top of page

လူကြီးလူကောင်းဆန်တဲ့ Executive တစ်ယောက်ရဲ့ ရနံ့ - Parfums de Marly Haltane

​လုပ်ငန်းခွင်မှာရော၊ ပွဲလမ်းသဘင်တွေမှာပါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ စမတ်ကျနေစေမယ့် niche ရေမွှေးကောင်းတစ်ခုအကြောင်း ပြောပြချင်ပါတယ်။ ဒါကတော့ ပြင်သစ် Luxury Brand ဖြစ်တဲ့ Parfums de Marly က ထုတ်လုပ်ထားတဲ့ Haltane Eau de Parfum ပါ။

​Top Notes

​Haltane ကို စဖြန်းဖြန်းချင်းမှာ Lavender နဲ့ ပညာရှိပန်း Clary Sage တို့ရဲ့ သန့်ရှင်းလတ်ဆတ်တဲ့ရနံ့ကို အရင်ဆုံးရပါမယ်။ တချို့ရေမွှေးတွေလိုမျိုး အလွန်အကျွံ မွှေးနေတာမျိုးမဟုတ်ဘဲ သိမ်မွေ့ပြီး ယုံကြည်မှုရှိတဲ့ ခံစားမှုကိုပေးပါတယ်။ ရုံးသွားဖို့ meeting တက်ဖို့ အဆင်သင့်ဖြစ်သွားစေတဲ့ professional ဆန်တဲ့ fresh ဖြစ်မှုကို ချက်ချင်းခံစားရပါလိမ့်မယ်။

​Heart Notes

​၁၅ မိနစ်၊ မိနစ် ၂၀ လောက်ကြာသွားတဲ့အခါ တော်ဝင်နံ့သာလို့တင်စားကြတဲ့ Saffron ရဲ့ ထူးခြားပြီး မွှေးနွေးတဲ့ရနံ့နဲ့ Praline လို့ခေါ်တဲ့ ချောကလက်အချိုမုန့်ရဲ့ရနံ့ သင်းသင်းလေးကို ခံစားရမှာပါ။ ဒီရနံ့နှစ်ခုပေါင်းစပ်လိုက်တဲ့အခါမှာတော့ တခြားဘယ်သူနဲ့မှမတူတဲ့ ဆွဲဆောင်မှုရှိပြီး luxury ဆန်တဲ့ ခံစားချက်ကိုရစေပါတယ်။ အရမ်းကြီး ချိုမနေဘဲ Saffron ရဲ့ ခပ်စပ်စပ်ရနံ့လေးက ထိန်းပေးထားတော့ လူကြီးလူကောင်းဆန်ပြီး အရမ်းကို Elegant ဖြစ်ပါတယ်။

​Base Notes

​နာရီအနည်းငယ်ကြာပြီးနောက်မှာတော့ Haltane ရဲ့ bsse ရနံ့တွေဖြစ်တဲ့ Oud နဲ့ Cedarwood ရနံ့တွေက နေရာယူလာပါပြီ။ Oud ဆိုတာနဲ့ လန့်သွားဖို့မလိုပါဘူး။ Haltane မှာပါတဲ့ Oud က မျက်နှာပျက်လောက်အောင် ပြင်းတဲ့ Oud မဟုတ်ပါဘူး။ အနောက်တိုင်းစတိုင်လ်နဲ့ ပေါင်းစပ်ထားတဲ့အတွက် ခေတ်မီပြီး သုံးရလွယ်ကူတဲ့ Initio Oud for Greatness မှာပါတဲ့ woody ရနံ့မျိုးပါ။

တစ်နေကုန် ခန္ဓာကိုယ်မှာ စွဲကျန်နေမယ့် ဒီရနံ့က ကိုယ့်ကို ပိုပြီး ရင့်ကျက်တည်ငြိမ်တဲ့ ပုံစံမျိုးဖြစ်စေပြီး ကိုယ်နဲ့စကားပြောတဲ့သူတွေကို ကောင်းမွန်တဲ့ impression ကျန်ရစ်စေမှာ အသေအချာပါပဲ။

​Longevity & Sillage

​Performance ပိုင်းမှာတော့ Haltane က လုံးဝထိပ်တန်းပါ။ အဝတ်အစားပေါ်မှာဆို တစ်နေကုန် မွှေးနေပြီး Sillage (ကိုယ်ဖြတ်သွားရင် ကျန်ခဲ့တဲ့ ရနံ့) ကလည်း အနေတော်ပါပဲ။ ကိုယ့်အခန်းထဲဝင်လာရင်တော့ မွှေးနေတာသိသာတယ်၊ ဒါပေမဲ့ တစ်ခန်းလုံးကို ထုံသွားအောင် မွှေးတာမျိုးမဟုတ်တော့ professional setting တွေနဲ့ အရမ်းအဆင်ပြေပါတယ်။

​ဘယ်လိုအချိန်၊ ဘယ်လိုနေရာတွေနဲ့ လိုက်ဖက်သလဲ?

​Haltane က တော်တော်လေး classy ဖြစ်တဲ့ အနံ့ဖြစ်ပါတယ်။

​Boardroom Meeting - အရေးကြီးတဲ့ အစည်းအဝေးတွေမှာ ကိုယ့်ရဲ့ Image ကို မြှင့်တင်ပေးပါတယ်။

​Business Dinner - ညစာစားပွဲတွေ၊ လုပ်ငန်းရှင်တွေနဲ့တွေ့ဆုံပွဲတွေမှာ ဆွဲဆောင်မှုအပြည့်ရှိစေပါတယ်။

​Formal Event - မင်္ဂလာဆောင်တွေ၊ Gala Dinner တွေနဲ့လည်း လိုက်ဖက်ပါတယ်။

​Signature Scent - ကိုယ့်ရဲ့ ကိုယ်ပိုင်ရနံ့ (Signature Scent) အဖြစ်နေ့စဉ်သုံးမယ်ဆိုရင်လည်း လူတွေက ကိုယ့်ကို ဒီရနံ့လေးနဲ့ မှတ်မိနေမှာပါ။

​Parfums de Marly Haltane က niche ရေမွှေးဖြစ်လို့ သူ့ရဲ့ boutique price က 125ml ကို USD 400 ဖြစ်ပြီး အခုလို့ အရမ်းတန်တဲ့ discount ဈေးနဲ့ရရင်တောင်မှ ဈေးနည်းနည်းမြင့်ပေမယ့် သူ့ရဲ့အရည်အသွေး၊ Performance နဲ့ ထူးခြားတဲ့ရနံ့ကြောင့် ရင်းနှီးမြှုပ်နှံရတာ တန်တဲ့ ရေမွှေးတစ်ခုပါ။

အောင်မြင်နေတဲ့ လုပ်ငန်းရှင်တစ်ယောက်၊ executive တစ်ယောက်ရဲ့ image ကို အကောင်းဆုံး ပံ့ပိုးပေးနိုင်တဲ့ ခေတ်မီတယ်၊ တည်ငြိမ်တယ်၊ ဆွဲဆောင်မှုရှိတယ်၊ ပြီးတော့ luxury ဖြစ်တယ်။ ဒါတွေအားလုံးကို Haltane တစ်မျိုးတည်းနဲ့ ရနိုင်ပါတယ်။

# Parfums de Marly Haltane Eau de Parfum 125ml Tester Packaging (No Box)

# Price - K 830,000

# Made in France

# Ready in stock

Official website -

https://www.yangonbrandedperfume.com/product-page/pdm-haltane-tester-packaging

Parfums de Marly Haltane 125ml Tester Packaging (No Box)

K830,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page