင် ပြန်ဆန်းသစ်ထားတဲ့ vibe မျိုးပါ။
🌿 စစချင်းဖြန်းလိုက်တာနဲ့ bergamot (ရှောက်ခါးသီး) ရဲ့ citrus ဆန်ဆန် လန်းဆန်းမှုနဲ့အတူ ginger (ဂျင်း)၊ black pepper ရနံ့တွေ ရောထွက်လာပါတယ်။ ဒါကြောင့် ရိုးရိုး fresh ဖြစ်တာမျိုးမဟုတ်ဘဲ နည်းနည်းစူးပြီး energy ရှိတဲ့ fresh fpicy ပုံစံမျိုး ခံစားရပါလိမ့်မယ်။
🌿 ခဏနေရင် neroli နဲ့ petitgrain လိုမျိုး soapy ဖြစ်တဲ့၊ သန့်ရှင်းတဲ့ ပန်းနံ့ဖျော့ဖျော့လေးတွေ ထွက်လာတယ်။ ပြီးတော့ Timur Pepper ရဲ့ grapefruit ဆန်ဆန် စပ်ရှိန်းရှိန်းအနံ့က ဒီရေမွှေးကို ပိုပြီး unique ဖြစ်စေတယ်။
🌿 Dry Down မှာတော့ Akigalawood လို့ခေါ်တဲ့ သန့်ရှင်းပြီး ငြိမ်တဲ့ သစ်သားနံ့က အဓိကမင်းသားပါပဲ။ Benzoin နဲ့ labdanum တို့ပါလို့ နည်းနည်း warm ဖြစ်ပြီး တည်ငြိမ်တဲ့ woody amber အနံ့နဲ့ ပြီးသွားပါတယ်။
ဘယ်လိုပုံစံလဲဆိုတော့ Louis Vuitton Imagination ရဲ့ Citrus/Ginger အဖွင့်ကို ယူပြီး Bois Impérial ရဲ့ Akigalawood အောက်ခံနဲ့ ပေါင်းစပ်ထားသလိုမျိုးလို့ ပြောနိုင်ပါတယ်။ "Old Money" vibe၊ သန့်ရှင်းသပ်ရပ်ပြီး လူကြီးလူကောင်းဆန်တဲ့ အနံ့မျိုးပါ။
❣️ Longevity က Fresh Scent တွေထဲမှာဆိုရင် မဆိုးဘူးလို့ ပြောလို့ရပါတယ်။ အသားအရေပေါ်မူတည်ပြီး 6 နာရီဝန်းကျင်လောက် ခံပါတယ်။ (Parfums de Marly ရဲ့ freshie တွေက ယေဘုယျအားဖြင့် အရမ်းကြီး beast mode မဟုတ်ပါဘူး)။
❣️ Projection က ဟိုဘက်ဒီဘက် တရပ်ကွက်လုံး မွှေးတာမျိုးမဟုတ်ဘဲ ကိုယ့်နားတဝိုက်မှာ တံတိုင်းကာထားသလို မွှေးနေမယ့် scent bubble ပုံစံမျိုးပါ။ ရုံးခန်းထဲ၊ meeting ခန်းထဲမှာ သုံးရင် သူများကို အနှောင့်အယှက်မဖြစ်စေဘဲ ယဉ်ယဉ်လေးနဲ့ လူရာဝင်စေမယ့် အနံ့မျိုးပါ။
❣️ မြန်မာနိုင်ငံရာသီဥတုနဲ့ဆိုရင် ပူတဲ့ရာသီနဲ့ နေ့ခင်းဘက် (fay time) သုံးရင် ပိုလိုက်ဖက်ပါတယ်။
❣️ Dress code မှာ smart casual ကနေ formal အထိ အဆင်ပြေတယ်။ အလုပ်သွား၊ ကျောင်းသွား၊ gym ဆော့တဲ့အချိန်ကအစ သုံးလို့ရတဲ့ versatile ဖြစ်တဲ့ ရေမွှေးပါ။
✅ အားသာချက်
// Safe blind buy ဖြစ်တယ် (လူတိုင်းကြိုက်နိုင်တဲ့ အနံ့မျိုး)
// Mass pleasing ဖြစ်လို့ compliment ရဖို့လွယ်တယ်
// အရမ်းလန်းဆန်းပြီး သန့်ရှင်းတဲ့ feel ကိုပေးတယ်
❌ အားနည်းချက်
// Price Point က နည်းနည်းမြင့်တယ် (Niche brand မို့လို့ ဈေးကြီးပါတယ်)
// အနံ့က အရမ်းကြီး ထူးခြားဆန်းပြားနေတာမျိုးတော့ မဟုတ်ဘူး။
🎁 Parfums de Marly Castley ဟာ ကိုယ်က Sedley တို့ Greenley တို့ကို ကြိုက်တယ်၊ ဒါပေမဲ့ အဲ့ဒါတွေနဲ့မတူတဲ့ နောက်ထပ် Fresh Option တစ်ခုလိုချင်တယ်ဆိုရင် စမ်းကြည့်သင့်ပါတယ်။ Bois Impérial လိုမျိုး woody note ကို ကြိုက်ပြီး နည်းနည်းပို citrus ဆန်တာမျိုး လိုချင်ရင် ဒါက အဖြေပါပဲ။
Parfums de Marly Castley Eau de Parfum for Men 125ml - K 879,000 (In stock)
Made in France
Sealed original retail packaging
Rating: 8/10 (Safe, Classy)
Official website -
https://www.yangonbrandedperfume.com/product-page/pdm-castley
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
MMK 879,000Price
bottom of page
